မင်္ဂလာပါ။
ရွှေညဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။
တိုးတက်ပြောင်းလဲမှုတွေနဲ့ ခေတ်မှီတာကြောင့် ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်က နိုင်ငံတိုင်းအတွက် စံနမူနာနိုင်ငံတစ်ခုဖြစ်တယ်လို့ ဆိုရရင်လွန်မယ်မထင်ပါဘူး။
ဂျပန်နိုင်ငံကို သွားလည်တဲ့အခါမှာ သူတို့နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကို ကြည့်ပြီး အံ့မခန်း ဖြစ်သွားစေမှာ အမှန်ပါပဲ။
ဂျပန်နိုင်ငံ ရဲ့ ခေတ်မှီတိုးတက်ချက်က ဂျပန်လူမျိုးတွေက ၃၀၂၁ ခုနှစ်မှာ နေနေတယ်လို့တောင်ထင်ရပါတယ်။
ဒီအတွေးတွေကို မှန်ကန်တယ်လို့ ပိုပြီး သက်သေပြနိုင်တဲ့ သူတို့ရဲ့ တီထွင်ဖန်တီးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။
(ယခုဖော်ပြပါအကြောာင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
စပါးစိုက်ပျိုးခြင်းကိုတောင် အများသူဌာ အံအားသင့်ရလောက်အောင် စိုက်ပျိုးနိုင်ကြပါတယ်။
လယ်ကွင်းကြီးကို ကြည့်လိုက်တဲ့အခါမှာ လူပုံစံတွေအဆောက်အဦးပုံစံတွေ ပုံဖော်နိုင်ဖို့အတွက် မတူညီတဲ့ စပါးအမျိုးအစားတွေကို အစဉ်အတိုင်း စိုက်ပျိုးရတာဖြစ်ပါတယ်။
(၂)
ခွေးလေးတွေကို အမွှေးညှပ်ပေးတယ်ဆိုတာက မထူးဆန်းပေမယ့် ဂျပန်နိုင်ငံမှာတော့ အရာရာ ထူးဆန်းနေတာက အလေ့အထလိုဖြစ်နေပါပြီ။
ခွေးအမွှေးကိုတောင် ထောင့်ကျအောင် ညှပ်ပေးတာက ခေတ်စားပါတယ်။
(၃)
ကျည်ဆံရထားဆိုတာနဲ့ ဂျပန်နိုင်ငံမှာရှိတယ်ဆိုတာ လူတိုင်းသိကြမှာပါ။
ဒီလို ပုံရိပ်တွေကို ပိုမြှင့်တင်နိုင်ဖို့အတွက် ဖိနပ်ဒီဇိုင်းတွေကိုတောင်ကျည်ဆံရထားပုံဖော်ကြတာပဲဖြစ်ပါတယ်။
(၄)
အချိန်နဲ့အမျှ လှုပ်ရှားသွားလာနေသူတွေအတွက်လည်း ဆိုင်ကြီးတွေကို တကူးတက ရှာနေစရာမလိုဘဲ လွယ်ကူသက်သာအောင် လမ်းဘေးတွေမှာ McDonald’s ဆိုင်သေးသေးလေးတွေ ဖွင့်လှစ်ထားကြပါတယ်။
(၅)
သခွားမွှေးသီးကိုတောင် ဒီအတိုင်းရောင်းချရတာ ရိုးရှင်းတယ်လို့ ယူဆထားကြပုံရပါတယ်။
ဒါကြောင့် သင့်အနေနဲ့ သခွားမွှေးသီးမှာ ကိုယ်ကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ပုံ ဖော်ထားတာမျိုးကို ရွေးချယ်ဝယ်ယူလို့ရအောင် စီစဉ်ထားပေးကြပါတယ်။
(၆)
ခရီးဆောင်အိတ်ပြန်ရွေးဖို့အတွက် ထားပေးတာခြင်းအတူတူ ဒီလေဆိပ်ကတော့ အစီအစဉ်အကျဆုံးပါပဲ။
အိတ်တွေကို ပြီးစလွယ် ထည့်ပေးလိုက်တာမျိုးမဟုတ်ဘဲ လက်ကိုင်နေရာကို အပေါ်ဘက်မှာ ထားပေးထားပြီး အလွယ်တကူ ယူလိုက်လို့ရအောင်ကို စီစဉ်ပေးထားတာပါ။
(၇)
စောင့်ကြည့်မယ့်သူ မရှိတဲ့ စတိုးဆိုင်လေး…
စတိုးဆိုင်မှာရှိတဲ့ ပစ္စည်းတွေကို ဝယ်ချင်ရင်တော့ ကိုယ်လိုချင်တာကို ယူလိုက်ပြီး ကျသင့်တဲ့ ငွေကြေးကိုတော့ ပုလင်းလေးထဲ ထည့်ပေးခဲ့ရမှာပဲဖြစ်ပါတယ်။
(၈)
တစ်ကိုယ်တည်းခဏတာ အနားယူအိပ်စက်ဖို့အတွက် ဆိုရင်
ဂျပန်နိုင်ငံမှာ ဒီလိုအခန်းငယ်လေးတွေရှိတဲ့ ဟိုတယ်တွေလည်းရှိပါသေးတယ်။
(၉)
ကမ္ဘာပေါ်မှာ အကြီးဆုံးစာရင်းဝင် ပင်လယ်ကမ်းခြေတု..
ပင်လယ်ကမ်းခြေကိုသွားလည်ချင်ပေမယ့် အချိန်မပေးနိုင်ဘူးဆိုတဲ့ သူတွေအတွက် တော့ ခဏတဖြုတ်အနားယူဖို့အတွက် အဆင်ပြေလောက်မယ်။
(၁၀)
များသောအားဖြင့် သန့်စင်ခန်းတွေမှာ လက်ဆေးဖို့အတွက် လက်ဆေးကန်ကို နေရာပေးပြီး တည်ဆောက်ထားရပါတယ်။
ဂျပန်နိုင်ငံ က သန့်စင်ခန့်တစ်ချို့မှာတော့ လက်ဆေးကန် ဆီ သပ်သပ်သွားစရာမလိုတော့ဘဲ အိမ်သာနဲ့တင်တွဲပြီး ဖန်တီးပေးထားပါတယ်။
(၁၁)
သန့်စင်ခန်းတစ်ခုအတွက်တောင် များပြားသောလုပ်ဆောင်ချက်တွေနဲ့ အချိန်ပေးပြီး ဖန်တီးကြတာပဲနော်…
ဒါမျိုးမှ အရာရာ တိုးတက်တယ်ခေါ်ရမလား..
(၁၂)
ကလေးမေမေတွေ သန့်စင်ခန်းထဲ ဝင်တဲ့အခါမှာ ကလေးကို ခေါ်လို့မရ ထားခဲ့လည်းမရနဲ့ ဒုက္ခများလွန်းပါတယ်။
ဒီအချက်ကိုတော့ ဂျပန်တွေက အများသုံးသန့်စင်ခန်းတွေမှာ ကလေးထိုင်လို့ ရတဲ့ ခုံလေးတွေကို တပ်ဆင်ပေးထားပြီး ဖြေရှင်းပေးထားပါတယ်နော်။
(၁၃)
ဂျပန်နိုင်ငံက စတိုးဆိုင်အဆောက်အဦးတွေမှာထားထားတဲ့ ဓာတ်လှေကားမှာတောင် ဝန်ဆောင်မှုပေးဖို့အတွက် ဝန်ထမ်းတွေကို ခန့်ထားကြပါတယ်။
လွယ်ကူသက်သာလိုက်တဲ့ အကြံညဏ်ပါပဲ။
(၁၄)
ကြော်ညာနဲ့ ကုန်ပစ္စည်းမတူဘဲ ဂျင်းမိတာမျိုး
ဂျပန်နိုင်ငံမှာ လုံးဝကြုံတွေ့ရမှာမဟုတ်ပါဘူး။
(၁၅)
ဟိုတယ်ကို လာရောက်တဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးဖို့အတွက် လူအစစ်တွေကို လုံးဝမသုံးဘဲ စက်ရုပ်တွေကို အသုံးပြုထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။
သင့်အနေနဲ့ စက်ရုပ်တွေက ဘယ်လိုဝန်ဆောင်မှုမျိုးတွေ ပေးမလဲဆိုတာ မြည်းစမ်းချင်ရင်တော့ သွားကြည့်သင့်တာပဲ။
(၁၆)
၃ ဘလောက် အကွာအဝေးမှာရှိတဲ့ နေရာတစ်ခုကို သွားချင်တာနဲ့ ရဲစခန်းထဲဝင်ပြီး လမ်းပြပေးဖို့အကူအညီတောင်းခဲ့တာပါ။
ရဲအရာရှိက အဲ့ဒီနေရာကိုရောက်ဖို့အတွက် ရှင်းလင်းသေသပ်တဲ့ လမ်းညွှန်မြေပုံကို ကိုယ်တိုင်ပဲ ရေးဆွဲပေးခဲ့ပါတယ်။
(၁၇)
ပိုက်ဆံထည့်လိုက်တာနဲ့ လိုချင်တဲ့ ပစ္စည်းအော်တို ထွက်ကျပေးတဲ့ စက်မျိုးတွေက ဂျပန်နိုင်ငံရဲ့ လမ်းတိုင်းမှာရှိပါတယ်။
လိုချင်တဲ့ စားသောက်ကုန်၊ကြက်ဥ၊အသီးအရွက်စတာတွေအပြင် ရောဂါ ကာကွယ်ဖို့အတွက် မက်စ်တွေတောင် လိုအပ်သလို ရနိုင်ပါတယ်။
(၁၈)
စားသောက်ကုန်တွေတင် စက်ကရောင်းချတာမဟုတ်ပါဘူး။
ပိုက်ဆံထည့်လိုက်တာနဲ့ ထီးကိုလည်း ဝယ်နိုင်ပါတယ်နော်။
(၁၉)
အရက်ဘူးတွေကို ရောင်းချတဲ့အခါမှာလည်း မျက်စိမမြင်တဲ့သူတွေ သိနိုင်ဖို့အတွက်
အဖုံးနေရာမှာ မျက်မမြင်စာလေးတွေပါ ထိုးပေးထားတာပါ။
(၂၀)
ဂျပန်နိုင်ငံမှာ အစစအရာရာ အသစ်အဆန်းတွေ မြည်းကြည့်နိုင်ပါတယ်။
အထူးသဖြင့် ရေခဲမုန့်ကတော့ခွက်ကိုတောင် ငါးပုံစံမျိုး ဖန်တီးထားတာကို တောင်စားနိုင်ပါတယ်။
(၂၁)
တကယ်လို့ ဘာကိုမဆို စမ်းသပ်စားရဲတယ်ဆိုရင် ဂျပန်နိုင်ငံမှာ အမည်းရောင် အားလူးကြော်တွေလည်းရှိပါတယ်နော်..
အမြင်အရတော့ ထူးဆန်းနေတာအမှန်ပါပဲ။
(၂၂)
ကားပါကင်ရှာမရလို့ ကားရပ်စရာနေရာမရှိဘူးဆိုတဲ့ ပြသာနာတွေလည်း ဂျပန်နိုင်ငံမှာ မရှိပါဘူးနော်..
သူတို့နိုင်ငံ မှာ ဒီပြသာနာအတွက် တီထွင်ဖန်တီးမှုအသစ်တွေနဲ့ ဖြေရှင်းပြီးထားပါပြီ။
(၂၃)
ဂျပန်နိုင်ငံမှာဆိုရင် ကမ္ဘာကျော် မုန့်ဖြစ်တဲ့ KitKat ကို
အရသာမျိုးစုံနဲ့ စားနိုင်အောင် ထုတ်ပေးထားပါတယ်။
(၂၄)
ဆေးလိပ်သောက်တတ်တဲ့သူတွေအတွက် ဆေးလိပ်သောက်ခွင့်ပြုတဲ့နေရာသီးသန့်ရှိသလို
ဆေးလိပ်ပြာတွေကိုလည်း စည်းကမ်းရှိရှိ စွန့်ပစ်လို့ရအောင် နေရာတကာ သယ်သွားလို့ ရတဲ့ ဆေးလိပ်ပြာအိတ်လေးတွေကို ဖန်တီးထုတ်လုပ်ပေးထားတာနော်..
(၂၅)
အကောင်းဆုံးသော ဝန်ဆောင်မှုတွေကို ဂျပန်နိုင်ငံမှာ ခံစားနိုင်ပါတယ်။
ပုံထဲမှာဆိုရင် ဘတ်စ်ကား ဒရိုင်ဘာဟာ မိုးရွာနေတာကြောင့် ခရီးသည်တွေ ကားပေါ်က ဆင်းဆင်းချင်း ရေစိုမှာစိုးရိမ်လို့ ခုလိုမျိုး တံခါးအဝမှာ ထီးမိုးပေးထားတာပါ.
(၂၆)
ရေစိုနေတဲ့ထီးတွေကို အထဲယူခွင့်မပြုတဲ့နေရာတွေမှာ ထားခဲ့ရင်လည်း ကိုယ့်ထီးကို သူများယူသွားမှာ စိုးရိမ်ရတယ်လေ..
ဒီပြသာနာကိုတော့ ထီးချိတ်လို့ရတဲ့အပြင် ထီးကိုပါ သော့ခတ်ခဲ့လို့ရမယ့် ဖန်တီးမှုတစ်ခုနဲ့ ဖြေရှင်းနိုင်ပါတယ်။
(၂၇)
အလင်းထဲမှာ ကြည့်ရင် ပထမပုံထဲကအတိုင်း မြင်ရမှာဖြစ်ပြီး
အမှောင်ထဲရောက်ရင် နေ့ဘက်မှာ မမြင်ရတဲ့ အပိုင်းပါ လင်းလာပြီး ညာဘက်ကပုံထဲကလို မြင်တွေ့ရမှာပါ။
(၂၈)
စမတ်ဘရာလို့ ခေါ်တဲ့ အမျိုးသမီးဘရာဟာ ဝတ်ဆင်ထားသူရဲ့ စိတ်ခံစားမှုကို သိရှိပြီး
ထိုအမျိုးသမီးတကယ်သဘောကျလက်ခံသူမှသာ အလွယ်တကူ ချွတ်လို့ရမှာပဲဖြစ်ပါတယ်။
(၂၉)
အလုပ်ပင်ပန်းလို့ ရထားပေါ်မှာတင် အိပ်ငိုက်တတ်သူတွေ
ခေါင်းတွေ ဇာတ်ကြောတွေ မနာရအောင် ဒီဦးထုပ်လေးဆောင်းပြီး အိပ်ငိုက်ကြနော်…
(၃၀)
ဂျပန်တွေ တီထွင်ထားသမျှ ဖန်တီးမှုတချို့ကလည်း အကြောင်းပြချက်ရေရေရာရာမရှိဘဲ ရယ်စရာကောင်းနေတတ်ပါတယ်။
ဒါပေမယ့် သေချာတာကတော့ သူတို့က ခေတ်ရှေ့ပြေးတီထွင်သူတွေဖြစ်ပြီး ဖန်တီးနိုင်စွမ်းအပြည့်ရှိသူတွေဆိုတာပါ။
ဂျပန်တို့ရဲ့ တီထွင်ဖန်တီးမှုတွေထဲက ပရိသတ်တို့ကို အံ့အားသင့်စေတဲ့ ဖန်တီးမှုလက်ရာတွေရှိရင် ပြန်ပြောပြပေးခဲ့အုံးနော်..
Written By Yoshi (Shwe Nyan Shin)
Ref:Brightside