မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဘယ်လိုအချိန်မှာမဆို ဓာတ်ပုံရိုက်လိုက်တိုင်း လှနေတဲ့ သူတွေကို မြင်ဖူးကြမှာပါ။
သူတို့ရဲ့ ဓာတ်ပုံတွေကိုကြည့်လိုက်ရင် အမြဲတမ်းအထာကျနေအောင်ကို ဓာတ်ပုံစားကြတယ်လို့ ဆိုရမှာပါ။
ဘယ်သူမှလိုက်မမှီနိုင်အောင် အလှဆုံးဓာတ်ပုံတွေကို ရိုက်နိုင်ခဲ့ကြတဲ့ ဓာတ်ပုံစားလွန်းကြသူတွေကိုဖော်ပြပေးလိုက်တယ်နော်။
(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
မွေးမွေးချင်း မေမေ့ဗိုက်ထဲက ထွက်ခါစမှာတင် ရိုက်လိုက်တဲ့ ဓာတ်ပုံလေ..
ခုမှမွေးကာစလေးဆိုပေမယ့် ကင်မရာချိန်လိုက်တာနဲ့ ပိုစ့်ကပေးတတ်နေပြီ။
(၂)
ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေး လိုချင်တာလား…
နိုးပါနော်။ ကိုယ်တွေက စတိုင်ကျတဲ့ ပိုစ့်ပဲပေးတတ်တာ။
(၃)
စိတ်လွတ် လက်လွတ် ပျော်တယ်ဆိုတာဒါမျိုး…
မကြာခင်တော့ သူမခေါင်းကို လာမှန်တော့မယ်။
(၄)
အမျိုးသမီးတွေဆိုတာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အလှဆုံးဓာတ်ပုံလိုချင်ကြပါတယ်။
ဥပမာ ဒီအမျိုးသမီးလိုပေါ့..သေနတ်မှန်ထားပေမယ့်လည်း ပြုံးပြုံးလေးဓာတ်ပုံရိုက်မှ လှတာကိုး..
(၅)
ဓာတ်ပုံစားချက်ကြီးက များသွားပြီ။
ကိုင်ပေါက်ခံနေရတာတောင် စမတ်ကျလွန်းနေတယ်။
(၆)
ရာဇဝတ်မှုမှတ်တမ်း ဓာတ်ပုံရိုက်တာတောင် ဒီလောက်ခန့်ညားနေမှတော့ ကောင်မလေးတွေ မကြွေဘဲ နေမလား..
ကြည့်ရတာ သူလည်း မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်နေတယ်လို့များထင်နေလားမသိဘူး။
(၇)
မီးလျှံတွေကြားမှာ အနိုင်ရအောင် ပြေးနေရတာတောင်မှ
သူပုံစံက စိတ်ပူပုံမရဘူးနော်။
(၈)
ဒီမှာလည်း နောက်တစ်ယောက်..
သူဆိုရင် ပျော်ရွှင်ဝမ်းသာနေတဲ့ပုံ..
(၉)
လက်တွေ့အပြေးပြိုင်ပွဲတွေမှာ နိုင်ဖို့အတွက် အသဲအသန်ပြေးနေရတော့ မျက်နှာတွေက ရှုံ့မဲ့နေကြမှာပဲ။
ဒါပေမယ့် ပုံထဲက အမျိုးသားကတော့ လှလှပပကို ပြုံးနေတာ..
(၁၀)
ဒီလောက်ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတာတောင် ပိုစ့်ပေးမပျက်ဘူးနော် ..ဦးရဲကြီး။
ဒီဓာတ်ပုံကို အထက်လူကြီး ကိုပြန်ပြလိုက်ရမလား…
(၁၁)
ကိုယ့်ကို ရဲတွေက ချုပ်ပြီး ဖမ်းသွားလည်းသတင်းတွေထဲပါမယ်ဆိုရင်
ဓာတ်ပုံရိုက်နေရင်တော့ လှအောင်နေလိုက်ပါ။
(၁၂)
ပြိုင်ပွဲက နိုင်ခါနီးနေပြီ။ အာရုံစိုက်စရာမလိုဘူး။
အဓိက က နက်ဖြန် တက်မယ့် သတင်းမှာ ကိုယ့်ဓာတ်ပုံက လှလှလေးပါဖို့ အရေးကြီးတယ်မလား။
(၁၃)
ကိုယ်သဘောကျတဲ့ အနုပညာရှင်နဲ့ အပြင်မှာတွေ့ဆုံရရင် ဘယ်သူမဆို အရမ်းပျော်ကြမှာပါပဲ။
လူအများကြားက အချိန်လုပြီး ရိုက်ရတဲ့ ဓာတ်ပုံတွေထဲမှာတော့ ဒီဓာတ်ပုံက အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။
(၁၄)
အဖေတူသားလေးလေ..
(၁၅)
ဘယ်လိုအခက်အခဲတွေ ကြုံနေရပါစေ..
အလှဆုံးဓာတ်ပုံရဖို့အတွက် သူ့လိုမျိုး ပို့စ်အဆင်သင့်ပေးတတ်အောင် လေ့ကျင့်ထားသင့်တယ်နော်။
(၁၆)
မော်ဒယ်တွေ အလှဓာတ်ပုံရဖို့အတွက် ပြင်ဆင်ရတာလောက်ကတော့ ပုံထဲကအမျိုးသမီးက ပျင်းတာပေါ့..
သူကပြောလောက်တယ်။ ကိုယ့်လိုမျိုး ရေလွှာလျှောစီးနေရင် ဓာတ်ပုံလှလှလေးရအောင် ရိုက်ကြည့်ပါလား..ရူးတောင်သွားအုံးမယ်တဲ့။
(၁၇)
မင်း ဇွတ်လုပ်မနေနဲ့အုံး..ဟိုမှာ ဓာတ်ပုံလှမ်းရိုက်နေတယ်။
ပြီးမှ ဆက်ပြိုင်ကြတာပေါ့ကွာ..
(၁၈)
ရိုလာကိုစတာ စီးရင် အသဲအေးပြီး ကြောက်ဖို့ကောင်းတယ်ဆိုတာ လူတိုင်းအသိပါပဲ။
ပုံထဲက အမျိုးသားကတော့ သူများတွေနဲ့ မတူခဲ့ပါဘူး။ ခပ်မိုက်မိုက်စတိုင်နဲ့ အေးဆေးကိုဖြစ်နေတာပါ။
(၁၉)
မှော်ဆန်တဲ့ အခိုက်အတန့်လေး…
ဓာတ်ပုံကိုကြည့်ရတာ မြင်မြင်ချင်း ချစ်သွားကြတဲ့ သူတွေနဲ့တောင်မတူဘူးလား
(၂၀)
ချစ်စရာကောင်းလိုက်တဲ့ အပြုံးလေး…
သူ့ရဲ့ အပြုံးလေးနဲ့ လက်မထောင်နေတဲ့ ပိုစ့်ကိုမြင်ရဖို့အတွက် ကွတ်ကီးမုန့်တွေစီရီရယ်တွေပါသွားဖို့တော့လိုတာပါ။
(၂၁)
စူပါမော်ဒယ်တွေတောင် အရှုံးပေးသွားရလောက်မယ့်
အိမ်ခြေရာမဲ့ အမျိုးသားရဲ့ အကောင်းဆုံးသောဓာတ်ပုံ…
ပရိသတ်တို့လည်း ဓာတ်ပုံတွေကိုကြည့်ပြီးတော့ ကိုယ်ရဲ့ လျှပ်တစ်ပြတ်ဓာတ်ပုံတွေကိုလည်း အမိုက်စားတွေ ဖြစ်စေချင်နေကြပြီမလား..
ကိုယ်သဘောအကျဆုံးဓာတ်ပုံလေးတွေရှိရင်လည်း ပြောပြပေးခဲ့ပါအုံးနော်။
Written By Yoshi (Shwe Nyan Shin)
Ref:Brightside