မင်္ဂလာပါ။
သင်္ကေတရဲ့ ရွှေဉာဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။
တစ်ခါတလေမှာ ထင်မှတ် မထားလောက်အောင် တိုက်ဆိုင်မှုတွေကို ကြုံတွေ့ဖူးတာမျိုး ရှိပါသလား။
အကြောင်းအရာတိုက်ဆိုင်တာ၊ အဝတ်အစားတိုက်ဆိုင်တာမှအစ..ဘယ်လိုမှ သွေးသားမတော်စပ်ပါပဲနဲ့ ကိုယ့်ရုပ်နဲ့ တူတဲ့သူနဲ့ ပက်ပင်းတိုး တာမျိုးတွေကို ကြုံတွေ့ဖူးကြပါသလား။
အခုဖော်ပြမှာကတော့ ထူးဆန်းတဲ့တိုက်ဆိုင်မှုတွေကို ရိုက်ကူးမိထား တဲ့ ဓာတ်ပုံ၂၅ပုံအကြောင်းပဲ ဖြစ်ပါတယ်။
(ယခုအကြောင်းအရာသည် ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင် ဆက်ပေးခြင်း ဖြစ်ပါသည်။
(၁)
လန်ဒန်မြေအောက်ရထားပေါ်က မြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။ အမွှာညီအစ်မတွေ ဖြစ်နိုင်ပေမယ့် သတင်းစာကိုကြည့်နေတဲ့ ပုံစံကအစ ဒီလောက်ထပ်တူကျနေတာ အံ့သြဖို့ကောင်းလွန်းလှပါတယ်။
ဒီအခြေအ နေကြောင့်ပဲ ဓာတ်ပုံဆရာကလည်း အမြန်မှတ်တမ်းတင်ပြီး မျှဝေခဲ့တာ ဖြစ်ပါတယ်။
(၂)
ကဲဘယ်လို Cosplayမျိုးပါလိမ့်..ဂိမ်းဇာတ်ကောင်တွေနဲ့တူအောင် လိုက်ဝတ်တယ်ပဲ ကြားဖူးပါတယ်။
သူ့ကျမှ မီးသတ်ရေငုတ်နဲ့ တူအောင်လိုက်ဝတ်ရတယ်လို့။ တကယ်တော့ တိုက်ဆိုင်မှုတစ်ခုပါ။
တစ်ချို့တိုက် ဆိုင်မှုတွေက ရယ်စရာကောင်းသလို..တစ်ချို့တိုက်ဆိုင်မှုတွေကတော့ သင့်ကို အံ့သြမှုတွေ ဖြစ်စေမှာပါ။
(၃)
တိုက်တိုက်ဆိုင်ဆိုင် ကားသမားနှယ် ဒီဆိုင်းဘုတ်ရှိတဲ့နားမှာမှ လာမှောက်ရတယ်လို့။
ဒီလို ကားကိုမ မှောက် မှောက်အောင် ဂရုတစိုက်မောင်းတာ ကျေးဇူးတင်ပါတယ်ဆိုတဲ့သဘော သက်ရောက်သွားရှာပါတယ်။
(၄)
သက်ရှိ ပုစဉ်းလေးတစ်ကောင်က ပုစဉ်းပုံတက်တူးထိုးထားတဲ့ ခြေထောက်မှာ လာနားဖို့ဆိုတာ တော်ရုံ တန်ရုံ တိုက်ဆိုင်မှုမျိုးနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ဒါကလည်း ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ မှတ်တမ်းဝင်လောက်ပါရဲ့နော်။
(၅)
ဆရာမရဲ့ အဝတ်အစားနဲ့ ကော်ရက်ရှင်ပန်ရဲ့ အရောင်ထူးထူးခြားခြားတိုက်ဆိုင်နေတာကြောင့် ကျောင်း သားတွေက အမှတ်တရအနေနဲ့ ဓာတ်ပုံမှတ်တမ်းတင်ထားခဲ့တာပါ။
(၆)
ဘတ်စ်ကားပေါ်က အမျိုးသမီးလေးယောက်ရဲ့ ဆံပင်စတိုင်လ်လေးတွေက ထူးထူးခြားခြား အကုန်လုံး ကောက်ကောက်လိမ်လိမ်လေးတွေနဲ့ ပုံစံလေးတွေတူနေတာပါ။
ဆံပင်ကောက်ကောက်၊ ဖြောင့်ဖြောင့်မဆန်း ပေမယ့် ဒီလို ဆံပင်တွန့်တွန့်လေးတွေနဲ့ တစ်ပုံစံတည်းတူနေတာကတော့ ထူးခြားတဲ့တိုက်ဆိုင်မှုပါ။
ဒီ့ထက် ပိုပြီးထူးဆန်းတာကတော့ အဲဒီပုံကို ရိုက်ကူးတဲ့သူကလဲ ငါးယောက်မြောက်ဆံပင်ကောက်လေးပဲ ဖြစ်ပါတယ်။
(၇)
တကယ်တော့ သူရွေးချယ်မှာက ကာဗိုနိတ် အက်ဆစ်ကိုရွေးချယ်ရမှာပါ။
ဒီလိုဗူးပုံစံသာ မမြင်ရပဲ ခွက်နှစ် ခွက်သာချထားမယ်ဆိုရင်တော့ သူလည်းဘယ်လိုမှ ရွေးချယ်တတ်တော့မှာ မဟုတ်ပါဘူး။
(၈)
ကြောင်စာထုပ်မှာကြော်ငြာထားတဲ့ ကြောင်လေးနဲ့ အပြင်ကကြောင်လေးက ချွတ်စွပ်တူနေတာပါ။
သခင် ဖြစ်သူက အဲဒီအခါကျမှ သတိထားမိသွားပြီး ဓာတ်ပုံရိုက်တင်ခဲ့တာ ဖြစ်ပါတယ်။
(၉)
ဒီပုံကိုကြည့်ပြီး ခြားနားချက်များကို ရှာဖွေပါဆိုတဲ့ ငယ်ငယ်တုန်းက မတူတာတွေရှာရတဲ့ ဂိမ်းလိုလေး ခံစား မိစေမှာ ဖြစ်ပါတယ်။
(၁၀)
ပထမဆုံးအကြိမ် အမေရိကန်ကို လာလည်တာပါ..။
နယူးယော့ခ်က The Met မှာ တန်းစီနေတုန်း ဒီလို ဆံပင်အရောင်တူတဲ့အမျိုးသမီးနဲ့ တွေ့ခဲ့တာပါ။
အပြာရောင်ဆံပင်ဆိုတာ လူတော်တော်များများဆိုးလေ့မရှိပေမယ့် အဲဒီလို နှစ်ယောက်တူတူ တန်းစီမိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားပါဘူးလို့ ပြောခဲ့ပါတယ်။
(၁၁)
တကယ်တော့ပန်းတွေလှလို့ ဓာတ်ပုံရိုက်ချင်တာပါ…
အပွင့်အရောင်တူနေတော့ ကိုယ်ဖျောက်သလိုဖြစ် သွားတာတော့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။
(၁၂)
ခြုံပုတ်လေးတွေ ပေါက်နေတဲ့နေရာက ကားဘီးတွေရပ်ထားတဲ့နေရာနဲ့ တိုက်ဆိုင်နေတဲ့အခါ..
ဒီလိုတိုက် ဆိုင်ဖို့ဆိုတာလည်း တော်ရုံနဲ့တော့ မဖြစ်နိုင်ပါဘူး။
(၁၃)
ဟိုင်းဝေးလမ်းပေါ်မှာ တွေ့လိုက်ရတဲ့ တေလာဆွစ်…
ဒီတိုက်ဆိုင်မှုလေးကတော့ ရယ်စရာကောင်းနေတာ ပဲ ဖြစ်ပါတယ်။
(၁၄)
မာရီရိုအရုပ်ခေါင်းဆောင်း ဆောင်းစရာမလိုလောက်အောင် သူ့ရဲ့ပင်ကိုယ်ရုပ်ကိုက တိုက်တိုက်ဆိုင် ဆိုင် မာရီယိုလေးနဲ့ တူနေ တာပဲ ဖြစ်ပါတယ်။
(၁၅)
“ဒီနေ့ငါဗင်းဆင့် ဗန်ဂိုးနဲ့တွေ့ခဲ့တယ်” လို့ ပြောလို့ရလောက်တဲ့အထိတူတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခြင်းပါ။
(၁၆)
မတော်တဆတိုက်ဆိုင်မှုတစ်ခု…
ဖုန်းကာဗာနဲ့ အဝတ်အစား ဒီဇိုင်းတူဖို့ဆိုတာ တော်ရုံတိုက်ဆိုင်မှုမျိုး နဲ့မရပါဘူး။
(၁၇)
တန်ခိုးပြာဋိဟာပြနေသလိုဖြစ်သွားတဲ့ တိုက်ဆိုင်မှုတစ်ခု
(၁၈)
ကဲ ချဲလန့်စ်ကို လက်ခံလိုက်ပါပြီနော်…
(၁၉)
ဟေးကောင်မလေးတွေလို့ လှမ်းနှုတ်ဆက်လိုက်ရမှာလား…
အံ့အားသင့်စရာတိုက်ဆိုင်မှုပဲ ဖြစ်ပါတယ်။
(၂၀)
ပုံထဲက ယေရှုရဲ့ ရုပ်ပုံတော်နဲ့ တူလွန်းနေသူတစ်ဦး
(၂၁)
ဒီပုံလေးကလည်း ရယ်ချင်စရာကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
ကြောင်လေးတွေ လျှာထုတ် ချိန်ကို မီဖို့ဆိုတာရော..
အဲဒီအချိန်အမိအရ ဓာတ်ပုံရိုက်နိုင်ဖို့ ဆိုတာရော တော်တော်မလွယ်တဲ့ တိုက်ဆိုင် မှုလည်း ဖြစ်ပါတယ်။
(၂၂)
ဖိနပ်ဆင်တူဝတ်ဖို့တိုင်ပင်ပြီး ဝတ်လာတယ်လို့ ထင်ရပါတယ်။ တကယ်တော့ တိုက်ဆိုင်သွားတာပါလို့ ဆိုထားပါတယ်။
(၂၃)
ကောင်လေးငယ်က ငှက်အကြောင်းကို စာအုပ်ထဲမှာ ဖတ်နေစဉ်မှာပဲ ပုံထဲက ငှက်နဲ့ ဆင်တူတဲ့ ငှက်တစ်ကောင်က အဆိုပါ ကောင်လေးရဲ့ လက်နားမှာ လာနားနေခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲနော်။
(၂၄)
ခွေးမကြီးတစ်ကောင်ကတော့ ခွေး ၃ ကောင်ကို မွေးဖွားခဲ့ပြီး အဲ့ဒီခွေး ၃ ကောင်ရဲ့ နောက်ကျောပေါ်မှာ နံပါတ် တစ် နှစ် သုံး ကို ကိုယ်စားပြုနေတဲ့ အစပ်အပျောက် ၃ စပ် ကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ တကယ့်ကို မြင်ရခဲလှတဲ့ တိုက်ဆိုင်မှုတစ်ခုလို့ ပြောလု့ိရပါတယ်။
(၂၅)
လဲကျလာတဲ့ သစ်ပင်က ကားနဲ့ ထိဖို့ အရမ်းကို နီးစပ်ခဲ့ပါတယ်။ တကယ့်ကို ကံကောင်ခြင်းတစ်ခုဖြစ်သလို ဒါကလည်း ကြုံခံလှတဲ့ အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။
(၂၆)
ကားနောက်ကျောက ပုံက ရှေ့က ရှုခင်းနဲ့ တစ်ပုံစံတည်းဖြစ်နေခဲ့တာက တကယ့်ကို တိုက်ဆိုင်မှုတစ်ခုလို့ မဆိုရင် ဘာလို့ ဆိုရမလဲနော်။
(၂၇)
ဒီပုံကို ရုတ်တရက်ကြည့်ပြီး ဘာများ ကံထူးတာပါလို့လဲလို့ တွေးကောင်းတွေးနိုင်ပါတယ်။ တကယ်တော့ အပေါ်ပုံက သူတို့ အဖိုးနဲ့ အဖွား မင်္ဂလာဆောင်တုန်းက ကားနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
နောက် ၆၆ နှစ်အကြာမှာတော့ သူတို့ မင်္ဂလာဆောင်ချိန်မှာ အဆိုပါ ကားနဲ့ပဲ သူတို့အဖိုး အဖွားလိုမျိုး မင်္ဂလာဓာတ်ပုံကို ရိုက်ခွင့်ရရှိခဲ့ပါတယ်။
ဒါကလည်း လူတိုင်း မရနိုင်တဲ့ ကံထူးခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။
(၂၈)
ဒီပုံကိုကြည့်ပြီး သဘောပေါက်ကြရဲ့လား ပရိသတ်တို့ ။ တကယ်တော့ အဆိုပါ အမျိုးသမီးကို သူ့အမျိုးသားက နွားနဲ့တစ်ကွ ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။
နောက်တော့ သေချာပြန်ကြည့်ရာမှာ နောက်က နွားနားရွက်နဲ့ သူမခေါင်းက ထပ်တူကျနေတာကို တွေ့ခဲ့ရပါတယ်။
ရွှေဉာဏ်ရှင်ပရိသတ်တွေမှာရော…ဒီလိုထူးခြားတဲ့ တိုက်ဆိုင်မှုဖြစ်ပွားတဲ့ပုံလေးတွေ ရှိပါသလား။
ဘယ်ပုံလေး တွေကရော သင်တို့ကိုရယ်မောပျော်ရွှင်စေပါသလဲ။ အမြင်လေးတွေ ဝေမျှပေးသွားလို့ရပါတယ်။
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေနော်။
Ref; Brightside