အလွယ်တကူ ကြောက်လန့်တတ်သူတွေ မကြည့်သင့်တဲ့ သွေးပျက်ဖွယ်ရာ ဓာတ်ပုံ (၂၇) ပုံ

တကယ်လို့ ပရိသတ်တွေအနေနှင့် ကြောက်ရွံ့ရတဲ့ ခံစားချက်ကို ကြိုက်နှစ်သက်တဲ့ ဆိုရင် တော့ အခုဖော်ပြပေးမယ့် ပုံတွေကို ဆက်လက်ကြည့်သင့်ပါတယ်။

တကယ်လို့ အခုက ညဘက်ဆိုရင် ဒါမှမဟုတ် အလွယ်တကူပဲ ကြောက်တတ်လို့ နှလုံးတုန် ရင်တုန် ဖြစ်တတ်တဲ့ သူတွေဆိုရင်တော့

အခန်းမီးတွေကို လင်းနေအောင်ဖွင့်ထားပြီး ကိုယ့်ရဲ့ ဘေးမှာ အဖော်တစ်ယောက်ယောက်ကိုပါ အနားမှာ ခေါ်ထားသင့်ပါတယ်နော်။

ဒါဆိုရင် အချိန်ခဏလောက်ပေးပြီး သွေးပျက်ဖွယ်ကောင်းအောင် ကြောက်ဖို့ ကောင်းပါတယ်ဆိုတဲ့ ပုံတွေကို ဆက်ကြည့်လိုက်ကြရအောင်။

ပြောတာ နည်းနည်း များသွားသလားနော်။

ခုအကြောင်းအရာကို Shwe Nyan Shin မှ ဘာသာပြန် ရေးသား တင်ဆက်ထားခြင်း ဖြစ်ပါသည်။

(၁)


မန်ချက်စတာ မြို့မှာ ရှိတဲ့ မီးလောင်နေတဲ့ ကွင်းပြင်ကြီး ကို ညဘက်မှာထွက်တဲ့ လနှင့် နောက်ခံထားပြီး တွေ့ရစဉ်….

တစ်ညွန့်ညွန့်တောက်လောင်နေတဲ့ မီးတောက်တွေနှင့် မီးခိုးတွေက လမင်းကြီးကိုတောင် ကြောက်ဖို့ကောင်းတဲ့ ညအဖြစ် အသွင်ပြောင်းလိုက်နိုင်တာပဲဖြစ်ပါတယ်။

(၂)


ညဘက်မှာ ဓာတ်ပုံရိုက်ထွက်နေရင်း သင့်ဘက်ကို အခုလို မျိုး စူးစူးရဲရဲကြီး ကြည့်နေတဲ့ အရိပ်မည်းကြီးနှစ်ခု ကို တွေ့ရင် ဘယ်လိုနေမလည်း…

Photomontage လို့ ခေါ်တဲ့ ဓာတ်ပုံတွေကို ထပ်ပြီး ပြုပြင်ပြီးမှ ဒီလိုပုံမျိုး ထွက်လာတာလား။ စဉ်းတော့စဉ်းစားစရာပါပဲ။

(၃)


တစ်ယောက်တည်းနေရချိန်မှာ အရာရာက ခြောက်ခြားဖွယ်ကောင်းလှပါတယ်။

ပစ္စည်းတစ်ခုကို ပလတ်စတစ်အိတ်နှင့် ထုပ်ပိုးထားတာကအစ အခုလိုမျိုး သင်ရဲ့ နှလုံးခုန်သံတွေကို မြန်စေနိုင်ပါတယ်။

(၄)

အရုပ်မခေါင်းကို ဒီတိုင်းကြီး ပလတ်စတစ်အိတ်ထဲ ထည့်ပြီး လျှောက်သွားနေသူ..

တော်သေးတာပေါ့.. သွေးသံရဲရဲတွေ ဘာာတွေ အရုပ်ခေါင်းမှာ ပေမနေလို့။ သွေးတွေသာ ပေနေရင် ပြေးပေတော့ပဲ။

(၅)


ဆင်ရုပ်လေးကို သတိထားမိလား ပရိသတ်တို့ရေ..ဘယ်အရုပ်ရဲ့ မျက်စိက အဲ့လောက် နီရဲနေနိုင်လို့လဲဟင်..သရဲပူးနေရင်တော့ မပြောတတ်ပါဘူး။

(၆)


သေချာကြည့်လေ သွေးပျက်ရလေ ဖြစ်မဲ့ ခြောက်ခြားဖွယ်ဓာတ်ပုံ ..

သေချာကြည့်ကြည့်နော် ရုတ်တရက် ကြည့်ရင် မြင်လောက်မယ်မထင်ဘူး။အရှေ့မှာ ရဲဘော်တွေ က ဓာတ်ပုံရိုက်နေသလိုမျိုး အနောက်မှာလည်း ပြတင်းပေါက်ကနေ ဓာတ်ပုံထဲပါချင်နေတဲ့ သူတွေ ရှိတယ်နော်…

ပြီးတော့ အောက်အတန်းမှာ ထိုင်နေတဲ့ ညာဘက်ထောင့်ဆုံးက ရဲဘော်ရဲ့ မျက်လုံးကလည်း သရဲ ကားတွေထဲက မျက်ဖြူဆိုက်နေသလိုမျိုးပဲ။

(၇)


အမြင့် မကြောက်တတ်တဲ့သူတွေတောင် ထမင်းစားပျက်ပြီး ဒူးတုန်သွားစေနိုင်မဲ့ လှေကား။

အမြင့်မကြောက်တတ်သူတွေ စိန်ခေါ်ကြည့်ကြချင်ရဲ့လား

(၈)


ဆိုဖာရဲ့ အနောက်ဘက်ကို ရှင်းဖို့ လုပ်လိုက်တဲ့ အချိန် တွေ့လိုက်ရတဲ့ မြင်ကွင်း၊ သေချာကြည့်ရင် ကလေးကစားစရာ အရုပ်မှန်းသိနိုင်ပေမယ့် ကိုယ့်အာရုံနှင့် ကိုယ် အလုပ်ရှုပ်နေချိန်မှာသာ မြင်မိရင် အမလေး..လို့ ထတောင်အော်ရလိမ့်မဲ့ မြင်ကွင်းတစ်ခုပါပဲ။

(၉)


ခေါင်းပြတ်ကြီးနှင့် ခန္ဓာကိုယ်တစ်ခုက ဒန်းပေါ်မှာ လွှဲပြီး ဆော့ကစားနေမယ်ဆိုရင် ပရိသတ်တို့ ခံစားချက်က…?

ဖက်ရှင်ဆိုင်မှာထားထားတဲ့ အရုပ်တစ်ခု ဖြစ်ပေမယ့်လည်း ဒီမြင်ကွင်းကြီး က မြင်ရသူတိုင်းရဲ့ ခံစားချက်ကို ကသိကအောက် ဖြစ်စေပါတယ်။

(၁၀)


အခုလို မျိုး မိုးကြိုးတွေ အပြိုင်အဆိုင် ကောင်းကင်ကနေ ပစ်နေချိန်မှာ အပြင်မှာ အေးအေးလူလူလမ်းလျှောက်နေနိုင်မဲ့ သူများ ရှိမလား..

ကြောက်တတ်တဲ့ သူသာဆိုရင်တော့ အပြင်ထွက်ဖို့နေနေသာသာ အိမ်ထဲမှာတောင် နေစရာနေရာ မရှိလောက်အောင်ကို ကြောက်လွန်းလို့ ထွက်ပြေးနေမိမှာပါ။

(၁၁)


နွေညဘက်တွေ လမ်းလျှောက်ထွက်တဲ့သူတိုင်း ကြားဖူးလောက်မယ့် ထိတ်လန့်စရာ အသံပိုင်ရှင်…

နားထဲအူသွားလောက်အောင် အဆက်မပြတ် ကျီကျီ လို့ အော်နေတတ်တဲ့ ပုစဉ်းရင်ကွဲတွေပါ။ တစ်ယောက်တည်း အိမ်ပြန်ရတဲ့ညခင်းတွေမှာ သင့်ကို အခြောက်လှန့်နိုင်ဆုံး ဂြိုလ်သားလို့ ဆိုရမှာပါပဲ။

(၁၂)


အမလေးနော်…ကားဘေးဘက်ကနေ အခုလိုမျိုး လက်တွေ ၊ခန္ဓာကိုယ်တွေ တိုးထွက်နိုင်လို့ လားဟင်..

တစ်ယောက်ယောက်က စနောက်တာမျိုး မဟုတ်ဘူးဆိုရင်တော့ နေ့ခင်းကြောင်တောင် ကြီး အဲ့ဒီ ကားထဲမှာ တစ္ဆေသရဲတွေ ပါလာတာပဲဖြစ်နိုင်ပါတယ်။

(၁၃)


မြင်လိုက်တာနှင့်တင် အသက်ရှုမွန်းကျပ်ပြီး ခန္ဓာကိုယ်ကြီး ပေါက်ကွဲတော့မတက် ခံစားရတဲ့ ပုံလေးပါ။

အခုလို ဝတ်ဆင်ထားတဲ့ သူတော့ မသိဘူး။ ဒီကတော့ ကြည့်နေရင်း အောက်ဆီဂျင်တွေ ပြတ်လပ်နေပါပြီနော်။

(၁၄)


ကလေးတွေကို ဖျော်ဖြေပေးနိုင်ဖို့ ဖန်တီးထားတဲ့ လေထိုးရုပ်ကြီးလား ဒါမှမဟုတ် ကလေးတွေကို တမင်ခြောက်လှန့်ဖို့ပဲ ဖန်တီးထားတဲ့ လေထိုးရုပ်ကြီးလား..

ဒီအရုပ်ကို အဲ့နေရာမှာ ထားထားတဲ့ သူပဲသိနိုင်ပါတယ်။သေချာတာကတော့ ကလေးတွေ အရုပ်ကို မြင်ပြီးရင် အိမ်မက်ဆိုးတွေ မက်တော့မှာပါပဲ။

(၁၅)


ကလေးတွေတင် မကဘဲ လူကြီးတွေပါ အနားမကပ်ရဲလောက်မယ့် အရုပ်ကြီး..

သူပြုံးပြနေတာကိုက ကျောချမ်းစရာကြီး

(၁၆)


goosebumps သတို့သားသရဲ ကြီးနှင့် ပုံစံတူနေတဲ့ ပုံ များ ဓာတ်ပုံထဲ ပါနေသလားလို့ .. ပရိသတ်တွေရော ရှာလို့တွေ့ရဲ့လား

(၁၇)


ကိုရွှေကျား ရှင်ဘာများ ဖြစ်သွားရတာတုန်း.. ဒီပုံက နေ့လည်ဘက်ပုံဖြစ်လို့ သိပ်ကြောက်စရာမကောင်းတာနော်။ ညဘက် တစ်ယောက်တည်း အဲ့နားဖြတ်ရဲလို့လား

(၁၈)


ခဏတစ်ဖြုတ် အပန်းဖြေဖို့အတွက် ဒီပန်းခြံကြီးက ကြိုဆိုနေပါတယ်တဲ့..

ဘယ်လိုလည်း ကလေးတွေနှင့်အတူတူ သွားအပန်းဖြေချင်ရဲ့လား

(၁၉)


စိန်ခေါ်မှုလေး တစ်ခုလုပ်ကြည့်ကြရအောင်..

ပထမထပ်က ပြတင်းပေါက်မှာ ပေါ်နေတဲ့ အစက် ၃စက်ကို မျက်တောင်မခတ်ဘဲ အချိန်ကြာကြာ စိုက်ကြည့်ရဲလား။ သေချာတာကတော့ သင့်သူ့ကို ကြာကြာကြည့်လေ သူက သင့်ကို စူးစိုက်ကြည့်လေ ပဲနော်။

(၂၀)

ည၂နာရီ ရုတ်တရက် အိပ်ရာနိုးလာချိန်မှာ ပြတင်းပေါက်ကနေ တွေ့လိုက်ရတဲ့ ကျောချမ်းစရာ မြင်ကွင်းတစ်ခုပါ။

(၂၁)

ကိုယ့်အိမ်ရဲ့ ချောင်တစ်နေရာမှာ ဒီလိုမျိုး ကြောက်ဖက်ဖွယ်ရာ ပင့်ကူတွေ အပြည့်နှင့် မြင်ကွင်းကို မြင်လိုက်ရင် သူ့လိုမျိုး ဓာတ်ပုံရိုက်မလား၊ ဒါမှမဟုတ် ထွက်ပြေးကြမလား။

(၂၂)

ကလေးလေးက ချစ်စရာလေးနော်..ဒါပေမယ့် အနောက်ကိုလည်း ကြည့်လိုက်ကြပါဦး အနောက်က မျက်လုံးတွေနှင့် အရိပ်မည်းကြီးကတော့ ကြောက်စရာကြီးနော်…

သွေးပျက်ဖွယ် ဓာတ်ပုံ လေးတွေကို အဆုံးထိ ကြည့်ပြီးသွားပြီဆိုတော့ သင်က တော်တော်လေး သတ္တိရှိတဲ့ သူပဲနော်။ မကြည့်ရဲ ကြည့်ရဲ နှင့် နောက်ဆုံး ပုံအထိ ကြည့်ခဲ့တယ်ဆိုရင်လည်း သင့်ကို ဘယ်ဓာတ်ပုံက အခြောက်လန့်နိုင်ဆုံး ဖြစ်ခဲ့မလဲ ပြန်လည် မျှဝေခဲ့စေချင်ပါတယ်။

(၂၃)

ဘုရားရေ..သရဲကားတွေထဲကလိုများ နောက်ကျောကနေ ကလေးမွေးလာတာများလား။

တကယ့်ကို ရှော့ခ်ရသွားစေတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ ကလေးငယ်တစ်ဦးဆီကနေ အရုပ်တစ်ခုကို လုယူပြီးဖွက်ထားခြင်းနှင့် တစ်စုံတစ်ယောက်ကို နှလုံးရောဂါဖြစ်စေဖို့ လွယ်ကူစေသောနည်းလမ်းလည်း ဖြစ်ပါတယ်။

(၂၄)

ကျွန်တော့် သူငယ်ချင်းတစ်ယောက် ပြီးခဲ့တဲ့ညက လမ်းလျှောက်ထွက်တဲ့ အချိန်မှာပဲ ဒီအမျိုးသမီးကို ခေါင်မိုးပေါ်မှာ ရပ်နေတာကို တွေ့ခဲ့ရပါတယ်။

လူလား၊ သရဲလားသေချာမသိပေမယ့် ဒီလိုမြင်လိုက်ရတာကိုက ကျောချမ်းပြီး ထွက်ပြေးချင်စိတ်ပေါက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

(၂၅)

တစ်ယောက်တည်း ကားမောင်းလာချိန်

ပြတင်းပေါက်ကနေ ဒီလိုတွေ့လိုက်ရမယ်ဆိုရင်ရော…

(၂၆)

ညအချိန်မှာမြင်လိုက်ရတဲ့ အရောင်ထွက်နေတဲ့ သိုးမျက်လုံးတွေ။

ဒီပုံကိုကြည့်လိုက်တာနဲ့  သိုးတွေဆိုတာ ညဖက်မှာ မကောင်းဆိုးဝါးတွေ ဝင်ပူးနေတတ်တယ်လို့တောင် ပြောစမှတ်တွင်သွားစေတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။

ညနေဝင်ရီတရောအချိန်မှာ ရိုက်ထားလိုက်တဲ့ ဒီဓာတ်ပုံဟာ ကင်မရာအလင်းရောင်ကြောင့်ပဲ ဆိုဆို၊ ဘယ်လိုပဲ ဖြစ်ဖြစ် သိုးမျက်လုံးတွေက ခုလို အရောင်ထွက်နေတာ ကြောက်စရာ မကောင်းဘူးလားနော်။

(၂၇)

မြေအောက်ရထားပေါ်မှာ ကောင်လေးတစ်ယောက် ရိုက်ခဲ့တဲ့ဓာတ်ပုံ ဖြစ်ပါတယ်။

သူထင်တာက ကောင်မလေးတစ်ယောက် သူ့ကိုကြည့်နေခဲ့ပြီး မျက်လုံးတွေက ပြုံးပြနေတယ်လို့ ထင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တစ်ခုခုမှားနေတယ်ဆိုတဲ့ စိတ်မသက်မသာဖြစ်မှုရှိနေခဲ့ပြီး အနားတိုးပြီးသွားကြည့်မှ ကောင်မလေးက ပါးစပ်ဟပြီး အိပ်ပျော်နေခဲ့တာပဲ ဖြစ်ပါတယ်။

 

ကိုယ့်ရဲ့ ဘဝမှာကော ဘယ်လို မျိုး ခြောက်ခြားဖွယ် အခိုက်အတန့်တွေကို တွေ့ကြုံခဲ့ဖူးပါသလဲ။ ကောမန့်မှာ အချင်းချင်းပြန်လည် ပြောပြကြရအောင်နော်။

Ref: Brightside

  နဲ့