မျက်လုံးအလှည့်စားနိုင်ဆုံးဆု ပေးရလောက်အောင်အထိ နားလည်မှုလွဲသွားစေမယ့် ဓာတ်ပုံ (၂၆) ပုံ

မင်္ဂလာပါ။

သင်္ကေတရဲ့ ရွှေဉာဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဘယ်တော့မှ ကျွန်တော်တို့ရဲ မျက်လုံးတွေကို အလွယ်တကူ မယုံလိုက်သင့်ပါဘူး။

ဘာလို့ဆို တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ မျက်လုံးတွေကို မြင်ချင်ရာမြင်ပြီး တွေးမိသလို တွေးချလိုက်လို့ပါပဲ။

ရိုးရိုးသားသားဓာတ်ပုံတစ်ပုံကိုတောင် ရုတ်တရက် ကြည့်လိုက်ရင် အထင်လွဲစရာလေးတွေ ဖြစ်သွားတတ်ပါတယ်။

အခုလည်း ပရိသတ်တို့ကို ရုတ်တရက်ကြည့်လိုက်တာနှင့် ဘာကြီးလည်းဆိုပြီး တွေးမိသွားစေမယ့် ဓာတ်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။

ကိုယ်က တလွဲတွေးထင်လိုက်ပေမယ့် အဖြစ်မှန်ကို သိသွားရင် မြင်မှမြင်တတ်လေခြင်း ပြုံးမိသွားရမယ့် ပုံတွေ လို့ သတ်မှတ်နိုင်ပါတယ်။

(ယခုဖော်ပြပါအကြောင်းအရာများသည် ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်သည်)

(၁)


ဟေ့ လူ.. ခင်ဗျား လူမြင်ကွင်းကြီးမှာဘာတွေ လုပ်နေတာတုန်း..ဒါက အများသုံး သန့်စင်ခန်းမဟုတ်ဘူးနော်…ဟယ် မဟုတ်သေးပါဘူး။

သေချာကြည့်မှပါ…အော် ကန်တော့နော် မှားသွားလို့ပါ။

(၂)


လေပေါ်ပျံနေတဲ့ စွမ်းအားရှင်ကြောင်လေးပေါ့ ..တကယ်တော့ သူက ကားခေါင်မိုးပေါ် တက်ထိုင်နေတာပါ။

(၃)


အရမ်းကို အကြောပျော့ပျောင်းတဲ့ အမျိုးသမီးလို့တော့ အားလုံးက ပထမဆုံးထင်မိကြမှာပါပဲ။

တကယ်တော့ ဒီအမျိုးသမီးတစ်ယောက် အကြောပျော့အောင် မကြိုးစားဘဲ ကင်မရာရှု့ထောင့်ကိုပဲမှန်အောင် ရိုက်နိုင်ဖို့ ကြိုးစားခဲ့တာပါ။

(၄)


တစ်ခုခုကို အံ့သြနေတဲ့ မျက်မှန်များလား…မဟုတ်ပါဘူး ခေါင်မိုးပေါ်က မီးချောင်းရဲ့ အလင်းပြန်တာပါ။

(၅)


ရုတ်တရက် ကြည့်လိုက်တာ သရဲတွေက လူတွေကို ဘယ်လိုကြောက်အောင် ခြောက်မလဲ တိုင်ပင်နေကြသလိုပါပဲ။

သေချာသာ မကြည့်မိရင် ကြောက်ပြီးပြေးရတာ တင်နှင့်ဖနှောင့် တစ်သားတည်း ဖြစ်သွားနိုင်ပါတယ်။

ပရိသတ်တွေလည်း သေချာကြည့်ကြည့်နော် ဘာကို မြင်ကြလည်း

(၆)


ဘုရား… အိမ်က ခွေးလေးက နေ Game of Thrones ထဲက  နဂါးလေးများ ပြောင်းသွားတာလားလို့

(၇)


ဒီမှာလည်း သစ်ပင်အပိုင်းအစပုံက Game of Thrones ထဲက နဂါးပုံပေါ်နေပြန်ပြီ။

သူကတော့ တကယ့် နဂါးအစစ်တိုင်းပဲနော်။

ယုံကြည်တတ်သူတွေဆို အဆောင်တောင်လုပ်ကြမလားပဲ

(၈)


ဟယ်ရီပေါ်တာ ရုပ်ရှင်ကားကို အကြည့်များသွားလို့ထင်ပါရဲ့။သူများရဲ့ ဒူးခေါင်းကိုတောင် ဗိုဒ့်ဒါမော့လို့ မှားမြင်နေပြီ

(၉)


ဗီဒိယိုဖိုင်ထည့်ထားတယ် ထင်လို့ ဖွင့်ကြည့်နေတာလား ပရိသတ်တွေ …အဲ့ဒါဆို ရီလိုက်ကြပါတော့ လန်ဒန်မြို့က အဆောက်အဦကို ရိုက်ထားတဲ့ပုံက ဒီလိုလေး ပေါ်နေတာပါ။

(၁၀)


အသက်၃၀ အရွယ်ရောက်နေပြီဖြစ်တာတောင် သင့်ကို မိဘတွေက ကလေးလို့ပဲ မြင်နေသေးတဲ့ အခါ

(၁၁)


ပရိသတ်တို့ကော မြင်ကြရဲ့လားဟင်.. မမြင်တဲ့ သူဆိုရင်တော့ ထိုင်ပြီးမှ နှမြောလို့ ငိုနေရမယ်နော်။ အိုင်ပတ်ကြီးကို ကားခုံပေါ်တင်ထားတာပါ။

(၁၂)


မှန်မှာကပ်နေတဲ့ ပင့်ကူကို ရှု့ထောင့်သေချာရိုက်လိုက်တဲ့ အခါမှာတော့ ကြောက်စရာကောင်းတဲ့ ပင့်ကူကြီး ဖြစ်သွားပါတယ်။

(၁၃)


ပုံဆွဲထားတာမဟုတိပါဘူးနော်..ဒါ ကိုရီးယားမှာ တကယ်ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးပါ။

သွားချင်စိတ်ပေါ်လာပြီးဆိုရင်တော့ အခုမြန်မာနိုင်ငံမှာလည်း ဒီလိုဆိုင်လေး ဖွင့်ထားပါပြီ။

(၁၄)


ကိုယ့်ရဲ့ ခွေးလေးကို တစ်သက်လုံး အရွယ်မရောက်ပါစေ ဆုတောင်းထားပေမယ့် ဆုတောင်းက တစ်ဝက်ပဲပြည့်သွားတဲ့ အခါမှာ

(၁၅)


လေပေါ်ပျံနေတဲ့ ဒေါက်ဖိနပ်လားလို့ ထင်မှတ်စရာပါပဲ။

တကယ်လည်း ဒီလိုမျိုး အမြင်အောင် တီထွင်ခဲ့ကြတာပါတဲ့။

(၁၆)


ပုံကိုကြည့်ပြီး အဖြေရှာရင် မူးသွားပါလိမ့်မယ်။

တကယ်တော့ ရိုးရိုးလမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ သူတွေချည်းပါပဲ။

(၁၇)


မြင်းရယ် ကောင်မလေးရယ်ကို တစ်ပေါင်းတည်းပေါင်းရိုက်ပေးလိုက်တော့ Safety Cap ဆောင်းထားတဲ့ မြင်းခေါင်းနှင့် ကောင်မလေးဖြစ်သွားပါတော့တယ်။

(၁၈)


မတ်တပ်ရပ်နေတဲ့ လူတွေဘေးမှာ လူပုလေးမြင်လိုက်လား ပရိသတ်တို့ရေ..

ဒီတစ်ခါတော့ ပရိသတ်တွေရဲ့ အမြင်မမှားပါဘူး။ ဒီလိုပုံမျိုး ရအောင် ပြုပြင်ထားလိုက်တာပါ။

(၁၉)

ဒီပုံကိုကြည့်ပြီး လူတစ်ယောက်က ရေကန်နားက သစ်ပင်ကို မှီပြီး ရိုက်ထားတယ်ဆိုရင်တော့ သင် လုံး၀ မှားသွားပြီ။ တကယ်တော့ သူ့နားမှာ ဘာရေကန်မှာလည်း မရှိပါဘူး။

ဒီလို ကြည့်ရင်တော့ သဘောပေါက်ပါပြီနော်။ သူက တကယ်တော့ လဲနေတဲ့ သစ်ပင်တစ်ခုပေါ်မှာ တက်ပြီး ရိုက်ထားတာပဲ ဖြစ်ပါတယ်။ တကယ့်ကို လှည့်စားနိုင်ပါတယ်နော်။

(၂၀)


“ကိုယ်ကပဲ ဘောင်းဘီမပေါ်အောင် ကွယ်မိတာဆိုတော့ ကိုယ့်အင်္ကျီကအမဲလေးကိုပဲ ဘောင်းဘီလို့ မြင်အောင် ဆက်ကြည့်ကြတော့လေနော်။”

အနောက်မှာ ထိုင်နေတဲ့ လူက ဓာတ်ပုံထဲမှာ တစ်ကိုယ်လုံး ပါလာတာမျိုး မဟုတ်ပါဘူး။ ရှေ့က အမျိုး သမီးရဲ့ အင်္ကျီအနက်စင်းကြောင်းနှင့် အမြင်မှားသွားစေခဲ့တာပါ။

(၂၁)

ဖိုးဖိုးရဲ့ဘောင်းဘီက ပေါက်ပြီး ဘာပေါ်နေပါလိမ့်လို့ တွေးသွားကြစေတယ်မှတ်လား။

မတွေးလိုက်ပါနဲ့ တကယ်တော့ နောက်ကထိုင်နေတဲ့ အမျိုးသမီးရဲ့ ဒူးခေါင်းကြောင့် ဖိုးဖိုးကို အထင်လွဲသွားမိကြတာပဲ ဖြစ်ပါ တယ်။

(၂၂)

ပုံကိုသေချာကြည့်ပါ။ နှစ်ထပ်ရှိမှ သဘောပေါက်မှာပါ။ ဟုတ်ပါတယ်။

ကလေးလေးရဲ့ခြေထောက်ပါ။ ယူတို့ လည်း ကလေးလေးရဲ့ ခြေထောက်လို့ပဲ ထင်တာပဲ မဟုတ်လား

(၂၃)

ဟိတ် ဘယ်ကိုကြည့်နေကြတာလဲ..တကယ်တော့ ဒါက ရေခဲချောင်းကို ကိုင်ထားတာပါနော်။ အထင်မလွဲ လိုက်ပါနဲ့။

(၂၄)

ဟင်…ဘယ်လိုဖြစ်တာပါလိမ့်။ ကောင်မလေးဆီက ဘာကြီးထွက်လာ။

အော်သိပြီ..သဘောပေါက် ပါပြီ..သင်တို့ထင်သွားသလိုမဟုတ်ရပါဘူး။ ဖန်ခွက်ကိုင်ထားတဲ့ လက်ကြီးပဲ ဖြစ်ပါတယ်လို့။

(၂၅)

ဟာ …ဘယ်လို မတော်တရော်ထွက်နေ…အော်သေချာကြည့်ပါ။

ပိုက်ဆံအိတ်ကိုင်ထားတဲ့ လက်မကြီးရဲ့ အကျိုးကျေးဇူးကြောင့် ဒီပုံဒီလိုထွက်လာတာပဲ ဖြစ်ပါတယ်။

(၂၆)

ဖြတ်ကနဲကြည့်လိုက်ရင် သံတိုင်ကြီးကို ကိုက်နေတဲ့ ကြောင်ကလေးလို့ မြင်ကြမှာပါ။

တော်တော်ပါးစပ်ပေါက်ကြီးတဲ့ကြောင်ပါလားလို့ ထင်သွားနိုင်ပေမယ့် သေချာကြည့်တဲ့အခါမှာ

ကြောင်လေးကနံရံမှာ သပ်သပ် ထိုင်နေတာဖြစ်ပြီး ကြောင်လေးရဲ့မျက်နှာက တိုင်လုံးနဲ့ကွယ်နေတာပဲ ဖြစ်ပါတယ်။

ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံ ၂၀ ပုံထဲမှာ ဘယ်ပုံက ပရိသတ်တွေကို မူးနောက်စေတဲ့ အထိ အဖြေရှာရစေပါသလည်း။ အဖြေကို သိသွားတဲ့နောက်ပိုင်းမှာကော ဘယ်လို ခံစားလိုက်ကြရလည်းဆိုတာ မျှဝေပေးခဲ့ကြပါဦးနော်။

Ref: BrightSide, Internet

  နဲ့