ကြည့်လိုက်တာနဲ့ အူတက်သွားစေမယ့် ဖက်ရှင်အလွဲဓာတ်ပုံ (၂၆) ပုံ

မင်္ဂလာပါ။ သင်္ကေတရဲ့ ရွှေဉာဏ်ရှင်ပေ့ချ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

အချို့လူတွေက အများ နဲ့မတူပဲ တမူထူးခြားဆန်းသစ်အောင် ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်ပါတယ်။

သူတို့ဖက်ရှင်ကြောင့် သူတို့ဟာပိုပြီး လှပတင့်တယ်သွားစေသလို အချို့ကြတော့လည်း ဆန်းသစ်လွန်ပြီး ရယ်စရာတွေဖြစ်သွားကြတာမျိုးတွေလည်း ရှိတတ်ပါတယ်။

အခုဖော်ပြပေးသွားမှာကတော့ အများနဲ့မတူအောင် တီထွင်ဖန်တီးကြရင်း ဖက်ရှင်အလွဲတွေ ဖြစ်သွားကြတဲ့

လူတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်တာမို့ ဖတ်ရှုပေးပါဦးနော်။

(ယခုဖော်ပြပါအကြောင်းအရာများမှာ ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်း ဖြစ်ပါသည်။)

(၁)

ဆံပင်လေးတွေကို ဆံမြိတ်ချထားတဲ့ စတိုင်လ်ညှပ်ဖူးပါသလား။ တော်တော်များများက ညှပ်ဖူးကြမှာ ဖြစ်ပေမယ့် ဓာတ်ပုံထဲကလူလိုတော့ တစ်ယောက်မှညှပ်ဖူးကြမယ် မထင်ပါဘူး။

မျက်လုံးပါအုပ်နေတဲ့ ဆံပင်တွေကြောင့် သူပရိသတ်ကို ဘယ်လိုများမြင်ရသလဲ ဆိုတာ အမေးဇင်းဖြစ်သွားခဲ့ရပါတယ်။

(၂)

ဒီရာသီရဲ့ ဖက်ရှငအသစ်အဆန်းတစ်ခုပါ…ငါးမြှီးမျက်ခုံးမွှေးဒီဇိုင်းသစ်ပါတဲ့နော်…ကဲ လိုက်လုပ်ချင်စိတ် ရှိပါသလား။

(၃)

ငါ့ပုလင်းက ငါ့စည်းမျဉ်းပဲ… ငါထည့်သောက်ချင်ရာသောက်မယ်။

ဒီပုလင်းတွေက ကော်ဖီတို့ရေတို့ သောက်ဖို့အတွက်ချည်းပဲ သီးသန့် ထုတ်ထားတယ်လို့ ဘယ်သူပြောလဲ။

(၄)

ဒါကဘောင်းဘီလား…တက်တူးထိုးထားတာလား..ဆေးခြယ်ထားတာလား။

သေချာကြည့်ပြီး ပြန်ပြောပေးကြပါဦး ပရိသတ်ကြီးရေ။

(၅)

တစ်ကိုယ်လုံးပန်းရောင်အဝတ်အစားနဲ့ အိတ်လေးကလည်း လိုက်ဖက်ညီလွန်းတော့ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ နတ်သမီးပုံပြင်လေးတွေကို သတိရသွားတယ်တော့ လုပ်လိုက်ပါ။

(၆)

အေး….ဒီပုံမှာ ရယ်စရာဘာမှမရှိဘူးနော်…။

တမင်ပဲ ဒီဇိုင်းထွင်တာလား…ဆံပင်ရိတ်စက်နဲ့ တိုက်ခိုက်ခံရသလား…မသဲကွဲဘူးရယ်…ပရိသတ်တို့ရော ဘယ်လိုထင်လဲ။

(၇)

အတုအယောင်တွေများတဲ့ လောကကြီးပါလားလို့ မင်းစဉ်းစားလိုက်တဲ့အခါ.. မင်းဟာလည်း ကျောပိုး အိတ်တစ်လုံးသာဖြစ်တယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။

(၈)

ဆံပင်တွေအတွက် သီးသန့်ဖောက်ပေးထားတဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။

(၉)

စကိတ်သမားတစ်ယောက်ဖြစ်တဲ့ Yuzuru Hanyuရဲ့ ရေဗူးဖက်ရှင်..

ဖက်ရှင်ကျဖို့ဆိုရင် အဝတ်အစားတွေ သာမက အသုံးအဆောင်တွေကပါ မိမိုက်နေရမယ်ဆိုတာ ဒီဓာတ်ပုံကြည့်ရင်းနားလည်သွားပါပြီနော်။

(၁၀)

ဘယ့်နှယ့်ငါးခေါင်းကို အိတ်လုပ်ပြီး လွယ်လာပါလိမ့်။

(၁၁)

ကမ္ဘာပေါ်မှာ အချိန်လေးစားဆုံး အမျိုးသမီး…။

ဘယ်လောက်တောင် အချိန်လေးစားသလဲဆိုရင် တိုင်ကပ်နာရီကိုတောင် ဖြုတ်လွယ်ထားသူပါနော်။

(၁၂)

ဒီလိုဖက်ရှင်ပါင်းစပ်မှု အိုင်ဒီယာကို သူမဘယ်ကများရခဲ့တာပါလိမ့်။

တကယ်ပါ…တကယ်သိချင်တာပါ။

(၁၃)

ဖက်ရှင်ဆင့်ကဲ ဖြစ်စဉ်ပါ..

ဂျင်းဘောင်းဘီအပေါက်လေးတွေက ကျယ်ကျယ်လာရာကနေ နောက်ဆို ဘာဖြစ်မှာပါလိမ့်။

(၁၄)

အခုနောက်ဆိုရင် ဘယ်လိုဂျင်းဘောင်းဘီဖက်ရှင်ဖြစ်မလဲဆိုတာ ပြလိုက်ပါပြီနော်။

(၁၅)

ဘယ်အခြေအနေမျိုးမှာ ဖြစ်ဖြစ် ကိုယ်တွေက ဖက်ရှင်ကျကျ နေတတ်ပြီးသား။

(၁၆)

ခြေအိတ်ဆိုတာ ခေါက်ဝတ်တာလောက်သာ အဆုံးစွန်သိထားတဲ့သူတွေ သူ့ကိုအတုယူပါ…

လိပ်ပြီးတော့ လည်း ဖက်ရှင်ကျလို့ ရပါတယ်နော်။

(၁၇)

ဂေါ်ဖီထုပ်ဟာ ဖက်ရှင်အတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာ တို့သိလိုက်ပါပြီ။

(၁၈)

ဘောင်းဘီ ထဲက ထွက်နေတဲ့ ပီဇာတွေများလား….။

(၁၉)

ဦးထုပ်ခရေစီတစ်ယောက်ရဲ့ ဖန်တီးမှုလက်ရာအသစ်ပါ…

အသိုက်ထဲမှာ ဥလေးတွေပါနေတာက အသက်။

(၂၀)

အဖေကတော့ သူ့ဖက်ရှင်ကအရမ်းလန်းနေပြီလို့ ပြောလာပါတယ်။

(၂၁)

ထိပ်ပြောင်ချင်းကို ဂျယ်လီချောင်းများနဲ့ ကုသနိုင်တယ်ဆိုတာသိရပြီး ဆွံ့အသွားတဲ့ ခဏ။

(၂၂)

အင်္ကျ ီပြောင်းပြန်ဝတ်ထားတာ မဟုတ်ဘူး။

ခေါင်းစွပ်ထဲမှာ မုန့်ထည့်ပြီး တန်းစားလို့ရအောင် တမင်လုပ်ထားတာဆိုပဲ။

(၂၃)

စိုစွတ်တဲ့မိုးရေတွေကြောင့် ဘောင်းဘီတွေ စိုကုန်မှာကို ဒီလိုကာကွယ်လို့ ရပါတယ်နော်။

(၂၄)

ဆိုက်ဘေးရီးယားမှာ နေထိုင်တယ်ဆိုရင်တော့ သင်ဟာဖက်ရှင်ကျကျနေဖို့ ခက်ခဲပါလိမ့်မယ်။

(၂၅)

ရိုးရိုးဖိနပ်တွေ စီးရတာ ပျင်းလာပြီဆိုရင် ဒီလိုမြင်းခြေထောက်၊ မြင်းခွာပုံစံဖိနပ်ကိုလည်း စမ်းကြည့်လိုက် သင့်တာပေါ့။

(၂၆)

အင်္ကျ ီသစ်ဝတ်ပြီးရင် လမ်းထွက်ပြီး ကြွားချင်တဲ့လူတွေ ရှိတ်လိုက်ပါဦး…။

အခုဖော်ပြပေးခဲ့တာက ဖက်ရှင်အလွဲတွေကြောင့် လူရယ်စရာဖြစ်ခဲ့ရတဲ့ သူများအကြောင်းပဲ ဖြစ်ပါတယ်။

ရွှေဉာဏ်ရှင်ပရိသတ်များအားလုံး ကျန်းမာပျော်ရွှင်ပြီး နေ့ရက်များစွာကို ရယ်မောခြင်းဖြင့် ဖြတ်သန်းနိုင်ကြပါ။

  နဲ့