အနောက်မှာ ဖြစ်ပျက်နေတာတွေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတဲ့ ဓာတ်ပုံ (၂၈) ပုံ

မင်္ဂလာပါ။ သင်္ကေတရဲ့ ရွှေဉာဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။

တစ်ခါတစ်လေ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံမှာ မထင်မှတ်ပဲ ပါလာတတ်တဲ့ သူစိမ်းတွေရဲ့ ပုံနဲ့ အပြုအမူတွေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတတ်ပါတယ်။

ပရိသတ်တို့အနေနဲ့ မယုံဘူးဆိုရင် ခုပြောပြမယ့် ဓာတ်ပုံတွေက သက်သေပြပေးပါလိမ့်မယ်။

ခုပြောပြပေးသွားမယ့် ဓာတ်ပုံတွေရဲ့ နောက်ကွယ်မှာ ဖြစ်ပျက်နေတဲ့အရာတွေက

ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတာတော့ အသေအချာပါပဲ။

ခုအကြောင်းအရာကို Shwe Nyan Shin မှ ဘာသာပြန် ရေးသား တင်ဆက်ထားခြင်း ဖြစ်ပါသည်။

(၁)

ကလေးအနေနဲ့ နောက်လှည့်ကြည့်လိုက်ရင် လန့်သွားမှာတော့ အသေအချာပါပဲ။ တကယ်တော့ သူ့နောက်ကနေ စနောက်ပြောင်နေတဲ့ သူကတော့ အမေရိကန် သမ္မဟောင်း ဘင် ကလင်တန် ပဲ ဖြစ်ပါတယ်။

(၂)

မိန်းမချောတွေ အများကြီးရဲ့ နောက်မှာ ကိုယ်လူချော ရှိနေပါတယ်နော်။ မချော ၈ ယောက် ကိုယ်တစ်ယောက်ပေါ့။

(၃)

ဒီရေမြင်းကတော့ သူတို့ နှစ်ယောက် လက်ထပ်လိုက်တာကို ခွင့်ပြုပေးလိုက်ပါတယ်တဲ့။

အရမ်းကို ကြည့်နူးဖွယ်ကောင်းတဲ့ ဓာတ်ပုံလေး တစ်ပုံပဲ ဖြစ်ပါတယ်။

(၄)

ဒီအမျိုးသားက လူအများကို စကားပို့ချနေချိန်မှာ နောက်က ခွေးလေးကတော့ သူ့သခင်ရဲ့ ဂရုစိုက်မှုကို ချွဲသဲရယူချင်နေတာပဲ ဖြစ်ပါတယ်။

(၅)

ဒီစုံတွဲနောက်က အမျိုးသမီးကိုတော့ အော်စကာ ပေးသင့်တယ်လို့ ထင်ပါတယ်နော်။ ချစ်ပြနေကြတဲ့ စုံတွဲကို ကြည့်မရဖြစ်နေတဲ့ သူမ ပုံစံက ရယ်စရာ ကောင်းလွန်းနေခဲ့ပါတယ်။

(၆)

ရှေ့ကလူက ဓာတ်ပုံရိုက်ခံဖို့ ပို့စ်ပေးနေရတာကြောင့် နောက်က နပန်းသတ်ပွဲကို သေချာမမြင်လိုက်ရတော့ပါဘူး။

(၇)

ကောင်မလေးရဲ့ နောက်မှာ ဖြစ်ပျက်နေတဲ့ ကောင်လေးနှစ်ယောက် က တန်ခိုးသုံးနေရသလား ထင်ရအောင်ပါပဲ။

(၈)

ဒါက မယုံနိုင်အောင်ပါပဲနော်။ ကြောင်နှစ်ကောင်လုံးက တကယ့်ကို ဆင်တူနေပါတယ်။

သူတို့တွေ ဘာကိုများ အဲ့လောက် အံ့သြတကြီး ကြည့်နေကြလဲ မသိဘူးနော်။

(၉)

သင်က ဝေလငါးတစ်ကောင်ဖြစ်ပေမယ့်လည်း ဓာတ်ပုံထဲမှာ ပါချင်သောအခါ..

ဘာပဲဖြစ်ဖြစ် အဆိုပါ သားအမိအတွက်တော့ လုံး၀ အမှတ်တရဖြစ်သွားတဲ့ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးမိသွားခဲ့ပါတယ်။

(၁၀)

သေချာကြည့်ပါနော်။

သရဲခြောက်နေတာလား မသိဘူး။

(၁၁)

နာမည်ကြီး ဆယ်လီ တစ်ယောက်ကို တွေ့လို့

ထိန်းမနိုင် သိမ်းမနိုင်ဖြစ်နေတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။

(၁၂)

စုံတွဲတွေကိုပဲ ဦးစားပေး ရိုက်ပေးနေတာကြောင့် နောက်ကလူကတော့ သူ့ကိုလည်း ဂရုစိုက်မိအောင် အတန်းရှင်း ယူနေတာက ရယ်စရာကောင်းလှပါတယ်။

(၁၃)

“ကျွန်တော် မပါပဲ ဓာတ်ပုံမရိုက်ကြနဲ့လေ။ ကျွန်တော့်ကို စောင့်ကြပါအုံး”

(၁၄)

ကြောက်တယ်ဆိုတာ ဒါကို ခေါ်တာလား မသိဘူးနော်။ အပ်ကြောက်တတ်တဲ့သူကတော့ အသက်ဘယ်လောက်ကြီးပါစေ..

အပ်ကို ကြောက်တတ်တာတော့ အမှန်ပါပဲနော်။

ပရိသတ်တို့ထဲမှာကော ခုထိ အပ်ကြောက်တတ်သူတွေ ရှိကြလား မသိဘူးနော်။

(၁၅)

ခဏေလေး နေပါအုံး။

နောက်က လူလား ၊ မျောက်လားနော်။

(၁၆)

နောက်က ကောင်မလေးရဲ့ မျက်လုံးတွေက မနာလိုမှုတွေကို ဖော်ပြေနေသလား၊

ဒါမှမဟုတ် အားကျမှုတွေကို ဖော်ညွှန်းနေသလားနော်။

(၁၈)

သူငယ်ချင်းရဲ့ မွေးနေ့ဆုတောင်းလေးက ဘယ်လောက်တောင် အမှတ်ရစရာ ကောင်းသလဲနော်။

သေချာတာကတော့ သူ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

(၁၉)

ဂိမ်းပိုစတာမှာ ပြထားတဲ့ ရဲတိုက်က နောက်က ရှုခင်းက ရဲတိုက်နဲ့ ဆင်တူနေတာ တိုက်ဆင်မှုများလားနော်။

(၂၀)

သရုပ်ဆောင်မင်းသား မင်းသမီးတွေမှ သရုပ်ဆောင်တတ်ကြတာ မဟုတ်ပါဘူး။

သူလည်းပဲ သရုပ်ဆောင်တတ်ပါတယ်နော်။

(၂၁)

ဒီစုံတွဲကတော့ သူတို့နောက်မှာ ရောက်နေတဲ့ ဟော်လိဝုဒ်မင်းသာ ဂျိတ် ဂိုင်လန်ဟော နဲ့ တူတူ ဆယ်ဖီဆွဲထားတာပဲ ဖြစ်ပါတယ်။

မင်းသားကိုယ်တိုင်ကလည်း သူ့ကို ရိုက်နေမှန်းသိလို့ ပြုံးပြထားပါသေးတယ်။

(၂၂)

အဲ့ဒီဓာတ်ပုံထဲက အမျိုးသားကို ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။

ရေအောက်မှာ သွားလာနေတဲ့ ငါမန်းကြီးတော့ အကြီးကြီးပါပဲနော်။

(၂၃)

မိုနိုပိုလီ က လူကြီးများ ရောက်နေတာလားနော်။

(၂၄)

ဒီလူကြီးက ဘာများမြင်လိုက်လို့ အဲ့လောက်တောင် မျက်နာ ရှုံ့သွားရတာလဲနော်။

(၂၅)

အထင်မမှားလိုက်ပါနဲ့အုံး။

ကောင်မလေး နှမ်းဖို့ လုပ်နေတာက သူစိမ်းက နောက်မှာ ကွယ်နေတဲ့ ကာင်လေးကိုပါနော်။

(၂၆)

ဒီမြင်းကတော့ ကောင်မလေးတွေနဲ့အတူ အရမ်းကို ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

(၂၇)

ဒီခွေးလေးက သူ့သခင် မင်္ဂလာဆောင်မှာ ဘယ်လောက်တောင် ပျော်နေလဲ မသိဘူးနော်။

သူကတော့ လူတိုင်းရဲ့ အာရုံကို ဖမ်းစားသွားလို့ မင်္ဂလာဆောင်တဲ့ သူ့သခင်ကိုတောင် သတိမထားမိကြတော့ပါဘူး။

(၂၈)

သစ်ကုလားအုပ်ကလည်း တော်တော်လေး မျက်နာရူးတာပဲ။

Ref: Brightside, Internet

  နဲ့