အူတက်သွားစေမယ့် ကမ္ဘာ့အနှံ့က ရယ်ရခက်ငိုရခက် ထူးဆန်းယူနီဖောင်းများ

မင်္ဂလာပါ။ Shwe Nyan Shin ပေ့ချ်မှကြိုဆိုလိုက်ပါတယ်။ အသင်းအဖွဲ့တစ်ခုတည်းမှာ အလုပ်လုပ်ကိုင်တဲ့အခါမှာ ထိုအသင်းအဖွဲ့ရဲ့ ကိုယ်စားပြုအမှတ်အသားအနေနဲ့ ယူနီဖောင်းဆင်တူတွေကို ဝတ်ဆင်ကြပြီး အလုပ် လုပ်ကိုင်ကြလေ့ရှိပါတယ်။ ယူနီဖောင်းချုပ်လုပ်တဲ့အခါမှာလည်း အသင်းအဖွဲ့ကို ကိုယ်စားပြုတာကြောင့် လှပခန့်ညားဖို့နဲ့ စတိုင်ကျဖို့ အသားပေးချုပ်လုပ်လုပ်လေ့ရှိပါတယ်။

ဒါပေမယ့် အခုဖော်ပြပေးမယ့် ယူနီဖောင်းတွေကတော့ မြင်သူတိုင်းကိုရယ်ရခက် ငိုရခက်ဖြစ်သွားစေနိုင်မယ့် ဒီဇိုင်းတွေနဲ့ ဖန်တီးချုပ်လုပ်ထားတာပဲဖြစ်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည်Shwe Nyan Shin ပေ့ချ်မှ ရေးသားတင်ဆက်ခြင်းဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ဖရဲသီးရေခဲချောင်းလေးကို မြင်တာနဲ့ တန်းသတိရမယ့်ဦးထုပ်ဒီဇိုင်း..

(၂)

အဝတ်အစားတွေ တစ်ထပ်ပြီး တစ်ထပ်ဝတ်တာက အလုပ်ရှုပ်ပါတယ်။ ယူနီဖောင်းတစ်ထည်တည်းမှာပဲ အကုန်လုံးပါအောင် ချုပ်လိုက်တာအကောင်းဆုံးပဲ (Shwe Nyan Shin)

(၃)

အမျိုးသမီးဝတ်ရော အမျိုးသားဝတ်ပါ အဆင်ပြေအောင် တမင်ချုပ်ပေးထားတာထင်ပါရဲ့

(၄)

စစ်ယူနီဖောင်းတွေကို ကြည့်ပြီး တလက်လက်တောက်ပနေလို့ မျက်စိတွေတောင်ကျိန်းနေပြီနော်။ (Shwe Nyan Shin)

(၅)

ပြိုင်ဖက်တွေအားလုံး ကြောက်ပြီးငြိမ်ကျသွားအောင် ကျား ဝတ်စုံ

(၆)

အမေချစ်သားလေး ဘောလုံးပွဲဝင်ပြိုင်ရသောအခါ (Shwe Nyan Shin)

(၇)

အာကာသပညာရှင်မဖြစ်နိုင်ဘူးလား…၁၉၆၀ခုနှစ်လောက်မှာဆိုရင် လေယာဉ်မယ်ဝင်လုပ်နိုင်ပါတယ်နော်…

(၈)

ကင်ဆာတိုက်ဖျက်နေရသူတွေအတွက် အကူအညီပေးရတဲ့ အသင်းအဖွဲ့ရဲ့ ဝတ်စုံ..ချစ်စရာ ပန်းရောင်လေး (Shwe Nyan Shin)

(၉)

ယောကျာ်းလေးဆိုရင် ပန်းရောင်မဝတ်ရဘူးလို့ ဘယ်သူပြောလဲ

(၁၀)

ဖက်ရှင်က မိမိုက်လွန်းနေလို့ စစ်မှုထမ်းနေတာလား..ရုပ်ရှင်ရိုက်နေတာလား မသဲကွဲတော့ဘူးနော် (Shwe Nyan Shin)

(၁၁)

လက်နက်ကိုင်ထားရတဲ့ အဖွဲ့အစည်းတစ်ခုအတွက် ဒီလိုယူနီဖောင်းကတော့ နည်းနည်းတော့ လွဲနေသလိုပဲ

(၁၂)

ရေကူးရင်းနဲ့ တရားသဘော ရှုမှတ်လို့ရတာပေါ့ (Shwe Nyan Shin)

(၁၃)

မင်းသားတွေချည်းပဲ စုနေသလား အောက်မေ့ရတဲ့ တောင်ကိုရီးယားရဲတွေ

(၁၄)

ကြွက်သားတွေရအောင် လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင် ကြွက်သားတွေပါတဲ့ အင်္ကျီဝတ်ပါ။(Shwe Nyan Shin)

(၁၅)

သင်မြင်ဖူးတဲ့ ယူနီဖောင်းတွေထဲက လုံးဝကွဲထွက်နေမှာ သေချာတယ်

(၁၆)

လူကြီးလူကောင်းတို့ရဲ့ ဘောလုံးပွဲ(Shwe Nyan Shin)

(၁၇)

မွန်ဂိုစစ်တပ်ရဲ့ တမူထူးခြားလွန်းတဲ့ ယူနီဖောင်း

(၁၈)

ဦးထုပ်ကြီးရဲ့ အလေးချိန်ကို ခေါင်းက ခံနိုင်ရဲ့လားဆိုတာကို သိချင်ပါရဲ့(Shwe Nyan Shin)

(၁၉)

အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ယူနီဖောင်း

(၂၀)

ကြည့်ရတာ ပြေးရင်းလွှားရင်း ရင်ဘက်နားက ပိတ်စလေးတွေက တခါခါဖြစ်အောင်ထင်ပါရဲ့ (Shwe Nyan Shin)

(၂၁)

ပြင်သစ်ကတော့ ခပ်ချေချေပဲ သားရေအထည်တွေကို ချုပ်ဝတ်ပစ်တာ

(၂၂)

ဒီယူနီဖောင်းကို ကြည့်ပြီး တစ်စုံတစ်ခုကို သတိမရကြဘူးလား(Shwe Nyan Shin)

(၂၃)

၂၀၁၄ဆောင်းရာသီအိုလံပစ်တုန်းက ဝတ်ဆင်ခဲ့တဲ့ .ယူနီဖောင်းဒီဇိုင်း…

(၂၄)

သင့်အာရုံတွေကို ဖမ်းစားနိုင်မယ့် တရုတ်လေယာဉ်မယ်တပ်ဖွဲ့(Shwe Nyan Shin)

(၂၅)

တစ်ကိုယ်လုံးမည်းနက်နေအောင် ဝတ်ဆင်ရတာတင် အားမရသေးလို့ မျက်နှာပါ အမည်းနက်နက် ခြယ်ပစ်လိုက်တဲ့ ထိုင်ဝမ်တပ်ဖွဲ့

(၂၆)

ရီမာနီ မြို့တော်ရဲတပ်ဖွဲ့တွေဟာ အများအာရုံကို အလွယ်တကူဖမ်းစားနိုင်မယ့် ယူနီဖောင်းအရောင်နဲ့ ဒီဇိုင်းကို ချုပ်လုပ်ထားကြပါတယ်။ (Shwe Nyan Shin)

(၂၇)

အီဂျစ်ကလာမှန်းတန်းသိစေနိုင်မယ့် ယူနီဖောင်း

(၂၈)

ကိုရီးယားရေတပ် ဟယ်ဂွန်းက ရေငုပ်သမားတွေရဲ့ တစ်မူထူးခြားနေတဲ့ ဝတ်စုံ (Shwe Nyan Shin)

ဖော်ပြပေးခဲ့တဲ့ ယူနီဖောင်းဒီဇိုင်းတွေက ကိုယ်မြင်ဖူးနေကျ ယူနီဖောင်းတွေနဲ့ .ယှဉ်လိုက်ရင် ထူးထူးခြားခြားကွဲထွက်နေတယ်နော်။ ပရိသတ်တို့ရော ဘယ်ယူနီဖောင်း ဒီဇိုင်းကို သဘောကျလဲ။ ဘာကြောင့် သဘောကျလဲဆိုတာကို ကောမန့်မှာ ရေးပေးခဲ့ကြပါအုံး

Written By Yoshi (Shwe Nyan Shin)
Ref:Brightside

  နဲ့