ကြိုက်မရှက်၊ ငိုက်မရှက်ဖြစ်ကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံ (၂၅) ပုံ

မင်္ဂလာပါ။ သင်္ကေတရဲ့ ရွှေဉာဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။ မြန်မာစကားပုံမှ ကြိုက်မရှက်၊ ငိုက်မရှက်ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။

ဒီစကားပုံလေးက အားလုံးသိကြတဲ့အတိုင်းပဲ လူတွေဟာချစ်ခြင်း မေတ္တာနဲ့တွေ့တဲ့အခါမျိုးမှာ ကိုယ်ကြိုက်နှစ်သက်တဲ့လူကို ပိုးပန်းဖို့တွက် ဘယ်အရာမဆို မရှက်ပဲပြုလုပ်တတ် ကြလေ့ရှိပါတယ်။

ဒီလိုပါပဲ အိပ်ချင်ပြီး အိပ်ငိုက်လာတဲ့အခါမျိုးမှာလည်း ဘယ်လိုမှမရှက်နိုင်ကြတော့ပါဘူး။

တအားပင်ပန်းနေပြီး အိပ်ချင်လာပြီဆိုရင် ဘယ်လိုမှအိန္ဒြေမဆောင်နိုင်တတ်ကြတာမို့ တစ်ချို့အိပ်ပျော်နေ ကြတဲ့ ပံုံတွေက ချစ်စရာ ကောင်းပြီး၊

ရယ်စရာလည်းကောင်း နေ တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ရွှေဉာဏ်ရှင် ပရိသတ်တွေအတွက် ရယ်မောစရာကောင်းလွန်းလှတဲ့ လူတစ်ချို့အိပ်ပျောနေတဲ့ ဓာတ်ပုံ(၂၅) ပုံကိုတင်ဆက် ပေးလိုက်ပါတယ်။

(ယခုဖော်ပြပါ အကြောင်းအရာမှာ ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

ဒီနေရာမှာအိပ်ဖို့ စိတ်ကူးကိုသူဘယ်လိုများ ရရှိခဲ့ပါလိမ့်နော်..

ကြည့်ရတာ စာကြည့်တိုက်သို့မဟုတ် စာအုပ်ဆိုင်ကဝန်ထမ်းတစ်ဦး ဖြစ်ပုံရပါတယ်။ သူဘယ်လောက်များ အိပ်ချင်နေသလဲဆိုတာ သူ့ရဲ့ ပုံလေးကိုမြင် လိုက်ရုံနဲ့  သိသာနိုင်ပါတယ်။

စာအုပ်စင်လေးပေါ်မှာ မရအရနှစ်နှစ် ခြိုက်ခြိုက်အိပ်မောကျနေပုံက တကယ့်ကို ငိုက်မရှက်ဖြစ်သွားလို့ပဲ ဖြစ်မှာပါ။

(၂)

ကိုယ့်ကိုဂရုစိုက်ပေးတတ်တဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေရှိတာ ဘုရားပေးတဲ့ဆုပါ…

သူကအရမ်းကို အိပ်ချင်နေပြီး ထိုင်ခုံပေါ်မှာတင် အိပ်ပျော်သွားတဲ့အခါ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်သူ ငယ်ချင်းတွေ က စက္ကူပုံးတွေနဲ့ အမိုးအကာပုံစံလေး တည်ဆောက်ပေးခဲ့ပြီး အမှတ်တရဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

(၃)

ဒီကလေးဟာ သူ့ဓာတ်ပုံပြန်မြင်လိုက်တာနဲ့ ဂုဏ်ယူနေမယ်ဆိုတာ လောင်းရဲပါတယ်။

ပုံထဲမှာ ကလေးတစ်ယောက်က တွေ့ဆုံစားပွဲတစ်ခုမှာ အလွန်အမင်းအိပ်မောကျနေခဲ့ပါတယ်။

ဒီနေရာကို ရောက်လာတဲ့ အမေရိကန်သမ္မတ ဘားရတ်အို ဘားမားက စနောက်ခဲ့တဲ့နောက်မှာတော့ ဒီဓာတ်ပံုံတွေ ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူနိုးလာလို့ ဒီဓာတ်ပုံကိုတွေ့လိုက်တာနဲ့ သူဂုဏ်ယူနေမှာ အသေ အချာပဲဖြစ်ပါတယ်။

(၄)

တာဝန်ဝတ္တရားတွေအားလုံးကို စိတ်ပျက်သွားတဲ့အခါ…။

အလုပ်တာဝန် ဝတ္တရားတွေ များတာကြောင့် စိတ်ဖိစီးမှုတွေဖြစ်ပြီး ဘာမှလုပ်ကိုင်လိုစိတ်မရှိတဲ့အခါ ဒီအမျိုး သမီးဟာ ချက်ချင်းဆိုသလိုပဲ အလုပ်စားပွဲ ပေါ်တက်ပြီး အိပ်လိုက်ပါတော့တယ်။

သူမဟာ အလုပ်စားပွဲပေါ်ကို တက်အိပ်တာ ဆိုးပေမယ့်လည်း သူမအနေနဲ့ တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေတာကို မြင်ရတော့ ဘယ်လောက်တောင်များ သူ့မှာဖိစီးမှုတွေရှိနေလဲဆိုတာ ကိုယ်ချင်းစာမိပါရဲ့။

(၅)

ပင်ပန်းနေတဲ့အခါမျိုးမှာ ဆိုရင် ဘယ်နေရာမှာမဆို အိပ်ပျော်နိုင်ပါတယ်။

တကယ်လို့ သင်ဟာအရမ်းကို ပင်ပန်းနေမယ်ဆိုရင် သင်အိပ်ပျော်ဖို့အတွက် မွေ့ယာကောင်းကောင်းတစ်ခု ရှာနေစရာမလိုပါဘူး။

သင်ဟာ ဘယ်နေရာမှာ မဆို အိပ်ပျော်နိုင်တယ်ဆိုတာကို အာမခံပါတယ်။ ဥပမာ ဒီပုံကိုပဲ ကြည့်လိုက်ပါတော့။

(၆)

အနေအထားက အရေးမကြီးပါဘူး

သင်ဟာတကယ့်ကို မျက်လုံးမဖွင့်နိုင်အောင် အိပ်ချင်လာပြီဆိုရင်တော့ ဘယ်နေရာမှာမဆိုအိပ်နိုင်တာကို သိထားပြီးပါပြီ။

ဒါပေမယ့်နောက်တစ်ချက်က ဘယ်လိုအနေအထားမျိုးမှာမဆိုလဲ အိပ်ပျော်နိုင်သေးတယ်ဆိုတာကို ဒီဓာတ်ပုံထဲက လူက သက်သေပြနေပါတယ်။

(၇)

ထူးဆန်းစွာ အိပ်ပျော်နည်းတစ်မျိုး

ခုဏတုန်းကလည်း ရှင်းပြပြီးပါပြီ..အိပ်ချင်လာရင် ဘယ်ပုံမျိုးနဲ့မဆို အိပ်နိုင်ပါတယ်။

အခုဆိုရင်လည်း ကလေးလေးက ထိုင်ခုံကိုမျက်နှာအပ်ပြီး မတ်တပ် ကြီး အိပ်ပျော်နေတာပဲ ဖြစ်ပါတယ်။

(၈)

အပေါ်ရောက်ရင်တော့ နိုးလာကောင်းပါရဲ့…

ဘယ်လောက်တောင် အိပ်ချင်နေသလဲဆိုတာ စက်လှေကားစီးရင်းတောင် အိပ်ပျော်လာပါတယ်။

ဒီတော့ အပေါ်ဆုံးအဆင့်မရောက်ခင် အမြန်နိုးလာပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

(၉)

ဆယ်လီတွေလည်း ဖြစ်သလိုအိပ်တတ်ပါတယ်။ ဆယ်လီတွေဟာလည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရတဲ့အထဲမှာ ထိပ်ဆုံးက ပါပါတယ်။

ဒါကြောင့်သူတို့လည်း သွားလေရာမှာ နားတဲ့အချိန်တွေမှာ ရရင်ရ သလို အိပ်ကြလေ့ရှိပါတယ်။ အိပ်ဖို့အတွက် အထူးအထွေမစီစဉ်နိုင်ပဲ ဖြစ်သလိုအိပ်တတ်မှသာ အိပ်ရေးဝမှာဖြစ်ကြောင်း သူတို့နားလည်ထားပါတယ်။

(၁၀)

အကယ်ဒမီဆုပေးပွဲမှာတောင် အိပ်ပျော်နေတဲ့အခါ

အကယ်ဒမီဆုပေးပွဲလိုနေရာမျိုးဆိုတာ ဘယ်သူတွေဆုရသလဲ ကြေညာမှုကို ရင်ခုန်စွာနဲ့စောင့်စားေ့လ ရှိကြတာမျိုးပါ။

ဒါပေမယ့် ဒီလိုပွဲမျိုးမှာတောင်မှ အိပ်ပျော်နေတာဆိုတော့ သူဘယ်လောက်တောင်များ အိပ်ရေးတွေ ပျက်ခဲ့ပါလိမ့်နော်။

(၁၁)

တီဗီရှိုးမှာလည်း အိပ်ပျော်တတ်ပါတယ်…

ငိုက်မရှက်ဘူးဆိုတဲ့စကားနဲ့ အတော်လေးကို ကိုက်ညီပါတယ်။ တစ်တိုင်းပြည်လုံးကို လွှင့်တဲ့ တီဗီရှိုးမှာလည်း အိပ်ပျော်ခဲ့တဲ့ အဖြစ်အပျက်တကယ့်ကို ရှိခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးနေတဲ့ အကြောင်းအရာက စိတ်ဝင်စားဖို့ မကောင်းလို့များလား…ဒါမှမဟုတ်အတော်လေးကို အိပ်ချင်နေလို့ပဲလား ဆိုတာ တော့….

(၁၂)

အရမ်းကို အဆင်ပြေနေပါတယ်နော် ။ ရိုးရိုးသားသားပြောရမယ်ဆိုရင် သူ့ကိုနားလည်ပါတယ်။

ဘာလို့လဲဆိုတော့ သူအိပ်နေတဲ့ဆိုဖာက အိပ်ရတာ သိပ်ကို အဆင်ပြေစေနေလို့ပဲ ဖြစ်ပါတယ်။ ကိုယ်ဆိုရင်လဲ တကယ်အိပ်ချင်နေပြီဆိုရင် အဲဒီနေရာမှာ နိုးမှာတောင် မဟုတ်ပါဘူး။

(၁၃)

စာမေးပွဲနီးနေပြီဆိုတာ ၉၀ရာခိုင်နှုန်းသေချာပါတယ်

ဒီပုံထဲက မိန်းကလေးဟာ စာမေးပွဲနီးနေလို့ မအိပ်မနေကြိုးစားရင်း အိပ်ချင်လွန်းလို့ စိတ်လွတ်လက်လွတ် အိပ်ပျော်သွားတာပဲ ဖြစ်ပါတယ်။

စာမေးပွဲနီး လာရင် မအိပ်မနေမကြိုးစားကြနဲ့နော်…ဒီလိုအိပ်ပျော်သွားလို့ စာမေးပွဲအချိန် မမှီပဲ နေနေဦးမယ်။

(၁၄)

ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာ ဘာတွေဖြစ်နေလဲ ဂရုမစိုက်တာပါပဲ..

အသံတွေဆူညံနေလား၊ ဘေးပတ်ဝန်းကျင်မှာဘာတွေဖြစ်နေမလဲ ဂရုမစိုက်ပဲ အိပ်တတ်ခြင်းကသာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။

(၁၅)

ဒီနေရာ အိပ်ဖို့ အကောင်းဆုံးနေရာလို့များ ထင်နေသလားဟယ်…

ပလက်ဖောင်းပေါ်က စည်းခြားထားတဲ့ ကြိုးလေးတွေပေါ်မှာ ရအောင်အိပ်တဲ့ သူ့ရဲ့စကေးကိုတော့ လုံးဝကို လက်ဖျားခါလောက်ပါတယ်နော်။ လိုက်လဲ အိပ်ကြည့်ဖို့ မကြိုးစားကြပါနဲ့ဦး။

(၁၆)

သာသာယာယာ အိပ်နေလိုက်..ပြီးမှ ဖိနပ်ပျောက်တယ် မပြောနဲ့နော်။

ကုန်တင်ကားကြီးရဲ့အောက်မှာ ပုခက်ဆင်ပြီး ဝင်အိပ်နေတဲ့ သူတစ်ယောက်ပါ။

သူကဖိနပ်ချွတ်ပြီး အိပ်နေတာ ဖြစ်လို့ မတော်တဆများ ကားကမောင်း ထွက်သွားမယ် ဆိုရင်တော့ သူနိုးလာတဲ့အခါ ဖိနပ်ပျောက်မှာ အသေချာပါပဲ။

(၁၇)

ဘာမှမစိုးရိမ်ပါနဲ့နော်..

ကဲအိပ်နေတဲ့ပုံကို ကြည့်လိုက်ကြပါဦး…။ အိပ်စရာနေရာရှားလို့…မတော်တဆများ ရေထဲကျသွားမှာ မစိုးရိမ်ဘူးလား မသိ။

ဒါပေမယ့်သူ့ကို ကြည့်ရတာ ဒီလိုအိပ်တာ အတော်လေးကို ကျွမ်းကျင်ပုံရပါတယ်။ ဒီတော့ မစိုးရိမ်ပါနဲ့လို့ပဲ မှာလိုက်ချင်ပါတယ်။

(၁၈)

တစ်ခါတလေမှာ မင်းအနားယူဖို့ လိုကိုလိုအပ်နေတဲ့အခါ

ဘယ်နေရာမှာဖြစ်ဖြစ် အနားယူတတ်ဖို့ပဲ လိုပါတယ်။ အရမ်းပင်ပန်းလွန်းနေချိန်မျိုးမှာ ကိုယ်အဆင်ပြေတဲ့ နေရာမျိုးမှာ ကိုယ်နေချင်သလိုနေ လိုက်တာက လည်း မှန်ကန်တဲ့အနားယူခြင်းမျိုးပဲ ဖြစ်ပါတယ်။

(၁၉)

ဘဲလေးအကသမား ဖြစ်ဖို့များ အိပ်မက်နေသလား

အိပ်နေတဲ့ကောင်လေးဟာ အိမ်မက်ထဲမှာ ဘဲလေးအကများ ကနေသလား ထင်ရအောင် ကော့လန်ပြီး အိပ်နေတာပဲ ဖြစ်ပါတယ်။

ခြေထောက်လေးတွေ လည်း ပျော့ပြောင်းပြီး နောက်ကျောဖက်ကို တောင်ထိနေတာဆိုတော့ အိပ်နည်းအသစ်အဆန်းအဖြစ် မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်။

(၂၀)

ဘယ်လိုတွေတောင် အိပ်နေရတာလဲ

ဟောက်သံတွေတောင်ထွက်တဲ့အထိ အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ ဒီဓာတ်ပုံကို တင်ထားတဲ့သူတွေက ငါတို့မှာလည်း အသံပါရမီရှင်ရှိတယ် လို့ ရေးပြီးတင်ထားခဲ့ပါတယ်။

သူဘယ်လောက်တောင် အိပ်ရေးပျက်လို့များ ဒီလောက်ထိ အိပ်ပျော်သွားလဲလို့တောင် သနားမိသွားပါတယ်။

(၂၁)

လျောကျနေလည်း ဆက်အိပ်မယ်

အိပ်ပျော်ပြီး ခုံပေါ်ကတောင်လျောကျနေလည်း မနိုးသေးပဲ ဆက်လက်အိပ်စက်လို့ ကောင်းနေတဲ့ လူတစ်ဦးရဲ့ ဓာတ်ပုံလေးပါပဲ။ ရယ်ဖို့တောင်ကောင်း သွားပါတယ်နော်။

(၂၂)

အိပ်ရတာ နွေးထွေးလိုက်တာ…

ဘယ်လိုတွေတောင် အိပ်နေကြပါလိမ့်…ဘတ်စကားတစ်စီးပေါ်မှာ အိပ်ပျော်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ဘတ်ပေါ်မှာ အမျိုးသားတစ်ယောက်က မှီပြီး အိပ်ပျော်နေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

ဒီအမျိုးသား အိပ်ပျော်နေရင်းနဲ့ ဘာတွေများ အိမ်မက်မက်နေမလဲလို့ တွေးလိုက်မိပါရဲ့။

(၂၃)

သက်တောင့်သက်သာဖြစ်ခြင်းကို လူတိုင်းနှစ်သက်ပါတယ်။

မတ်တပ်ရပ်ပြီး အိပ်ရတယ်ဆိုပေမယ့်လည်း သက်တောင့်သက်သာဖြစ်ဖို့တော့ လိုပါတယ်။

ဒီတော့မတ်တပ်ရပ် နေရပေမယ့် ခေါင်းကတော့ အိပ်ဆောင် ခေါင်းအုံးလေးကို အုံးမှ ဖြစ်မှာပေါ့။

(၂၄)

အေးအေး အဲဒီမှာ အေးအေးဆေးအေး အိပ်ပျော်နေလိုက်။ ဘယ်လောက်တောင် အိပ်ပျော်နေတဲ့ လူစ်ယောက်ပါလဲ။

သူမှောက်အိပ်နေတဲ့ ပုခုံးပေါ်ကို ခွက်အလွတ်တွေ စီပြီး အဆင့်ဆင့် စီတင်ထားတာ တော်တော်မြင့် မြင့် ကိုရောက်နေပါပြီ…။ သူကတော့ မနိုးသေးပါဘူး။

(၂၅)

ပုံပြင်ဖတ်ရင်းတူတူ အိပ်ကြမယ်

စင်တာကလော့က ကလေးငယ်လေးကို ပုံပြင်ဖတ်ပြရင်း သူပါအိပ်ပျော်သွားတဲ့အခါ ဒီချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးထွက်လာတာပဲ ဖြစ်ပါတယ်။

Ref; Brightside

  နဲ့