ကြည့်လိုက်တာနဲ့ စိတ်ထဲကနေ တစိမ့်စိမ့် ကြောက်ရွံ့သွားစေမယ့် ဓာတ်ပုံ (၂၅) ပုံ

မင်္ဂလာပါ။ သင်္ကေတရဲ့ ရွှေဉာဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။

လူတွေဟာဘာကြောင့်များ ထိတ်လန့်စရာ ရုပ်ရှင်မျိုးတွေကို ကြည့်လေ့ရှိပြီး သရဲခြောက်တဲ့အိမ်တွေကို သွားလည်ကြပါလိမ့်လို့ တွေးမိဖူး ကြမယ်ထင်ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ကြောက်ရွံ့ခြင်းက တစ်ခါတရံမှာ လူတစ်ယောက်ရဲ့စိတ်ကို ကျေနပ်ပျော်ရွှင်မှု ခံစားရစေတယ်လို့လည်း ဆိုပါတယ်။

သင်ကောကြောက်တတ်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးသွားမယ့် ဓာတ်ပုံတွေက ကျောရိုးထဲကကို စိမ့်လာစေတဲ့ခံစားချက်တွေရနိုင်မှာ အသေချာပါပဲ။

ဘယ်လိုကျောချမ်းစရာ ဓာတ်ပုံတွေပါမလဲဆိုတာကိုတော့ အခုပဲကြည့်ရှုလိုက်ကြရအောင်ပါ။ (ယခုအကြောင်းအရာကို ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

Aerophobia (လေယာဉ်စီးရခြင်းကို ကြောက်တဲ့ရောဂါ) ရှိသူတိုင်းအတွက် အိပ်မက်ဆိုး မက်သွားစေနိုင်တဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။

လေယာဉ်တာဘိုင်တစ်ခုက စုတ်ပြတ်သပ် ချို့ယွင်းနေပုံရတဲ့အတွက် စီးနင်းလိုက်ပါသူတွေရဲ့ ရင်ထဲမှာ ဘယ်လောက်များကြောက်သွားမလဲဆိုတာ ဖော်ပြဖု့ိစကားလုံးတောင် ရှာမရပါဘူး။

ရှိသမျှ၊ တတ်သမျှ ဘုရားစာအကုန်ရွတ်ဆိုပြီး စီးရမယ်ဆိုတာတော့ အသေချာပဲ ဖြစ်ပါတယ်။

(၂)

ညအချိန်မှာမြင်လိုက်ရတဲ့ အရောင်ထွက်နေတဲ့ သိုးမျက်လုံးတွေ။

ဒီပုံကိုကြည့်လိုက်တာနဲ့  သိုးတွေဆိုတာ ညဖက်မှာ မကောင်းဆိုးဝါးတွေ ဝင်ပူးနေတတ်တယ်လို့တောင် ပြောစမှတ်တွင်သွားစေတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။

ညနေဝင်ရီတရောအချိန်မှာ ရိုက်ထားလိုက်တဲ့ ဒီဓာတ်ပုံဟာ ကင်မရာအလင်းရောင်ကြောင့်ပဲ ဆိုဆို၊ ဘယ်လိုပဲ ဖြစ်ဖြစ် သိုးမျက်လုံးတွေက ခုလို အရောင်ထွက်နေတာ ကြောက်စရာ မကောင်းဘူးလားနော်။

(၃)

မြေအောက်ရထားပေါ်မှာ ကောင်လေးတစ်ယောက် ရိုက်ခဲ့တဲ့ဓာတ်ပုံ ဖြစ်ပါတယ်။

သူထင်တာက ကောင်မလေးတစ်ယောက် သူ့ကိုကြည့်နေခဲ့ပြီး မျက်လုံးတွေက ပြုံးပြနေတယ်လို့ ထင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တစ်ခုခုမှားနေတယ်ဆိုတဲ့ စိတ်မသက်မသာဖြစ်မှုရှိနေခဲ့ပြီး အနားတိုးပြီးသွားကြည့်မှ သူမြင်နေ ရတာ ကောင်မလေးရဲ့မျက်လုံးမဟုတ်ပဲ ပါးစပ်ဖြစ်နေပါတယ်။ ကောင်မလေးက ပါးစပ်ဟပြီး အိပ်ပျော်နေခဲ့တာပဲ ဖြစ်ပါတယ်။

(၄)

ဓာတ်ပုံကိုကြည့်မိလိုက်ချင်း ဖြစ်ပေါ်စေတဲ့ ခံစားမှုက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အော်သံကို ကြားလိုက်ရသလိုပါပဲ။

တကယ်တမ်းကြတော့ ဒီပုံရိပ်ဟာ စွန့်ပစ်သွားတဲ့ နကျယ်ကောင်တွေရဲ့ အသိုက်တစ်ခုနဲ့ သစ်သား ရုပ်တုရဲ့ ဦးခေါင်းပိုင်းတစ်ခု … မတော်တဆ ထိစပ်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

ညဖက်သာ မြင်လိုက်ရရင် မတွေးဝံ့စရာပါပဲ။

(၅)

ပြုံးပြနေတယ်ဆိုတိုင်း မယုံပါနဲ့လို့ သတိပေးချင်ပါတယ်။

ဒီပုံလေးထဲမှာဆိုရင်လည်း ရုပ်ပုံကားချပ်မှာတော့ ပြုံးနေတာဖြစ်ပြီး သူ့ရဲ့ အရိပ်ကတော့ ကြောက်စရာကောင်းလှပါတယ်။

ဒီလိုပါပဲလူတွေမှာဆိုရင်လည်း ရှေ့မှာပြုံးပြုံးလေးနေပြီး နောက်ကျောကို ဓားနဲ့ထိုးသွားတတ်တဲ့ လူစားမျိုးတွေ အများကြီးရှိလို့ပဲ ဖြစ်ပါတယ်။

(၆)

ပထမဦးဆုံးအကြိမ်တူမလေးကို ထိန်းပေးတုန်းကကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဘာမှားနေမှန်းမသိပေမယ့် ကလေးငယ်က ခေါင်းကိုကင်းမြီးကောက်ထောင်သလို လုပ်ပြီးအိပ်ပျော်နေခဲ့ပါတယ်လို့ ပြောပြထားပေမယ့် ကြည့်မိတဲ့သူတွေကတော့ ဒါဘယ်လိုနည်းနဲ့မှ သွေးရိုးသားရိုး မဟုတ်နိုင်ဘူး ဆိုတာကို သိနေပြီပဲ ဖြစ်ပါတယ်။

(၇)

မုန်တိုင်းမလာမီ လေပြေလာတယ်တို့၊ မုန်တိုင်းမတိုက်မီ အေးဆေးတည်ငြိမ်သောတို့ ဆိုတာ တကယ်ပါပဲ။

မုန်တိုင်းမတိုက်မီရိုက်ထားတဲ့ ဒီဓာတ်ပုံထဲမှာဆိုရင်လည်း အရာရာဟာ ကြောက်စရာ ကောင်းလောက်အောင် တည်ငြိမ်နေတယ်ဆိုတာကို ခံစားလို့ရခဲ့ပါတယ်။

(၈)

ဒါလှပတဲ့ မြင်ကွင်းလား၊ လွမ်းစရာပုံရိပ်လား၊ ကြောက်စရာကျောချမ်းစေတဲ့ ဓာတ်ပုံတစ်ပုံလား။

ခံစားမိစေ တာကတော့ ကျောချမ်းစရာကောင်းတဲ့ ခံစားမှုဖက်ကို အလေးပေးနေတာ သေချာပါတယ်။

မကောင်းဆိုးဝါး တစ်ကောင်ကပဲ အိမ်လွမ်းနေသလိုလို၊ မကြာခင်ပဲ မကောင်းဆိုးဝါးတစ်ကောင် ထွက်ပေါ်လာတော့မှာလိုလို ခံစားချက်ကို ရရှိစေပါတယ်။

(၉)

ဗင်းနစ်မှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းတစ်ခုရဲ့ ပုံရိပ်ပါ။

လေဆင်နှာမောင်းဆိုတာ မုန်တိုင်းတွေလို အချိန်ကြာကြာ တိုက်ခတ်တာမျိုး မဟုတ်ပေမယ့် အဖျက်စွမ်းအားက အင်မတန်ကြီးမားတဲ့ သဘာဝဘေး အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။

သူသွားရာလမ်းကြောင်းမှာရှိတဲ့ အဆောက်အဦး၊ သက်ရှိ၊ သက်မဲ့အရာဝတ္ထု အားလုံးကို သိမ်းကျုံးဆွဲယူဖျက်ဆီးတတ်လွန်းလို့ လေဆင်နှာမောင်းရဲ့ ပုံရိပ်ကလည်း ကြက်သီးထစရာကောင်းနေခဲ့ပါတယ်။

(၁၀)

မျက်မှန်တစ်လက်ရဲ့ အကာကွယ်ပေးနိုင်မှုကို မျက်ဝါးထင်ထင်မြင်တွေ့ရတဲ့ အခိုက်အတန့်ကလည်း ကျောရိုးထဲကို စိမ့်နေစေပါတယ်။

သူသာ မျက်မှန်ကို ဝတ်မထားခဲ့ဘူး ဆိုလို့ရှိရင်တော့ သူ့မျက်လုံးတွေ ပေါက်ထွက်သွားမှာ အသေချာပါပဲ။

(၁၁)

ဒါကလည်း သြစတြေးလျမှာရှိတဲ့ အန္တရာယ်အရှိဆုံးပင့်ကူအမျိုးအစားတွေထဲက တစ်ကောင်ဖြစ်ပါတယ်။

တံမြက်စည်းလှည်းနေတုန်း ပါလာခဲ့တာဖြစ်ပြီး ခြံဝန်းထဲက မြက်ခြောက်တွေကို လက်နဲ့ကောက်မိရင်တော့ သူ့အဆိပ်ကြောင့် ဘယ်ဘဝကို ရောက်သွားမလဲဆိုတာ တွေးတောင်မှမတွေးရဲပါဘူး။

(၁၂)

မုန်တိုင်းမတိုက်ခင် မိနစ်အနည်းငယ်အလိုမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

မည်းမှောင်နေတဲ့ ကြောက်စရာကောင်းတဲ့ ကောင်းကင်ကို မြင်ရတာ မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကို သတိရသွားစေပါတယ်။

(၁၃)

ပြည်နယ်သုံးခုကိုဆက်စပ်ပေးတဲ့ ဟိုင်းဝေးလမ်းမကြီးတစ်ခု မိုးသည်းထန်စွာရွာသွန်းလို့ ပြိုကျနိမ့်ဆင်းနေတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။

လမ်းတွေပြိုတာ၊ တံတားတွေပြိုတာ မြင်ရရင် စိတ်ထဲမှာ ဘယ်လိုမှနေလို့ ကောင်းကြမှာ မဟုတ်တာ အသေအချာပါပဲ။

(၁၄)

ငါးခူမျိုးနွယ်ဝင် ငါးတစ်ကောင်ရဲ့ မျက်နှာကလည်း အင်မတန်ရုပ်ဆိုးလွန်းလှပါတယ်။

ဒီငါးကိုကြည့်ပြီး သရဲတောင် သိပ်မကြောက်ချင်တော့ပါဘူး။

(၁၅)

ထပ်ခိုးမှာတွေ့ခဲ့ရတဲ့ ပျားကြီးမျိုး(ပဒူကောင်)တွေရဲ့ အသိုက်တစ်ခု။

ဘယ်လောက် ထိတ်လန့်သွားမယ်ဆိုတာ ပြောပြဖို့ စကားတောင်မရှိပါဘူး။

အမြန်ဆုံးလွတ်အောင်ပြေးလို့သာ ပြောရမှာပဲ ဖြစ်ပါတယ်။

(၁၆)

ခြေလွတ်လက်လွတ် ထိန်းကြိုးမပါ..ဘာမပါပဲ တက်တဲ့တောင်တက်သမားတွေဟာ အရူးတွေဖြစ်ကြတယ်ဆိုပြီး ဓာတ်ပုံဆရာက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လိုက်တာနဲ့ အူယားစေပါတယ်။

(၁၇)

အိမ်သာသုံးစက္ကူကို လဲချိန်တန်နေပါပြီ။

ခဏခဏမလဲချင်ရင်တော့ စက္ကူလိပ်ကို လာလာဆော့ကစား ကိုက်ဖြတ်နေတဲ့ ကောင်ကို မိအောင်ဖမ်းပါလို့ အကြံပြုပါရစေ။

(၁၈)

ကားစီးနေတုန်း ထိုင်ခုံခါးပတ်ကို ပတ်ထားဖို့မမေ့ပါနဲ့ဆိုတာ အလကားပြောတာမဟုတ်ပါဘူး။

ဒီလို အသက်ကိုဖက်နဲ့ထုတ်ပြီး သွားနေရတဲ့လမ်းမှာ ကံလည်းကောင်းပါမှ၊ အသက်ကိုလည်း ဉာဏ်စောင့်ကာမှ တော်ကာကြမယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။

(၁၉)

ထိုင်ဝမ်ကမြေပြိုတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။

ဘယ်လောက်တောင်များ ကြောက်စရာ ကောင်းလိုက်ပါလိမ့်နော်။

ပုံထဲမှာ ဖြတ်သန်းသွားနေဆဲ ကားတွေကိုလည်း တွေ့လိုက်ရတဲ့အတွက် သူတို့ကတော့ ကံကောင်းလို့ လွတ်ခဲ့ပြီး

ဒီတောင်လိုပုံနေတဲ့ မြေစာပုံထဲကို ကားဘယ်နှစ်စီးများရောက်သွားပါလိမ့်လို့ တွေးမိတာကိုက ကျောချမ်းစရာ ကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။

(၂၀)

ရှေ့ဆက်သွားရမလား..။နောက်ပြန်ပြေးရမလား။ ဘယ်ကွေ့ရမလား။ ညာကွေ့ရမလား..

သိပ်ကိုဆုံးဖြတ်ရ ခက်တဲ့အချိန်မျိုးကို ကြုံနေရတဲ့ ယာဉ်မောင်းတစ်ဦးပဲဖြစ်ပါတယ်။

ဒီလိုပါပဲ..လက်တွေ့ဘဝတွေမှာလည်း ဆုံးဖြတ်ရခက်ခဲလွန်းတဲ့ အချိန်တွေရှိတတ်တာကို သတိရသွားစေပါတယ်။

(၂၁)

ဓာတ်ပုံရိုက်ထားတဲ့လူက ဖားပြုတ်ငယ်လေးများက အရုပ်ဆိုးသောအရာမဟုတ်ပါလို့ဆိုပြီး ပြောထားပါတယ်။

ဒါပေမယ့် ဖားကြောက်တဲ့သူတွေအတွက် ဒီပုံထဲကဖားပြုတ်ကတောင် ငယ်သေးတယ်ဆိုတော့ ဖားပြုတ်ကြီးသာဆိုရင် ဘယ်လောက်အူယားစရာ ကောင်းလိုက်လေမလဲလို့ တွေးမိစေမှာ အသေအချာပါပဲ။

(၂၂)

မီးခိုးမှိုင်းရိုက်ထားတဲ့ ပင့်ကူမျှင်တွေကို မြင်ရတာလည်း တော်တော်လေးကို စိတ်ပျက်ဖွယ်ကောင်းပါတယ်။

သရဲအိမ်တွေထဲက ပင့်ကူမျှင်တွေ ရှုပ်ပွနေတာနဲ့တူတော့ အဲဒီဖီလင်ကလည်း စိတ်ကိုနောက်ကျိရှုပ်ထွေး စေပါတယ်။

(၂၃)

ကံဆိုးလိုက်တာဆိုပြီး ဒီဓာတ်ပုံကိုရိုက်သူကပြောပေမယ့်လည်း သူခြေချောင်း ဘာမှ မဖြစ်သွားတာကိုပဲ ကံကောင်းနေပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ဖိနပ်မဝင်သွားပဲ ခြေချောင်းသာဝင်သွားရင်တော့ မတွေးရဲစရာပဲ ဖြစ်ပါတယ်။

(၂၄)

ရူးသွပ်စေလောက်တဲ့ တိမ်များရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

ဒီလိုမိုးတိမ်မျိုးကိုတောရွာတွေမှာ တွေ့တယ်ဆိုရင် နိမိတ်မကောင်းဘူးလို့ပြောလေ့ရှိကြပြီး သိပ္ပံပညာထွန်းကားတဲ့ မြို့ကြီးတွေမှာတော့ ဒါဟာဘာမှမဆန်းတဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုအဖြစ်သာ လက်ခံကြလေ့ရှိပါတယ်။

(၂၅)

ဓာတ်ဆီထည့်တဲ့ ပန့်ထဲမှာဝင်နေတဲ့ မြွေပွေး။

သူဘယ်လိုကြောင့် ဒီနေရာကိုရောက်ပြီး ခွေနေသလဲမသိပေမယ့် မကြည့်လိုက်ပဲ ပန့်ကိုဆွဲမိလိုက်တာနဲ့ ပေါက်ထည့်လိုက်မှာ အသေချာပါပဲ။

နောက်ဆုံးတော့ ဓာတ်ဆီထည့်ဖို့ ပြင်နေတဲ့လူဟာ တခြားဆိုင်ကို သွားလိုက်ရပါတော့တယ်။

 

ဘယ်ပုံတွေက သင့်ကိုကျောချမ်းစေသလဲဆိုတာ ဝေမျှပေးသွားပါဦးနော်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
Ref ;Brightside

  နဲ့