ဓာတ်ပုံနောက်မှာပါတဲ့ သူစိမ်းတွေက ဓာတ်ပုံကို ပိုပြီးအသက်ဝင်သွားစေတဲ့ အခိုက်အတန့်များ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဓာတ်ပုံတစ်ပုံရိုက်တဲ့အခါမှာ အများစု အာရုံစိုက်ကြလေ့ရှိတာကတော့ ဘယ်လိုပိုစ့်ပေးမလဲဆိုတာပါပဲ။

တစ်ခါတစ်လေမှာပတ်ဝန်းကျင်ကို စစ်ဆေးပြီးမှ ရိုက်ကြလေ့ရှိပေမယ့်လည်း တစ်ခါတစ်လေမှာတော့ ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ေမေ့သွားတတ်ကြပြန်ပါတယ်။ အဲ့ဒီအခါကျရင်တော့ ပတ်ဝန်းကျင်ကနေ မထင်မှတ်ထားတဲ့ အဖြစ်အပျက်လေးတွေပါလာတတ်ပါသေးတယ်။

ရိုးရိုးလေးပဲရိုက်လိုက်ပေမယ့် မမျှော်လင့်ဘဲ အဆန်းဆုံးဖြစ်သွားခဲ့ရတဲ့ ဓာတ်ပုံအလန်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

(ယခုဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်။)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

နေဝင်ချိန်လေးမှာ ဇနီးဖြစ်သူကို ကုန်းပိုးပြီး ရိုဆန်ဆန် ဓာတ်ပုံရိုက်နေတာကို လူကြီးတစ်ယောက်က အားကျသွားတယ်ထင်ပါရဲ့။

သူလည်းရိုက်ချင်တယ်ဆိုလို့ ကျွန်တော်က သူ့ကို ကုန်းပိုးပြီးရိုက်ပေးလိုက်ရတယ်။

(၂)

လူများတဲ့ ရှော့ပင်းမောမှာ မရမက ဒီဓာတ်ပုံလေးရအောင် ရိုက်လိုက်မိပါတယ်။

အနောက်မှာလည်းကြည့်လိုက်အုံး။ သူများအတွဲကြားထဲမှာ လာနှောင့်ယှက်တယ်ဆိုတော့ သေချာတယ်။

သူက FA စစ်စစ်ပဲ…

(၃)

ဒီမှာ နောက်တစ်ယောက်ပေါ့…

ချစ်သူတွေ ရိုဆန်ဆန်ဓာတ်ပုံရိုက်တာတောင် သူတို့တွေက လာဖျက်ဆီးကြတယ်နော်…

(၄)

ဒီရေမြင်းကတော့ သူတို့ နှစ်ယောက် လက်ထပ်လိုက်တာကို ခွင့်ပြုပေးလိုက်ပါတယ်တဲ့။

အရမ်းကို ကြည့်နူးဖွယ်ကောင်းတဲ့ ဓာတ်ပုံလေး တစ်ပုံပဲ ဖြစ်ပါတယ်။

(၅)

ကောင်မလေးတွေ ဓာတ်ပုံရိုက်နေတာကို

အနောက်က ကိုယ်တော်ချောက ဘာလို့ဝင်ရှုပ်..ချစ်ဖို့တော့ကောင်းသား..

(၆)

နိုင်ငံခြားသားတွေကို တွေ့ရင် ဓာတ်ပုံ အတူတူတွဲရိုက်ချင်ကြသူတွေရှိကြလား..

ဒီအာရုလူမျိုး မိသားစုကလည်း အနောက်တိုင်းသား ကလေးလေးကို ခေါ်ပြီး မိသားစုလိုက် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

(၇)

အထာကျကျ ဓာတ်ပုံထဲ ပါလာခဲ့တဲ့သူပါပဲ။

သတိမထားမိရင် မတွေ့နိုင်ပေမယ့် သတိထားမိလိုက်တဲ့အခါမှာတော့ မရယ်ဘဲ မနေနိုင်ဖြစ်သွားလိမ့်မယ်နော်။

(၈)

ခရက်ရှ်လေးဆီက အနမ်းကို ဓာတ်ပုံထဲကနေလည်း ရအောင်ယူနိုင်တယ်နော်…

သူ့ရဲ့ရုပ်က အသက်။

(၉)

ဟေး မင်းက အချိန်ကိုက်ကို နှောင့်ယှက်တတ်တာပဲနော်..

ငါဒီမှာ နန်းတော်ကြီးကို အမှတ်တရ ဓာတ်ပုံရိုက်နေတယ်လေကွာ။

(၁၀)

ကောင်မလေးတစ်ယောက် ဓာတ်ပုံရိုက်နေတာကို ကျွန်တော်ရအောင်နှောင့်ယှက်လိုက်တယ်လေ…

ပြီးတော့လည်း ကောင်မလေးဆီကတောင် ဓာတ်ပုံတောင်းလိုက်သေးတယ်။

(၁၁)

ကမ်းခြေမှာတွေ့ခဲ့တဲ့ အဖိုးအိုတစ်ယောက်က ကျွန်တော်တို့ ဇနီးမောင်နှံကို ဓာတ်ပုံရိုက်ပေးရမလား လာမေးခဲ့ပါတယ်။

ကျွန်တော့် မိန်းမကရိုက်ပေးပါလို့ ပြောလိုက်တော့ အဲ့အဖိုးက ဒီဓာတ်ပုံကို ရိုက်ပေးလိုက်တယ်။

(၁၂)

မင်္ဂလာဆောင်ဓာတ်ပုံရိုက်နေရင်း ပန်းခြံထဲမှာ အလန်းစားဝတ်ဆင်ထားတဲ့ အုပ်စုလိုက်နဲ့ တွေ့ခဲ့တယ်လေ..

သူတို့နဲ့တစ်ပုံလောက်ရိုက်လိုက်တာ အမှတ်တရအဖြစ်ဆုံးနဲ့ အလန်းစားဓာတ်ပုံလေးကိုရခဲ့ပါတယ်။

(၁၃)

သူများဇနီးမောင်နှံတွေ ဓာတ်ပုံရိုက်တာ လှလှလေးရိုက်ရပါစေ..

အနောက်ကနေ မနာလိုဖြစ်နေတဲ့ မျက်လုံးကြီးနဲ့နော်..

(၁၄)

မင်္ဂလာဆောင်အမှတ်တရဓာတ်ပုံရိုက်နေရင်း

လမ်းမပေါ်က အိမ်ခြေရာမဲ့ လူတစ်ယောက်ပါ ပျော်ပျော်ရွှင်ရွှင်နဲ့ ဓာတ်ပုံဝင်ရိုက်ခံခဲ့တာပါ။

(၁၅)

အချောအလှလေးတွေချည်း ဘီကနီနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေ…

နေပါအုံးနောက်ဆုံးက လူကကော။

(၁၆)

ဟိုးအနောက် မည်းမည်းကြီးက

သရဲလား..လူလား။

(၁၇)

ဓာတ်ပုံရိုက်မယ်အဆင့်သင့်ပြင်ထားကြပါ…၁…၂…..၃..

ဟိုးနေပါအုံး ကျွန်တော့် စက်ဘီးလေးခဏဖြတ်ချင်လို့..

(၁၈)

သူများဓာတ်ပုံအေးဆေးရိုက်နေတာကို

အနောက်ကနေ ဆရာကျကျ လာဖျက်ဆီးတာနော်။

(၁၉)

ခွေးဖြူလေးကို ချစ်လို့ ဓာတ်ပုံရိုက်နေတာကို

ကလေးမလေးက ရုတ်တရက်ဆိုသလို ဓာတ်ပုံလာအရိုက်ခံတဲ့အခါမှာတော့။

(၂၀)

ကိုယ့်ကိုကိုယ် ဆယ်လ်ဖီဆွဲမလို့ပါပဲ…

အရှေ့ကင်မရာက အရင်ပွင့်သွားပြီး အမျိုးသမီးကလည်းပိုစ့်တွေ ပေးနေတော့ ကျွန်မလည်း သူ့ကို ရိုက်ပေးလိုက်ရတာပေါ့

(၂၁)

မိသားစု ဓာတ်ပုံရိုက်တာကို သူ့ခေါ်မရိုက်လို့

ကင်မရာရှေ့ လာစိတ်ကောက်ပြနေတဲ့ ခွေးကလေး..

(၂၂)

သင်က ဝေလငါးတစ်ကောင်ဖြစ်ပေမယ့်လည်း ဓာတ်ပုံထဲမှာ ပါချင်သောအခါ..

ဘာပဲဖြစ်ဖြစ် အဆိုပါ သားအမိအတွက်တော့ လုံး၀ အမှတ်တရဖြစ်သွားတဲ့ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးမိသွားခဲ့ပါတယ်။

(၂၃)

စုံတွဲတွေကိုပဲ ဦးစားပေး ရိုက်ပေးနေတာကြောင့် နောက်ကလူကတော့ သူ့ကိုလည်း ဂရုစိုက်မိအောင် အတန်းရှင်း ယူနေတာက ရယ်စရာကောင်းလှပါတယ်။

(၂၄)

ကြောက်တယ်ဆိုတာ ဒါကို ခေါ်တာလား မသိဘူးနော်။ အပ်ကြောက်တတ်တဲ့သူကတော့ အသက်ဘယ်လောက်ကြီးပါစေ..

အပ်ကို ကြောက်တတ်တာတော့ အမှန်ပါပဲနော်။

ပရိသတ်တို့ထဲမှာကော ခုထိ အပ်ကြောက်တတ်သူတွေ ရှိကြလား မသိဘူးနော်။

(၂၅)

နောက်က ကောင်မလေးရဲ့ မျက်လုံးတွေက မနာလိုမှုတွေကို ဖော်ပြေနေသလား၊

ဒါမှမဟုတ် အားကျမှုတွေကို ဖော်ညွှန်းနေသလားနော်။

 

ရိုးရိုးရှင်းရှင်းရိုက်ကူးလိုက်တာဖြစ်ပေမယ့် ဆန်းကြယ်တဲ့ ဓာတ်ပုံလေးတွေဖြစ်သွားတဲ့ အပြင် ပျော်စရာလည်းကောင်းတယ်နော်။

ကိုယ့်မှာရော အဲ့ဒီလိုဓာတ်ပုံတွေရှိရင် မျှဝေပေးခဲ့ပါအုံး။

Written By Yoshi(Shwe Nyan Shin)
Ref:Brightside

  နဲ့