မင်္ဂလာပါ။Shwe Nyan Shin ပေ့ချ်မှကြိုဆိုလိုက်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတိရစ္ဆာန်တွေမှာ များစွာသော လျို့ဝှတ်ချက်တွေရှိပါတယ်။
တိရစ္ဆာန်တို့ရဲ့ ရှင်သန်မှုနဲ့ဘဝနေထိုင်မှုတွေကို ကျောင်းတွေမှာ သင်ကြားပေးလေ့ရှိပေမယ့် တချို့သောအရာတွေကို သင်ကြားခြင်းမခံခဲ့ရပါဘူး။
အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ သင်သိသေးမှာမဟုတ်တဲ့ အံ့သြလောက်စရာ အမှန်တရာတွေပဲဖြစ်ပါတယ်။
(ဖော်ပြပါအကြောင်းအရာသည် Shwe Nyan Shin ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
ဘဲတူဖျံတူကောင်တစ်ကောင်ရဲ့ခြေထောက်
(၂)
ဇီးကွက်ဘေဘီလေးတွေကလည်း ဒီလိုအိပ်တတ်ကြပါတယ်တဲ့ (Shwe Nyan Shin)
(၃)
ဝဝတုတ်တုတ်ပင်ကွင်းလေးတွေဆိုပြီးခြေတံတိုတိုလေးတွေပဲ ရှိတယ်မထင်လိုက်ပါနဲ့…သူတို့မှာလည်း ဒူးခေါင်းဆိုတာ ရှိပါတယ်။
(၄)
ကြောင်လေးတွေက အချိုအရသာကို မခံစားတတ်ပါဘူးတဲ့..ဘာလို့ဆို သူတို့ရဲ့ လျှာမှာအချိုအရသာကိုမခံစားနိုင်လို့ပါ။ (Shwe Nyan Shin)
(၅)
beaver အမည်ရတဲ့ တိလေးတွေရဲ့ရှေ့သွားတွေဟာ သံဓာတ်ပါဝင်တာကြောင့် လိမ္မော်ရောင် ရှိပါတယ်။
(၆)
နွားတွေက မကိုက်နိုင်ပါဘူး။ အကြောင်းကတော့ သူတို့မှာအပေါ်ဘက်အရှေ့သွားတွေမရှိလို့ပါ။ (Shwe Nyan Shin)
(၇)
Bearded vulture ဟာဌက်တွေအားလုံးထဲမှာ အလှပြင်တတ်တဲ့ဌက်တွေပဲဖြစ်ပါတယ်။ သူတို့ရဲ့အဖြူရောင်အမွှေးအတောင်တွေကို အရောင်ဆိုးဖို့အတွက် ရွွံှ့တွေနဲ့အလှဆင်ကြတာပဲဖြစ်ပါတယ်။
(၈)
လူသားဘေဘီလေးတွေလက်မစုပ်ကြသလိုမျိုး သူ့နှာမောင်းသူပြန်စုပ်နေတဲ့ ဘေဘီဆင်လေး (Shwe Nyan Shin)
(၉)
ဝေလငါးရဲ့အရိုးကြီးနဲ့လူတစ်ယောက်တို့ကိုယှဉ်လိုက်သောအခါ
(၁၀)
ဆင်တစ်ကောင်ရဲ့ခြေထောက်နဲ့လူသားတစ်ယောက်ရဲ့ခြေထောက်တု့ိက ကွာခြားမှုမရှိပါဘူး။ (Shwe Nyan Shin)
(၁၁)
သွေးစုပ်ဖုတ်ကောင်တွေလိုမျိုး သွားတွေပိုင်ဆိုင်ထားတဲ့တရုတ်ရေသမင်
(၁၂)
အိန္ဒိယမျိုးစိတ်ဖြစ်တဲ့ ရှဉ့်ကြီးဟာ အရောင်မျိုးစုံရှိနိုင်ပြီး ၃ပေအထိကြီးထွားနိုင်ပါတယ်။ (Shwe Nyan Shin)
(၁၃)
ငါးမန်းဥတွေဟာ ဖောက်ထွင်းမြင်နိုင်ပါတယ်။
(၁၄)
ဆင်တစ်ကောင်ရဲ့ခြေသည်းလက်သည်းက ဒီလိုပုံပါတဲ့ (Shwe Nyan Shin)
(၁၅)
မျိုးရိုးကွာခြားမှုကြောင့် ကြယ်ငါးတိုင်းဟာကြယ်ပုံစံမဖြစ်ပါဘူး။
(၁၆)
ကြောင်လေးတွေက ကိုယ်တွေကို လူသားတွေအဖြစ်မမြင်ဘဲ သူတို့ဘေးနားမှာ အတူတူရှိပေးနေတဲ့ ကြောင်သူငယ်ချင်းတွေလို့ပဲမြင်ပါတယ်တဲ့ (Shwe Nyan Shin)
(၁၇)
ပင်လယ်အော်တာကောင်လေးတွေဟာ အိပ်စက်တဲ့အခါမှာ တစ်ကောင်နဲ့တစ်ကောင် ကွဲကွာသွားမှာစိုးလို့ လက်ကိုင်ပြီးအိပ်တတ်ကြပါတယ်။
(၁၈)
ခွေးတစ်ကောင်ဟာ သင့်အနားမှာ နှာချေရင်း လုံးထွေးလာရင် သူတို့ဟာ သင့်ကိုနာကျင်စေချင်လို့မဟုတ်ဘဲ ဆော့ချင်ရုံသက်သက်ပဲဆိုတာကို အသိပေးတာပါ။ (Shwe Nyan Shin)
(၁၉)
ဘေဘီဆင်လေးတစ်ကောင်မွေးလာတဲ့အခါမှာ အုပ်စုထဲမှာရှိတဲ့ တခြားသော ဆင်မေမေတွေကလည်း ကောင်းချီးဝိုင်းပေးကြပါတယ်။
(၂၀)
အချစ်ဆုံးသူငယ်ချင်းဟာ လူသားတွေမှာတင်ရှိတာမဟုတ်ဘဲ နွားတွေမှာလည်းရှိပါတယ်။ နွားတွေဟာ သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ဆိုရင် ပိုပြီးပျော်ရွှင်တတ်ကြပါတယ်။ (Shwe Nyan Shin)
(၂၁)
အာဝုလေးတို့ပိုင်ရှင်တွေ ဝမ်းသာရမယ့်အချက်က အာဝုလေးတွေဟာ သူတို့ရဲ့သခင်ကိုပါ အိမ်မက်ထဲ ထည့်မက်ကြတယ်တဲ့
(၂၂)
ပန်းပွင့်တွေကြားထဲမှာ အိပ်စက်တတ်တဲ့ ကြွက်ပိစိလေးတွေလည်းရှိပါသေးတယ်။ (Shwe Nyan Shin)
(၂၃)
ပျားတွေဟာ ဝတ်မှုန်စုပ်ပြီးနောက် ပန်းပွင့်ပေါ်မှာတင် တစ်ရေးတစ်မောအိပ်သွားတတ်ကြပါသေးတယ်။
(၂၄)
ရေဗင်ဌက်တွေဟာ မျက်နှာတွေကိုမှတ်မိနိုင်စွမ်းရှိပြီး သူတို့ရဲ့ သူငယ်ချင်းတောင်ဖြစ်နိုင်ပါတယ်တဲ့ (Shwe Nyan Shin)
(၂၅)
ရှဉ့်ပေါက်လေးတွေမိဘမဲ့သွားချိန်မှာ တခြားသောရှဉ့်တွေက သူတို့ကို မွေးစားပေးပါတယ်။
အခုဖော်ပြပေးခဲ့တဲ့အချက်လေးတွေအတော်တော်များများဟာ တိလေးတွေအကြောင်းမသိသေးတာများတယ်နော်။ ပရိသတ်တို့အတွက် အံ့အားသင့်စေခဲ့တဲ့ အချက်တွေရှိရင်လည်း ပြောပြပေးခဲ့ပါအုံးနော်။
Written By Yoshi (Shwe Nyan Shin)
Ref:Brightside