မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
သဘာဝတရားနဲ့ လိုက်လျောညီထွေစွာနေတဲ့အခါမှာ သဘာဝတရားကလည်း လူတွေအတွက် ကောင်းကျိုးတွေကို ပြန်ပေးကြပါတယ်။
သဘာဝတရားကို လေးစားတတ်ခြင်းက ကောင်းကျိုးတွေကို ရစေနိုင်သလို ကိုယ့်ရဲ့ လူသားဆန်မှုတွေကိုလည်း ဖော်ပြရာရောက်ပါတယ်။
ဒါကို သက်သေပြနေတဲ့ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
ဝရန်တာ ဆောက်ဖို့အတွက် သစ်ပင်နဲ့မလွတ်ရင် မဖြစ်မနေ ခုတ်ပစ်ရမယ်လို့ ဘယ်သူမှမပြောဘူးနော်…
အခုလိုလေးလည်း ကြံဖန်ဆောက်လို့ ရပါတယ်လို့
(၂)
သစ်ပင်ကို ဖယ်ရှားပစ်လိုက်တာမျိုးမလုပ်ဘဲ
သဘာဝတရားက မဖြစ်မနေ လိုအပ်တဲ့အရာလို့ ခံယူထားပုံရပါတယ်.
(၃)
သဘာဝတရားကိုလည်း ချစ်မြတ်နိုးပြီး
တီထွင်နိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြထားတာပါပဲ
(၄)
လမ်းမကြီးပေါ်ကို ကိုင်းကျနေတဲ့ သစ်ပင်ကို မခုတ်ပစ်လိုက်ဘဲ
လူတွေ လွတ်လွတ်လပ်လပ်သွားလာနိုင်ဖို့အတွက်
သစ်ပင်ရဲ့ အရွက်တွေကိုပဲ ပုံသွင်းလိုက်တာပါ။
(၅)
ပစ္စည်းတွေထားဖို့ သိုလှောင်ရုံတင်မကဘူးနော်…
သစ်ပင်ကိုပါ သိုလှောင်ရုံထဲ ထည့်သိမ်းကြတယ်။
(၆)
သစ်ပင်ကို ခုတ်မပစ်ဘဲ ဒီအတိုင်း အိမ်ဆောက်လိုက်တော့
အခုဆိုရင် တမင်သက်သက် အလှဆင်နေစရာမလိုအောင်ကို လှနေပြီလေ
(၇)
ခြံစည်းရိုးဆောက်တဲ့နေရာမှာ သစ်ပင်က ရှိနေတော့ ရှောင်ပြီးတော့ ခတ်လိုက်တာပါ.
ခြံစည်းရိုး ဒီဇိုင်းတောင် ဆန်းသွားသေးတယ်နော်။
(၈)
ဓာတ်ဆီဆိုင်ခေါင်မိုးကနေ တစ်ဆင့် အပင်ကြီးပေါက်ထွက်လာတာမျိုးကတော့
မမြင်ဖူးသလောက်ကို ရှားတာပါပဲ။
(၉)
သစ်ပင်တွေကို ရှင်သန်ဖို့အတွက် နေရာလေးတစ်နေရာပေးလိုက်ရုံနဲ့
အောက်ဆီဂျင်လိုမျိုး လူတိုင်းအတွက် လိုအပ်တဲ့ အရာကို ပြန်ပေးလေ့ရှိပါတယ်။
(၁၀)
အိမ်လေးကလည်း သဘာဝနဲ့ နီးစပ်သလောက် အိမ်ပိုင်ရှင်က သဘာဝတရားကို ချစ်တတ်သူဆိုတာ
ခေါင်မိုးကနေ ထိုးဖောက်ထွက်လာတဲ့ သစ်ပင်ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်နော်..
(၁၁)
သက်တမ်းရင့် သစ်ပင်ကို မခုတ်ပစ်ဘဲ လွတ်လွတ်လပ်လပ်
ခြံစည်းရိုးခတ်မယ်ဆိုရင် ဒီအကြံလေးက မဆိုးပါဘူး။
(၁၂)
တမင်တကာများ အိမ်ကို အလှဆင်ချင်လို့
သစ်ပင်ကို စိုက်ထားတာလားအောက်မေ့ရအောင် လှလွန်းပါတယ်။
(၁၃)
တံခါးလေး ဆောက်ဖို့အတွက် နဲ့ သစ်ပင်တစ်ပင်ကိုတော့ ခုတ်မလှဲပစ်နိုင်ပါဘူး။
မရရအောင် သစ်ပင်ကို ရှောင်ပြီး တံခါးတပ်မှာပါပဲ။
(၁၄)
ကိုယ့်ရဲ့ အိပ်ခန်းထဲမှာ ခေါင်မိုးကို ဖောက်ထွက်သွားတဲ့အထိ
ကြီးမားလွန်းလှတဲ့ သစ်ပင်ကြီးတစ်ပင်ရှိနေတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။
သေချာတာကတော့ မတူညီတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မယ်ဆိုတာပါ။
(၁၅)
အမြင်တစ်ခုနဲ့ ကြည့်ရင် လမ်းမပေါ်မှာ သစ်ပင်ကြီး ရှိနေတာက မတော်တဆ မှုတွေဖြစ်ပျက်နိုင်တယ်ဆိုပေမယ့်လည်း
အကောင်းဘက်က ပြန်တွေးရင် လမ်းခင်းဖို့အတွက် သစ်ပင်ကို တောင်မခုတ်လှဲပစ်တဲ့ လူသားဆန်မှုကို တွေ့ရပြန်ပါသေးတယ်
(၁၆)
သစ်ပင်တွေကို မခုတ်လှဲပစ်ဘဲ သဘာဝအတိုင်းထားထားမယ်ဆိုရင်
ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုပြီး အရမ်းကိုလှပနေမယ်ဆိုတာ မျက်မြင်ပါပဲ။
(၁၇)
သစ်ပင်ရှိနေတဲ့ လမ်းကြောင်းကို
ကွေ့ပြီး ပြုလုပ်ထားတဲ့ လက်ကိုင်
(၁၈)
ဘရာဇီးနိုင်ငံရှိ ပါတိုဘရန်ကိုမြို့လမ်းမတစ်ခုပေါ်မှာ သစ်ပင်ကြီးတစ်ပင်ကို ခုတ်မလှဲပစ်ဘဲ လမ်းလယ်ခေါင်မှာ ဒီအတိုင်းထားထားတာပါ။
သစ်ပင်နားတစ်ဝိုက်မှာ လမ်းခင်းလိုက်ပေမယ့် သစ်ပင်ကြီးကို လုံးဝမခုတ်လှဲဘဲ လမ်းမကြီးကို အလှဆင်ထားခဲ့ပါတယ်။
(၁၉)
သစ်ပင်က အလှဆင်ထားတာလား..
မခုတ်လှဲဘဲ အိမ်ဆောက်ထားတာလားဆိုတာတောင် ဝေခွဲမရတော့ပါဘူး။
(၂၀)
အရိပ်ရနိုင်တဲ့ သက်တမ်းရင့်သစ်ပင်ကြီး ကိုရှုပ်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုထဲနဲ့ ခုတ်ပစ်လိုက်တာက တကယ်ကို မိုက်ရူးရဲဆန်တယ်ပြောရမှာပါပဲ။
ပုံထဲမှာဆိုရင် စူပါမားကတ်အဝင်ဝမှာရှိတဲ့ သစ်ပင်ကြီးကို လုံးဝခုတ်လှဲထားခြင်းမရှိပါဘူး။
(၂၁)
အိမ်ထဲမှာပေါက်နေတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲလိုက်မယ့်အစား
ခုလို အလှဆင်လိုက်တာက ပိုမကောင်းဘူးလား
(၂၂)
သစ်ပင်ကို ရှောင်ပြီး အဆောက်အဦးကိုဆောက်ထားတာကလည်း
ကြည့်ရတာ အမြင်ကိုဆန်းသွားစေနိုင်ပါသေးတယ်။
(၂၃)
စတိုးဆိုင်တစ်ဆိုင်ကကော သစ်ပင်တစ်ပင်ကို လူသားဆန်ဆန် မခုတ်လှဲဘဲ
ဒီအတိုင်း ထားလိမ့်မယ်လို့ ဘယ်သူက ထင်မလဲနော်.
(၂၄)
အိမ်ထဲမှာ ပေါက်နေတဲ့ သစ်ပင်ဖြစ်ပေမယ့်
သဘာဝတရားက သူ့နေရာကို သူ ပြန်သွားတာပါပဲနော်။
(၂၅)
သဘာဝတရားကို မြတ်နိုးတဲ့သူတွေက
သဘာဝရဲ့အလှတရားကို ပိုခံစားတတ်ကြပါတယ်။
သဘာဝတရားကို ချစ်တတ်ခြင်းကလည်း လူသားဆန်မှုတစ်ခုပါပဲ။ သဘာဝတရားကြီးကို ဖျက်ဆီးခြင်းက လူသားတို့ကိုပဲ တစ်ချိန်မှာ ပြန်ထိခိုက်တယ်ဆိုတာကို သိထားရင် တော်ရုံအကြောင်းပြချက်လောက်နဲ့ ဘယ်သူမှ ဖျက်ဆီးကြတော့မယ်မထင်ပါဘူး။ ပရိသတ်တွေရော သဘာဝတရားကြီး ချစ်တတ်ကြသူတွေလား..ကိုယ့်ရဲ့ အတွေးအမြင်တွေကိုလည်း ကောမန့်မှာ ရေးပေးခဲ့ကြပါအုံးနော်။
Written By Yoshi (Shwe Nyan Shin)
Ref:Birghtside