မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ကြိုဆိုပါတယ်။
တချို့လုပ်ငန်းခွင်မှာရှိကြသူတွေရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်တွေကြောင့် လုပ်ငန်းခွင်အတွင်း အနှောင့်အယှက်တွေ ကြုံရလေ့ရှိတတ်ကြပါတယ်။
တစ်ခါတစ်လေမှာဆိုရင် အကောင်းဆုံးဖြစ်အောင်လုပ်ရင်းနဲ့ လွဲတာမျိုးတွေတောင် ကြုံတွေ့ရတတ်ပြန်ပါသေးတယ်။
အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ကြပေမယ့် တစ်လွဲတွေဖြစ်သွားခဲ့ကြသူတို့ရဲ့ ရယ်ရခက်ငိုရခက် အလွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။
(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
တွက်ချက်မှုက အရေးအပါဆုံးဆိုပေမယ့်
တွက်ချက်ရာမှာ အနည်းငယ်မှားသွားတဲ့အခါမှာတော့..
(၂)
ဒါကတော့ မြေမညီတဲ့နေရာအပြစ်ကြောင့်ပါလို့…
(Shwe Nyan Shin)
(၃)
ဂဏန်းပေါင်းစက်မှာ ခလုတ်တပ်ဆင်ဖို့ပဲ တာဝန်ယူရပေမယ့်
စိတ်က ပျံလွင့်နေတဲ့အခါ
(၄)
အလုပ်ဖြစ်လောက်ရဲ့ မဟုတ်လား…
ကားဘီးနဲ့ပါ တွဲချည်လိုက်တယ်ဆိုတော့ ပိုပြီးခိုင်သွားတာပေါ့။ တစ်ခါတလေမှာ တကယ့်ကိုမရည်ရွယ်ပဲနဲ့ လုပ်မိတဲ့ အမှားလေးတွေရှိတတ်ပါတယ်။
ကားမောင်းမထွက်မိစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။
(၅)
အဖုံးတပ်တဲ့သူနဲ့ အပေါက်ဖောက်တဲ့သူတို့က
ရန်များဖြစ်ထားကြတာာလား
(၆)
သက်သက်လွတ်ဘာဂါဆိုလို့ အထင်အရမ်းမကြီးပါနဲ့အုံး…
ပေါင်မုန့်နှစ်ဖက်ကြား အရွက်တွေဒီအတိုင်းထည့်ပေးလိုက်သလိုပါပဲ။ (Shwe Nyan Shin)
(၇)
ဒီဘာဂါကတော့ စေတနာတွေပိုလွန်သွားပြီး
ပိုထည့်ပေးလိုက်တာနေမှာပါနော်…
(၈)
သင်္ကေတ ပုံတွေဆွဲရတာကလည်း အတွေ့အကြုံမရှိရင် မလွယ်ပါဘူး။
(Shwe Nyan Shin)
(၉)
နောက်တစ်ကြိမ် ထပ်လေ့ကျင့်ပြီးမှ
လုပ်ပါတော့နော်..
(၁၀)
ဘယ်သူမှထိုင်လို့မရလောက်တဲ့ နေရာမှာမှ
ထိုင်ခုံထားပေးထားတဲ့ ရုပ်ရှင်ရုံ (Shwe Nyan Shin)
(၁၁)
တိုက်ခန်းတွေရဲ့ လူခေါ်ဘဲလ်ကို အစဉ်လိုက်မစီထားတော့
ရှာရတာ ခေါင်းစားပြီးပေါ့
(၁၂)
ဟယ်..သက်သက်ကြီးနော်
ပြောင်းဖူးတွေကို မြင်နေရဲ့သားနဲ့ ကြက်သွန်နီတွေလို့ ပြောတာတော့ ဒါဗြောင်လိမ်တာပါ…စိတ်ဆိုးသင့်ပါတယ်နော်။ (Shwe Nyan Shin)
(၁၃)
တံခါးတပ်ဖို့လုပ်နေတုန်းက စဉ်းစားစရာတွေများနေလို့
အာရုံမရဖြစ်သွားတာနေမှာပါ။
(၁၄)
ဌက်ပျောသီးကို Banana လို့ပေါင်းရမှာကိုမေ့ပြီးတော့ အဝါရောင် ရှည်မြောမြောအသီးလို့ ရေးလိုက်မိတယ်…
ဝယ်သူတွေ သိမှာပါနော်။ (Shwe Nyan Shin)
(၁၅)
ပီကာချူး ဖန်တွေ မတွေ့ပါစေနဲ့
မျှော်လင့်ရတာပဲ..
(၁၆)
၃ကြိမ်လောက် ထပ်ခါထပ်ခါ လုပ်ရပေမယ့် လက်ရာက မတိုးတက်လာတော့လည်း…
အခုလိုမျိုး တလွဲလေးတွေ ထွက်လာတာပါပဲ။ (Shwe Nyan Shin)
(၁၇)
ဒီဆိုင်မှာ အင်္ကျီဝယ်မယ်ဆိုရင်
တစ်စောင်းကြည့်တတ်ဖို့လိုမယ်ထင်ပါတယ်။
(၁၈)
နေရာရွေးတော်လိုက်ပုံများ…
ခုံမှာထိုင်လိုက်တာနဲ့ ရေချိုးပြီးသား ဝန်ဆောင်မှုကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။ (Shwe Nyan Shin)
(၁၉)
ဒီနေရာမှာ တလွဲလုပ်ထားမိတာမဟုတ်ဘူးဆိုရင်
လျို့ဝှတ်အဓိပ္ပါယ်တစ်ခုခုရော ရှိမလား
(၂၀)
မဖိရလို့ ရေးထားတာတောင် ပြားနေပြီဆိုတော့
စာသာမရေးထားရင် တစ်စစီများဖြစ်သွားမလား (Shwe Nyan Shin)
(၂၁)
မီးတိပ်နဲ့ မဖြေရှင်းနိုင်တဲ့ အရာဆိုတာ
ရှိပါ့မလားနော်…
(၂၂)
လေးထောင့်အကွက်ထဲက အဖြူရောင်မျဉ်းကြားကိုသာ မမြင်ခဲ့ရင်
အကုန်လုံးက ပြည့်စုံနေပါပြီ။ (Shwe Nyan Shin)
(၂၃)
ဒီလိုဓာတ်လှေကားနဲ့သာဆိုရင် သင်သွားချင်တဲ့
အထပ်ကို ရောက်ဖို့အတွက် မဖြစ်နိုင်ဘူးထင်တယ်။
(၂၄)
တစ်ယောက်ယောက်တော့ လက်အိတ်ပျောက်လို့ ခေါင်းမီးတောက်အောင်
လိုက်ရှာနေပြီထင်ပါတယ်။ (Shwe Nyan Shin)
(၂၅)
သစ်ပင်ကို သွားပြီး ထိန်းချုပ်ဖို့ ကြံစည်နေတယ်……
သစ်ပင်ကလည်း ဂရုတောင်စိုက်တဲ့ပုံမပေါ်ဘူး။
(၂၆)
လုံခြုံရေးအရ CCTV တပ်ထားရပေမယ့်
လူတွေကို စောင့်ကြည့်ရတာ မကြိုက်တဲ့သူပဲဖြစ်ရမယ်။ (Shwe Nyan Shin)
(၂၇)
တံခါးရဲ့အောက်ခြေက ဒီဇိုင်းဆန်းသွားအောင်များ
တမင်လုပ်တာလားဟင်
အခုလိုမျိုး တလွဲတွေချည်းလုပ်တတ်ကြတဲ့သူတွေကို ကြုံဖူးကြလားပရိသတ်တို့ရေ…ကိုယ့်ရဲ့ အထင်အမြင်လေးတွေကိုလည်း ပြောပြပေးခဲ့ပါအုံးနော်။
Written By Yoshi (Shwe Nyan Shin)
Ref:Brightside