လူတော်တော်များများတို့ဟာ မိမိရဲ့လှုပ်ရှားမှုတွေ သွားခဲ့တဲ့နေရာတွေ အပြုအမူလေးတွေကို အမှတ်တရအနေနဲ့ ဓါတ်ပုံရိုက်ကမှတ်တမ်းတင်တတ်ကြပြီး လူမှုကွန်ရက်တွေပေါ်ကိုတင်ကာ သူငယ်ချင်းတွေကိုမျှဝေတာတွေပြုလုပ်တတ်ကြပါတယ်၊
ထိုသို့မျှဝေမှုမပြုလုပ်ခင်မှာ မိမိရိုက်ထားတဲ့ ဓါတ်ပုံတွေရဲ့ထွက်ပေါ်လာတဲ့ရလဒ်ကို သေချာစစ်ဆေးဖို့တော့လိုပါတယ်။
ခြေထောက်တွေ လက်အထားအသိုတွေ ရှုထောင့်အနေအထားတွေက ထွက်ပေါ်လာမဲ့ဓါတ်ပုံတစ်ပုံရဲ့ အနေအထားကိုအကျိုးသက်မှုရှိစေပြီး အမြင်မသင့်တော်တဲ့ အပုံတွေဖြစ်ပေါ်လာနိုင်ပါတယ်၊
ယခုဖေါ်ပြပေးမဲ့အပုံများကတော့ သင့်ကိုအမြင်မသင့်တော်တဲ့ အပုံများလဲပါနိုင်ပါတယ် ဒါပေမဲ့ဓါတ်ပုံရိုက်သူရဲ့ အချိန်ကိုက်ကွက်တိ ရိုက်ယူထားနိုင်မှုကိုတော့ ချီးကျူးရမှာဖြစ်ပါတယ်။
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
ပုံထဲမှာ မြင်းနှစ်ကောင်ရဲ့ မျက်နှာရှိနေပေမယ့် တစ်ကောင်တည်းရဲ့ မျက်နှာကိုပဲ လူတွေကမြင်ကြပါတယ်။
အကြောင်းကတော့ မြင်းတစ်ကောင်ရဲ့ အရောင်က နက်မှောင်နေလို့ပါ။
(၂)
ဓာတ်ပုံထဲမှာ ကောင်မလေးရဲ့ ဆံပင်က ထူလှချည်လားလို့ စဉ်းစားနေတာ
ဘေးက ပုံကိုကြည့်မှပဲ ဆံပင်မဟုတ်ဘဲ သစ်ပင်ဖြစ်နေတယ်။ (Shwe Nyan Shin)
(၃)
ကားရဲ့ အရိပ်ဟာ နှာခေါင်းကြီးကြီး မေးစေ့ကြီးကြီး
လူတစ်ယောက်ရဲ့ အရိပ်နဲ့ သွားတူနေတာပါ။
(၄)
သူငယ်ချင်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဟာ အမြင်လှည့်စားလိုက်သလို ဖြစ်ပြီး
အနောက်က မတ်တပ်ရပ်နေတဲ့ လူကြီးရဲ့ လက်ကအရမ်းရှည်နေသလို ဖြစ်နေပါတယ်။ (Shwe Nyan Shin)
(၅)
မင်္ဂလာဆောင်ဓာတ်ပုံ လှလှလေး ရချင်တဲ့ ကောင်မလေးအတွက်တော့ ဒီဓာတ်ပုံက အဆင်မပြေလှပါဘူး။
အခုတော့ ဟစ်တလာ မိန့်ခွန်းတက်ပြောနေသလိုပါပဲ။
(၆)
ချောကလက်မြေပဲယိုနဲ့ ကွတ်ကီးမုန့်ကို တို့စားလိုက်တာ ကွတ်ကီးမြင်းရုပ်လေးမှာ
ဆံပင်လေး တပ်ပေးလိုက်သလိုပါပဲ။ (Shwe Nyan Shin)
(၇)
ဌက်ပျောသီး နှစ်လုံး ယှဉ်ချထားတာမျိုးမဟုတ်ဘဲ
ဘေးက သစ်တော်သီး အရှည်ကြီးဖြစ်ပါတယ်။
(၈)
ရှူးဖိနပ် ဝတ်ဆင်ထားတာဖြစ်ပေမယ့် သူ့ရဲ့ ဒီဇိုင်းက ညစ်ပတ်နေတဲ့
ခြေအိပ်နဲ့ ခြေထိုးဖိနပ်တို့ကို ဝတ်ဆင်ထားသလိုပါပဲ.(Shwe Nyan Shin)
(၉)
သစ်ပင်တွေကို အဝေးကနေလှမ်းကြည့်လိုက်ရင် လိုင်းတွေ ထစ်နေလို့
ကောင်းကောင်းမွန်မွန်မပွင့်သေးတဲ့ ဂိမ်းတစ်ခုလိုပါပဲ။
(၁၀)
နျူကလီးယားပေါက်ကွဲတာနဲ့ ဆင်တူနေတဲ့ ကျောက်
(Shwe Nyan Shin)
(၁၁)
အောက်ခြေကနေ စကြည့်လိုက်ရင် ကြောက်စရာကောင်းတဲ့ တောအုပ်ကြီးတစ်အုပ်ကို မြင်နေရသလိုပါပဲ..
တကယ်တော့ လူ့မျက်လုံးရဲ့သွေးကြောတွေပဲဖြစ်ပါတယ်။
(၁၂)
ကိုယ်ပိုင်ဟီးရိုး ပိုင်ဆိုင်ထားသူ…ဘယ်ဟီးရိုးလဲဆိုတာကိုတော့
လက်စွပ်အရိပ်မှာ မြင်နိုင်ပါတယ်။(Shwe Nyan Shin)
(၁၃)
ရေချိုးခန်းထဲက ရေပန်းရဲ့အရိပ်က
လူပုလေးတစ်ယောက် ရှိနေသလိုပါပဲ။
(၁၄)
ပုံထဲက ခေါင်းဖြူကြီးဟာအားကစားသမားတစ်ယောက်ရဲ့
ခေါင်းမဟုတ်ဘူးဆိုတာကို သိရဖို့ ဘယ်နမိနစ်လောက်များ စဉ်းစားလိုက်ရသလဲ..(Shwe Nyan Shin)
(၁၅)
အောက်ကဘောင်းဘီ အနက်ရောက်ဝတ်လာတဲ့နေ့မှပဲ
ခွေးက အနားလာကပ်တော့တယ်နော်။ အဲ့တော့ ကျွန်မကို ခွေးတစ်ပိုင်း လူတစ်ပိုင်းလို့ ထင်သွားကြပြီပေါ့
(17)
ဟိတ်…အထင်မလွဲလိုက်ပါနှင့်..တစ်မျိုးလည်း မတွေးလိုက်ကြပါနှင့် ဒါက အမျိုးသမီးလွယ် လက်ကိုင်အိတ်လေးပါနော်။
(18)
ကောင်မလေးတစ်ယောက် ဆဲလ်ဖီရိုက်ပြီး နောက်ပြန်ကြည့်တဲ့ အခါမှာတော့ မထင်မှတ်ဘဲ အနောက်မှာ မိတ်ဆွေတစ်ယောက် ပါလာခဲ့ပါတယ်။
လန့်သွားကြလား မိတ်ဆွေတို့…မလန့်လိုက်ကြပါနဲ့ ထင်နေသလို သရဲလည်းမဟုတ်သလို နာနာဘာဝလည်းမဟုတ်ရပါဘူး။
(19)
ကြည့်ရတာ တစ်ယောက်ယောက်တော့ ကျွန်မအရင် ရေချိုးနေပြီထင်တယ်။
ခန္ဓာကိုယ်ကောက်ကြောင်းလေးလည်းလှမယ့် ပုံပဲနော်..ပရိသတ်တို့ကော ဘယ်လိုထင်လဲ
(20)
မယုံနိုင်စရာကောင်းလောက်အောင် ကြည်လင်တောက်ပနေတဲ့ ကန်မျက်နှာပြင်ကြောင့် ကောင်မလေးက လေမှုတ်မွေ့ရာ လေးပေါ်မှာ ပေါလောပေါ်နေသလိုပဲနော်။
သွားချင်လိုက်တာ ဆိုတာလေ..ရေကြည်တော့ ရေကြောက်တတ်သူတွေတောင် သွားချင်လောက်တယ်.။
(21)
အထူးမစ်ရှင်တွေ ပြုလုပ်နေရတဲ့ ဂျိမ်းဘွန်းပုရွက်ဆိတ်လေးပါ..
(22)
သင့်ကို ခွင့်မတောင်းဘဲ ဓာတ်ပုံလှမ်းရိုက်နေတဲ့ ပါပါရာဇီကို လှမ်းမြင်တဲ အခါမှာ..
ခုလိုမျိုး အကြည့်လေးနှင့် လှမ်းကြည့်ပေးလိုက်ရုံပါပဲ။
(23)
ဒါက သိပ်ကို ရှားပါးတဲ့ သမင်ပုံတူခွေးလေးပါ။ ကိုယ့်အိမ်က ခွေးလေးတွေကို လည်း ခုလိုသမင်ပုံတူလေး မွေးချင်တယ်ဆိုရင်တော့ ဘယ်မျိုးရိုးကိုမွေးရမလဲ စဉ်းစားမနေနဲ့နော်..
အကိုင်းအခက်တွေ ဝေဆာနေတဲ့ သစ်ပင်တစ်ပင်ကို ခွေးလေးကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ပစ်လိုက်ပါ။
(24)
အဝေးကနေ ရုတ်တရက် လှမ်းကြည့်လိုက်တော့
ကျောက်ခေတ်က ဒိုင်နိုစော အသေးစားတွေ အများကြီးလို့ ထင်လိုက်မိတာ..
(25)
လမ်းမပေါ်မှာ စွန်းထင်းနေတဲ့ အကွက်လေးတွေ တွေ့ရင် ဒီလိုမျိုး စမ်းရိုက်ကြည့်သင့်တယ်နော်။
ပုံထဲမှာ အမျိုးသားက အောက်က အစွန်းကွက်ကြောင့် လေပေါ်ပျံနေသလို ဖြစ်နေတာပါ။