ကမ္ဘာသစ်တစ်ခုကို ရောက်သွားသလို ခံစားစေရမယ့် ရှားပါးဓာတ်ပုံ (၂၉) ပုံ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ပြန်လည်ကြိုဆိုပါတယ်။ ဓာတ်ပုံရိုက်တတ်တိုင်း

အကောင်းဆုံး ဓာတ်ပုံတစ်ပုံရဖို့မလွယ်ပါဘူး။

ကွက်တိကျတဲ့ မြင်ကွင်းနဲ့အချိန်တို့ တိုက်ဆိုင်မှသာ အကောင်းဆုံးဆိုတဲ့ ဓာတ်ပုံတစ်ပုံရနိုင်ပါတယ်။

အဲ့လိုမျိုး ဓာတ်ပုံတွေကျတော့လည်း ကြည့်ရှုသူတွေရဲ့ စိတ်ကို လှုပ်ရှားစေပြီး သူငယ်ချင်းတွေနဲ့မျှဝေချင်စိတ်တွေတောင် ပေါ်လာစေပါတယ်။ ပရိသတ်တွေကို ကမ္ဘာသစ်တစ်ခုရောက်သွားသလို ခံစားရစေမယ့် ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

ကြောင်တစ်ကောင်ရဲ့ ခြေထောက်ကို မက်ခရိုမှန်ပြောင်းနဲ့ ဓာတ်ပုံလှမ်းရိုက်လိုက်တဲ့အခါမှာတော့….

ကြောင်ချစ်တတ်သူတွေအတွက် အသဲယားစေမယ့် ဓာတ်ပုံတစ်ပုံပါပဲ။

(၂)

ရိုမေးနီးယားမှာရှိတဲ့ လမ်းဆုံးလမ်းခွ တစ်နေရာကို

အပေါ်စီးကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

(၃)

အခုမြင်နေရတာတော့ တော်ရုံလူမြင်ဖူးဖို့ ခက်ခဲတဲ့ ပစိဖိတ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာတို့ ဆုံရာနေရာပဲဖြစ်ပါတယ်။

ထူးဆန်းတာကတော့ ပစိဖိတ်ဘက်ခြမ်းက ရေတွေနဲ့ အတ္တလန္တိတ်သမုဒ္ဒရာ ဘက်ခြမ်းက ရေတို့က လုံးဝပေါင်းစပ်ခြင်းမရှိပါဘူး။

(၄)

ယောကျာ်းလေးသီးသန့် နို့နဲ့ ရေချိုးခန်း…

တစ်ခုရှိတာက ပုံထဲက အမျိုးသမီးက သင်ရေချိုးတာကိုဘေးမှာလာပြီး စောင့်ကြည့်နေမှာပါတဲ့

(၅)

ငါးလိပ်ကျောက်ကို အများအားဖြင့် အပေါ်ဘက်ခြမ်းကို မြင်ဖူးကြပေမယ့်

အခုလိုမျိုး အောက်ပိုင်းကိုတော့ မြင်တွေ့ဖို့ ရှားပါတယ်။

(၆)

လူတစ်ယောက်ရဲ့ လက်ပေါ်ကို တက်လာခဲ့တဲ့ ဂဏန်းအကောင်သေးသေးလေး…

ဓာတ်ပုံရိုက်လာတဲ့အခါမှာ လက်ဗွေရာကိုတောင် မြင်နေရပြီဆိုတော့ ဂဏန်းက ဘယ်လောက်တောင် သေးလဲ ခန့်မှန်းနိုင်ပါတယ်။

(၇)

အဝတ်ဗီရိုထဲမှာ မေ့ပြီးထားခဲ့မိတဲ့ ဌက်ပျောသီး…

ပြန်တွေ့တဲ့အချိန်မှာတော့ အခုလိုတောင် ခြောက်သွေ့နေပါပြီ။

(၈)

အဝတ်လျှော်စက်ထဲကို သဘက် အကြီးကြီးတစ်ခုထည့်လျှော်ပြီးနောက် ပြန်ယူတဲ့အချိန်မှာ

အခုလို သဘောကျစရာမြင်ကွင်းကိုတွေ့လိုက်ရတော့တာပါပဲ။

(၉)

တောအုပ်တစ်အုပ်ကို အမြင့်တစ်နေရာကနေ လှမ်းရိုက်ထားတဲ့ မြင်ကွင်းဖြစ်ပါတယ်။

တောအုပ်ကြီးထဲမှာ ပေါက်ရောက်တဲ့ သစ်ပင်တွေက စနစ်ကျတာထင်ပါရဲ့…

(၁၀)

မျက်လုံးပြူးပြူး အရုပ်တစ်ရုပ်နဲ့တောင်သွားတူနေတဲ့

ဒီငါးအမျိုးအစားကတော့ velvet belly lanternshark ပါ။

(၁၁)

တရုတ်နိုင်ငံမှာရှိတဲ့ မြောက်များစွာသော စက်ဘီးတွေကို

စွန့်ပစ်ထားတဲ့ စက်ဘီးအမှိုက်ပုံကြီး…

(၁၂)

အဖြူရောင် နံရံပေါ်မှာ အစွန်းအထင်းတွေပေကျန်နေတယ်လို့ ထင်ရပေမယ့်

သေချာကြည့်လိုက်တဲ့အခါမှာတော့ ပြင်းထန်တဲ့ နှင်းမုန်တိုင်းကြီးကြားထဲမှာ ဘောလုံးပွဲကျင်းပနေတဲ့ လူအုပ်ကြီးဖြစ်ပါတယ်။

(၁၃)

သွားကြားထိုးတံဘူးကို ဒီအတိုင်း

တမင်တကာစီရင်တောင် လွယ်မယ်မထင်ပါဘူး။

(၁၄)

ဆံပင်ကုတ်ဝဲစတိုင် အမွှေးလေးတွေနဲ့ အယ်လ်ပါကာကောင်လေးများ…

သူတို့ကို အများစုက တံတွေးထွေးတတ်ကြတဲ့ ကောင်လေးတွေလို့ သိကြပါတယ်။

(၁၅)

အအေးဘူးက ကလစ်တွေအများကြီးနဲ့ ဖန်တီးထားတဲ့ ဝတ်စုံ..

ဖိနပ်တွေ ဦးထုပ်တွေကလည်း ပါသေးတယ်..

(၁၆)

ရွှေဖရုံသီးလေးလို အသီးပုံစံလေးနဲ့

သွားတူနေတဲ့ စပျစ်သီး…

(၁၇)

အဝေးကနေ လှမ်းကြည့်ရင် ဂီတာ ပုံစံ ရအောင်

ပုံဖော်ထားတဲ့ တောအုပ်တစ်အုပ်..

(၁၈)

ခေါင်းကို တစ်ပတ်ပြည့်အောင်တောင် လှည့်နိုင်တယ်ထင်ပါရဲ့…

အခုတောင် ခန္ဓာကိုယ်နဲ့ ခေါင်းက တခြားစီဖြစ်နေပြီ။

(၁၉)

တောင်ကုန်းအမြင့်ပေါ်ကနေ လိမ့်ကျလာတဲ့ ကျောက်တုံးတစ်တုံက

အိမ်တစ်လုံးနဲ့ ပတ်ဝန်းကျင်ကို ပါ ပျက်စီးသွားစေခဲ့တဲ့အထိပါပဲ။

(၂၀)

ကိုယ်ဝန်ဆောင်ထားတဲ့ ငရုတ်ပွသီးလို့ပဲ ခေါ်ရမလား..

ငရုတ်ပွသီးကို ထက်ခြမ်းခြမ်းလိုက်တဲ့အခါမှာတော့ အထဲမှာ ငရုတ်ပွသီးသေးသေးလေးပါ ပါလာခဲ့တာပါ။

(၂၁)

အပူများပြီး ကျွမ်းသွားလို့ ပျက်စီးနေတဲ့ မီးသီးတစ်လုံးပါ…

ပျက်စီးသွားပေမယ့် ပုံစံလေးက ဆန်းနေတော့ ဘယ်သူမှတော့ လွှင့်ပစ်ချင်လောက်မယ်မထင်ဘူး။

(၂၂)

တစ်စုံတစ်ယောက်က လမ်းမေးဖို့အတွက် ကားကိုရပ်ခဲ့ပါတယ်။

ကားထဲကို သေချာကြည့်လိုက်တော့မှ အင်္ဂလန်ဘုရင်မ ကွင်းအဲလိဇဘက်ဖြစ်နေပါတယ်။

(၂၃)

ဌက်ပျောသီးတွေနဲ့ချည်း

ဖန်တီးထားတဲ့ ခရစ်စမတ်သစ်ပင်…

(၂၄)

ပိုက်လိုင်းကြီးတစ်ခုထဲမှာ သမီးဖြစ်သူ လမ်းလျှောက်နေတာကို ရိုက်ထားတဲ့ ဓာတ်ပုံပါ…

အနောက်က အလင်းကြောင့် ဓာတ်ပုံဟာ နောက်ခံချိန်းထားတဲ့ ဖိုတိုရှော့ဓာတ်ပုံနဲ့ တူသွားတာပါပဲ။

(၂၅)

တခြားကြောင်တွေလို အစွယ်တစ်ချောင်းထဲမဟုတ်ဘဲ

အစွယ်နှစ်ထပ်ပါနေတဲ့ ကြောင်လေးပါ…

(၂၆)

အံ့သြစရာကောင်းလောက်အောင်

ကြီးမားလွန်းလှတဲ့ ခြအုံကြီးဖြစ်ပါတယ်။

(၂၇)

ကာတွန်းကားတွေထဲကလိုမျိုး ပင့်ကူအိမ်နဲ့

ပုံစံတူနေတဲ့ လက်တွေ့အပြင်က ပင့်ကူအိမ်..

(၂၈)

သူ့ရဲ့ အောက်ပိုင်းကို နွေးနေအောင်

အပူပေးနေတဲ့ ကြောင်လေး…

(၂၉)

ဘာမှတော့စိတ်မပူပါနဲ့။ ငါးလက်ထုံနဲ့ ကောင်လေးငယ်က

ရင်းရင်းနီးနီး ပွတ်သပ်ကာ ဆော့ကစားနေကြတာပဲ ဖြစ်ပါတယ်။

 

ပရိသတ်တွေရော အခုလိုမျိုး သူများကို အံ့အားသင့်သွားစေမယ့် ဓာတ်ပုံတွေ ရိုက်ဖူးကြပါသလား..အခုဓာတ်ပုံတွေထဲမှာရော ကိုယ့်ကို အံ့အားသင့်စေခဲ့တဲ့ ဓာတ်ပုံရှိရင်လည်း ပြန်ပြောခဲ့ပါအုံးနော်။

Written By Yoshi(Shwe Nyan Shin)
Ref:Brighside

  နဲ့