အူတက်အောင် ရယ်မိသွားစေမယ့် ဆိုးရွားလှတဲ့ဖိုတိုရှော့ ဓာတ်ပုံများ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ ဖိုတိုရှော့ကို ဘယ်လိုသုံးရမယ်ဆိုတာ သိတဲ့ ပညာရှင် တွေကတော့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်ပါတယ်။ သူတို့တွေက မိတ်ကပ်ပညာ ရှင်တွေထက် ရုပ်ဆင်းသဏ္ဍာန် အားနည်းချက်တွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။

စိတ်ကူးယဉ်ကမ္ဘာတွေကို တောင် ဖန်တီးနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖိုတိုရှော့ကို မကျွမ်းကျင်ပဲနဲ့ ကြုံသလို စိတ်ကူးပေါက်သလို သုံးခဲ့တဲ့ လူတွေရဲ့ ဖန်တီးမှုတွေလည်း ရှိနေပါတယ်။

အဲဒီဖန်တီးမှုတွေဟာ သင့်ကြည့်ပြီး မရယ်ပါနဲ့လို့တားဆီး ထားရင်တောင် မနေနိုင်ပဲရယ်မိလောက်တဲ့အထိ ဖြစ်စေတာကို တွေ့လိုက်ရတာမို့ ရွှေဉာဏ်ရှင်ပရိသတ်ကြီး ကို ပျော်ရွှင်မှုတွေကူးစက်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

(ယခုအကြောင်းအရာကို ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်း ဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

Cat Kong

အမှန်ပါပဲ။ ကင်းကောင်မဟုတ်ပါဘူး။ ကတ်ကောင်ပါ။ ဘယ့်နှယ်..ကင်းကောင်နေရာမှာ အစားထိုးမယ်ဆို ရင်လည်း သူနဲ့အရွယ်တူကြီးမားတဲ့ ကောင်တွေရှာပေါ့ဟယ်။ အခုတော့ ကြောင်လေးနဲ့ ဖိုတိုရှော့လုပ်လိုက် သတဲ့။ ဘယ်လိုတွေတောင်လား။

(၂)

ပင်လယ်ကို သွားချင်တယ်လို့ ပြောမိတာပါ..

တစ်ယောက်ယောက်ကတော့ ပင်လယ်ကို သွားချင်နေပါတယ်။ ဖိုတိုရှော့ အကူအညီကို ရယူလိုက်တဲ့အခါမှာ တော့…။

(၃)

ဘာကြောင့် ဒီလောက်နှေးနေရသလဲ..။

ဒိုက်ထိုးနေတဲ့ သင်တန်းသားကို ကြီးကြပ်နေတဲ့ ဆရာကို ဖိုတိုရှော့နဲ့ လိပ်ခေါင်းတပ်ပေးထားပါတယ်။ လက်ရာကို ကြည့်လိုက်တာနဲ့ ဘယ်လောက်တောင် ဆရာ့ကို အမြင်မကြည်ကြလဲဆိုတာ သိသာပါတယ်နော်။

(၄)

ဒါအမေရိကမှာလား

အမေရိကမှာ ဒီလိုကွဲပြားခြားနားတဲ့ နေရာတစ်ခုရှိသေးတာလား…။ အခုမှပဲ သိပါတော့တယ်။

(၅)

အမလေး အရသာရှိချက်…

ဒီလိုဖိုတိုရှော့လေးကြတော့ ချစ်စရာကောင်းသွားပြန်ရော…ပုံထဲကရှဉ့်လေးက စားကောင်းသောက်ဖွယ်တစ်ခုကို မက်မက်စက်စက်နဲ့ အရသာခံစားနေပုံလေးက ကြည့်ပြီးကြွေသွားမိပါတယ်။

(၆)

အမလေး ယုတ္တိရှိလိုက်တာနော်

ဒီပုံကို ဖိုတိုရှော့ဖို့ဘယ်လိုများ စိတ်ကူးရခဲ့လဲ မသိပါဘူး။ သူ့ရုပ်တည်ကြီးကို ကြည့်ပြီးကို တွေးတွေးပြီး ရယ်ချင်လာတော့တာပါပဲ။

(၇)

နပိုလီယံရဲ့ကြောင်

ကပ်ပရှင်နဲ့ လိုက်ပါတယ်။ ကြောင်လေးရဲ့ ရုပ်ကိုက လိုက်ဖက်ညီနေတာပါ။ သူက နပိုလီယံကို လည်ပင်းဖက်ထားလိုက်သေး။

(၈)

လေထိုးသမင်ရုပ်ကနေ စွမ်းအားပြည့်မြင်းဖြစ်သွားပုံ

လေထိုးသမင်ရုပ်ကို ဖိုတိုရှော့လိုက်တာ ကမ္ဘာပေါ်က သက်ရှိသတ္တဝါအားလုံးကို ပျက်သုဉ်းစေနိုင်တဲ့ စစ်ပွဲထဲက မြင်းတစ်ကောင်ရုပ် ပေါက်သွားပါတော့တယ်။

(၉)

ခွေးလေးကို ဖက်ထားတဲ့ပုံလေး ဖိုတိုရှော့လုပ်ပေးပါဆိုလို့….

ခွေလေးကို ဖက်ထားတဲ့ပုံလေးဖြစ်ချင်လို့ သူငယ်ချင်းဖြစ်သူကို အကူအညီတောင်းလိုက်တဲ့ လူတစ်ယောက်ရဲ့ အဖြစ်ဆိုး။

(၁၀)

သားငှက်တိရစ္ဆာန်ထိမ်းသိမ်းရေးမှသည် ရေခဲပြင်စကိတ် ရွှေတံဆိပ်ဆုရှင်များအဖြစ်သို့

ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီလိုပုံလေးအဖြစ် ပြောင်းလဲလိုက်သလဲတော့ မသိပေမယ့်….သူချီထားတဲ့ အနှေးကောင်လေးရုပ်က စပ်ဖြီးဖြီးနဲ့ ဝတ်ထားတဲ့ ဂါဝန်ပန်းရောင်လေးနဲ့ တော်တော်လေး လိုက်ဖက်ညီနေတာ တွေ့ရပါတယ်။

(၁၁)

ဘာကိုပြချင်လို့ ပြချင်မှန်းမသိတဲ့ ဖိုတိုရှော့တစ်ခု

ကောင်မလေးတစ်ယောက်က ဓားတွေကြားထဲမှာ အိပ်ပျော်နေတဲ့ပုံကို ဖန်တီးထားတာပါ။ သူကတော့ သူ့ဖန်တီးမှုဟာ ဂိမ်းဆန်ဆန် ပြုလုပ်ထားတယ်လို့ ပြောထားပေမယ့် အဲဒီလိုဂိမ်းဆန်တဲ့ ရသကိုလည်း မခံစားရပါဘူး။

(၁၂)

ဂုဏ်သရေရှိလူကြီးမင်းများ…တိတ်တိတ်နေလိုက်ပါ….

တရားသူကြီးမတစ်ဦးနေရာမှာ…ကြွက်တစ်ကောင်ကို ထည့်အစားထိုးဖို့ဆိုတာ တော်ရုံတန်ရုံစိတ်ကူးတော့ မဟုတ်ပါဘူး။

(၁၃)

ငါ့ကို ဆီးပြီးတော့ ဖမ်းပေးကြပါ

ဒီပုံကိုတော့ ခိုက်ပါတယ်။ စိတ်ကူးလေးက မိမိုက်ပြီး ခွေးလေးရဲ့ မျက်နှာနဲ့လည်း လိုက်ဖက်ညီပါတယ်။

(၁၄)

ဟေ့လူသား… ရှိတာအကုန်ထုတ်စမ်း..

ဓားပြကျီးကန်း။ ရုပ်နဲ့ အိုက်တင်နဲ့ လိုက်နေမှုကြီးကတော့။ ဖိုတိုရှော့ကို သေသေသပ်သပ် မလုပ်တော့ ကျီးကန်းပုံက မိုက်နေပြီး လူလက်ကြီးက ရုပ်ဆိုးနေခဲ့တာပါ။

(၁၅)

တောထဲမှာ ဘုရင်မဖြစ်ချင်ဘူး

Lion King ဇာတ်ကားထဲမှာ ခြင်္သေ့ပေါက်ကလေးကို ပရောဟိတ်မျောက်ကြီးက ချီမြှောက်ပြီး တောတွင်း တိရစ္ဆာန်လေးတွေကို ပြသခဲ့တဲ့အခန်းထဲက အတိုင်း ဖိုတိုရှော့နဲ့ ပြုပြင်ခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသမီးရဲ့ ပုံရိပ်က စိုးရိမ်မှုလွန်ကဲနေတဲ့ မျက်နှာဖြစ်ပြီး တောထဲမှာ ငါဘုရင်မဖြစ်ချင်ဘူးလို့ ပြောနေသယောင်ပါပဲ။

(၁၆)

ကျေးဇူးပြုပြီး ရှဉ့်ကြီးကို အစာမြန်မြန်ကျွေးပါတော့။

အစာမစားရလို့ သောင်းကျန်းနေတဲ့ ဧရာမရှဉ့်ကြီးပုံစံ ဖိုတိုရှော့ပါ။

(၁၇)

ဒီလမ်းလေးကလည်း အတော်လေးကိုရိုဆန်လွန်းပါတယ်။

မသိရင် မြန်မာနိုင်ငံက လမ်းတွေအလား ထင်ရ။ ရေတွေပြည့်နေတဲ့လမ်းကို တိုင်တန်းနစ်ဇာတ်ကောင်တွေ ထည့်ချလိုက်တော့ အိုဘယ်လိုများ လိုက်ဖက်ညီသွားလဲဆိုတာ ဒီပုံမှာကြည့်နိုင်ပါတယ်နော်။

(၁၈)

အသင်းအဖွဲ့နဲ့ စုပေါင်းလုပ်ဆောင်ခြင်း

Teamwork ကောင်းကောင်းနဲ့ အလုပ်လုပ်တယ်ဆိုတာ ဒီဖိုတိုရှော့မှာ မြင်နိုင်ပါတယ်နော်။ တခြားဟာတွေ မပြောတော့ပါဘူး။

(၁၉)

အကြီးကျယ်ဆုံ းကြော်ငြာတစ်ခု

အာ့လောက်အမြင့်ကြီးမှာ တက်ချိတ်ထားတာဆိုတော့ တကယ်သာဆိုရင် လူတွေမြင်ရပါ့မလားဟယ်။ ယုတ္တိရှိရှိ လည်းလုပ်ကြပါဦးလို့။

(၂၀)

မှော်ဖန်လုံးထဲက မင်္ဂလာဆောင်ဓာတ်ပုံ

ဒီဖိုတိုရှော့ကလည်း အတော်လေး ရယ်စရာကောင်းတယ်လို့ ဆိုရမှာပါ။ မှော်ဖန်လုံးထဲမှာ မင်္ဂလာဆောင် ဓာတ်ပုံကို ထည့်လိုက်တဲ့အခါ ဟယ်ရီပေါ်တာနဲ့ သူ့သူငယ်ချင်းရဲ့ ဖြစ်ပျက်နေတဲ့ မျက်နှာက ငါတို့လည်း မင်္ဂလာဆောင်ချင်လိုက်တာ..မင်္ဂလာပွဲဆိုတာ ငါတို့နဲ့ အလှမ်းဝေးသေးပါလားဆိုပြီး စိတ်ဓာတ်ကျနေတဲ့ မျက်နှာမျိုး ဖြစ်သွားစေပါတယ်။

(၂၁)

နွေရာသီအတွက် အဆင်သင့်ဖြစ်နေပြီဆိုပဲ

နွေရာသီအားလပ်ရက်မှာ ကောင်မလေးတွေရှေ့ အဲဒီလို အင်္ကျ ီချွတ်နဲ့ အလှပြချင်ခဲ့တာပါ။ အပြင်မှာမရနိုင်တဲ့ ဘော်ဒီအတွက် ဓာတ်ပုံထဲမှာ ပြုပြင်လိုက်တဲ့အခါ…။

(၂၂)

ကစားသမားတစ်ယောက်ရဲ့ပုခုံးပေါ်မှာ လက်တစ်လက်က အပိုပါနေတာပါ။ ဖိုတိုရှော့လုပ်တဲ့သူတွေ သတိမထားမိတဲ့ အချက်တစ်ချက်ပေါ့ (Shwe Nyan Shin)

(၂၃)

လေယာဉ်ဦးပိုင်းမှာ ခြေထောက်မပါဘဲနဲ့ လေယာဉ်က ဘယ်လိုရပ်မှာတုန်း

(၂၄)

အံမယ် ပုခုံးပေါ်တောင် လက်ကို တင်ထားလိုက်သေးတယ်။(Shwe Nyan Shin)

(၂၄)

ငါးစားခံလိုက်ရတဲ့ အာဝု(Shwe Nyan Shin)

(၂၅)

သူများတွေ ရိုနေတဲ့ဓာတ်ပုံနောက်မှာ ဘောလုံးလာဖမ်းနေတော့ မြန်မြန်ဖမ်းမိအောင် ဖိုတိုရှော့နဲ့ ကူပေးမှပဲ ရတော့မယ်

(၂၆)

ရုတ်တရက်ခပ်ကြောင်ကြောင် ခံစားချက်ကို ခံစားမိသွားမယ့် ဖိုတိုရှော့ဓာတ်ပုံ  (Shwe Nyan Shin)

(၂၇)

ပေါင်မုန့်လို့ထင်ပြီး စားချင်သွားကြလား

(၂၈)

လက်အများကြီးရှိတော့ ကောင်မလေးကို ပိုနိုင်တာပေါ့ (Shwe Nyan Shin)

 

အခုဖော်ပြပေးသွားတဲ့ ဓာတ်ပုံတွေကတော့ ဆိုးဆိုးရွားရွား ဖိုတိုရှော့ပြုလုပ်ထားတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ ပရိသတ်များအားလုံးလည်း ရယ်မောမိလိမ့်မယ်လို့ထင်ပါတယ်။ ရွှေဉာဏ်ရှင်ပရိသတ်များအားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေ။

Written by El Ni (Shwe Nyan Shin)
Ref; Brightside

  နဲ့