မင်္ဂလာပါ။Shwe Nyan Shin ပေ့ချ်မှ ကြိုဆိုပါတယ်။ကလေးရှိတဲ့ အိမ်ဟာ ဆည်းလည်းရှိတဲ့အိမ်လိုပါပဲ။ ဘယ်တော့မှ တိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုတာမရှိပါဘူး။ ကလေးရှိနေရင် ဘယ်တော့မှ မပျင်းရဘူးဆိုတာကို သက်သေပြနေတဲ့ ရယ်ရခက်ငိုရခက်ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
(ဖော်ပြပါအကြောင်းအရာသည် Shwe Nyan Shin ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
ဒီထက် တိကျတဲ့ ကြောင်ပုံဆွဲနည်း ရှိပါအုံးမလား
(၂)
ကဲ … အိပ်ထ လေ့ကျင့်ခန်း စလုပ်လိုက်ကြရအောင်
(၃)
ဒီနွားမဲလေးက ဘာလုပ်ထားလို့ သူ့ကို ခုလို ဒဏ်ခတ်ထားရတာပါလိမ့်
(၄)
တူးတူပုန်းတန်း ကစားနေတာတဲ့ ကြည့်လိုက်ပါအုံး
(၅)
မနက်စောစောတွေ့လိုက်ရတာ.. အဲ့တာ ဘာစတိုင်လဲ
(၆)
သူတို့အတွက်တော့ ပျော်စရာကြီးပေါ့။ မေမေတို့သာ ခေါင်းမီးတောက်ရမယ့် ဖြစ်ခြင်း (Shwe Nyan Shin)
(၇)
မတတ်နိုင်တော့ဘူး .. ဖေဖေလည်း နောက်ဆုံးလက်နက် ထုတ်သုံးရပြီ
(၈)
စေတနာနဲ့ လက်တော့လေးကို လှအောင် ခြယ်ပေးထားတာတဲ့
(၉)
ကလေးက တူတူပုန်းတမ်းဆော့နေတာမလို့ မမြင်ချင်ယောင်ဆောင်ပေးကြပါ။
(၁၀)
ဆေးခြယ်တန်း ကစားကြမယ်လေ
(၁၁)
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ စူးစမ်းတတ်တာ သူတို့လိုအရွယ်လေးတွေပေါ့
(၁၂)
မေမေရေ..ကိုကို့မျက်နှာကြီးက အမွှေးတွေနဲ့လုပ်ပါအုံး။
ဟေ့ကောင် ငါ မင်းထပ် ၈မိနစ်ကြီးတယ်ကွ ရိုရိုသေသေဆက်ဆံ (Shwe Nyan Shin)
(၁၃)
ဗီရိုကျယ်ကျယ်ဝယ်ပေးထားတော့ မီးမီးတစ်ရေးတစ်မော လာအိပ်လို့ရတာပေါ့
(၁၄)
အရင်က ကိုယ့်ကိုယ်ကိုယ် အငယ်ဆုံးကလေးလို့ထင်ခဲ့တာ ခုတော့ ငါကအလတ်ဖြစ်သွားပြီတဲ့လား (Shwe Nyan Shin)
(၁၅)
စာအုပ်ကို ရေဆေးပေးနေတာတဲ့
(၁၆)
အဖေလို့ အော်ခေါ်သံကြားလို့ မော့ကြည့်လိုက်တာ
(၁၇)
အင်း .. တော်တော်တူတယ်.. သားရယ်
(၁၈)
သမီးလေးရဲ့အရိပ်က သူ့နောက်လိုက်နေတဲ့ကိစ္စကို မဖြေရှင်းပေးလို့ဆိုပြီး အဖေကို စိတ်ကောက်နေတယ်။ (Shwe Nyan Shin)
(၁၉)
နောက်တစ်ခါ ကလေးတွေကို ကားပြပွဲတွေ မခေါ်သွားကြပါနဲ့တော့
(၂၀)
သမီးက ဖက်ပြီးရင် ရေထဲပြန်လွှတ်ပေးမယ်တဲ့ (Shwe Nyan Shin)
(၂၁)
အနာဂတ်ရဲ့ အင်ဂျင်နီယာလောင်း ပေါက်စလေးတွေ
(၂၂)
အဖေများနေ့ဆိုတော့လည်း ဖေဖေ့ကို ပြုစုပေးရမှာပေါ့ (Shwe Nyan Shin)
(၂၃)
ငါးလေးတွေအတွက် လွှတ်ပေးထားတဲ့ ရေစက်ကပျက်သွားလို့ ကိုယ်တိုင်ဝင်ပြင်ပေးနေသူလေး။
(၂၄)
ရုတ်တရက်သာ မေမေက ဒီမြင်ကွင်းကို မြင်လိုက်ရမယ်ဆိုရင် မထိတ်သာ မလန့်သာ ဖြစ်လိုက်တာ။ (Shwe Nyan Shin)
(၂၅)
အိမ်သာတံခါး ပိတ်ဖို့ မေ့သွားတဲ့ ခဏလေးကို အလွတ်မပေးပါလား
(၂၆)
ဟဲ့ .. အသာလုပ်ပါ…
(၂၇)
သင့်ကလေးတွေအနားမှာ ကြောင်လေးထားမိရင် ဒီလိုဖြစ်နိုင်တယ်။
(၂၈)
တော်တော်လေးကို ဆော့ကစားသောင်းကျန်းပြီးနောက် အားကုန်သွားပြီထင်တယ် (Shwe Nyan Shin)
(၂၉)
မုန့်ကလာတာကြာနေတော့ ကလေးလည်းပျင်းတာပေါ့လို့
(၃၀)
ကလေးတွေကလည်း ကြောင်လေးတွေလိုပါပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အိပ်ပျော်နိုင်ပါတယ်။ (Shwe Nyan Shin)
(၃၁)
မီးမီးလေးရဲ့ ပထမဆုံးကြက်တောင်စည်းလေး
(၃၂)
မေမေရေချိုးနေတာ ဘာကူညီပေးရမလဲလို့ လာကြည့်တာပါ. (Shwe Nyan Shin)
(၃၃)
မေမေတော့ သားကို အိပ်အောင်လုပ်တဲ့ မစ်ရှင်မှာကျဆုံးသွားပြီ.။
(၃၄)
ကလေးက အိမ်သာသွားတဲ့လမ်းမှာ ပင်ပန်းသွားလို့အိပ်ပျော်သွားတာပါ။ (Shwe Nyan Shin)
(၃၅)
ဖေဖေအအေးမိနေလို့ နွေးနွေးထွေးထွေးဖြစ်အောင် ကလေးကလုပ်ပေးနေတာပါ။
(၃၆)
အားလပ်ရက်မှာ ကမ်းခြေသွားစရာမလိုဘူး။ သင့်ကလေးကိုယ်တိုင် ဖန်တီးထားတဲ့ သဲကမ်းခြေလေးမှာ အနားယူနိုင်ပါတယ်။ (Shwe Nyan Shin)
ကိုယ့်အိမ်က ဆည်းလည်းလေးတွေကရော ဒီလိုလေးတွေပဲလား။ ကိုယ့်အိမ်က သားသားမီးမီးလေးတွေအကြောင်းကို ကောမန့်မှာ ပြောပြပေးခဲ့ကြပါအုံးနော်။
Written By Yoshi (Shwe Nyan Shin)
Ref:Brightside