ပြတိုက်တကာ့ ပြတိုက်တွေထဲက မိတ္တူမရှိနိုင်တဲ့ ထူးဆန်းလွန်းသော အရာများ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင် ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ ပြတိုက်တွေမှာ ပြသထားတဲ့ ရှေးဟောင်းပစ္စည်းတွေ၊ ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်း တွေဆိုတာ တကယ့်ကိုပဲ ရှားပါးထူးဆန်းလွန်းတဲ့ အရာတွေကိုသာ ရွေးချယ်ပြသထားတာမျိုးပါ။

ပြတိုက်တွေဟာ ထူးပေ့ဆန်းပေ့၊ ရှားပါးပေ့ ဆိုတဲ့ အရာတွေကိုသာ ပြသ ထားကြတတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ပြတိုက်တွေထဲမှာ နှစ်ခုမရှိနိုင်တဲ့ ထူးခြားလွန်းတဲ့ အရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ (ယခု အကြောင်းအရာသည် ရွှေဉာဏ်ရှင် ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

ဘီစီ ၁၅၄၃-၁၂၉၂ ခန့်က လူ့ဆံပင်နဲ့လုပ်ထားတဲ့ ဆံပင်တု တစ်ခု ဖြစ်ပါတယ်။

(၂)

ဝေလငါး ကျောရိုးမှာ တွေ့ရတဲ့ မီဂါလိုဒွန်ရဲ့ သွားတစ်ချောင်း။

(၃)

(၁၈၀၅) ခုနှစ်က နယ်လ်ဆင် ဦးဆောင်သော ဗြိတိသျှ ရေတပ်ကို တိုက်ခိုက်တဲ့ စပိန် စစ်သင်္ဘော San Ildenfonso ရဲ့အလံ၊

(၄)

မြင်းအရိုးစုကိုစီးထားတဲ့ လူအရိုးစု

(၅)

တောရိုင်းတိရစ္ဆာန် ပြတိုက်မှာ ပြသထားတဲ့ မြင်းကိုယ်၊ လူခေါင်း သတ္တဝါရဲ့အရိုးစု

(၆)

ရှေးခေတ် Roman trephine – တစ်သျှူး သို့မဟုတ် အရိုးအဝိုင်းကို ဖြတ်ဖို့ ခွဲစိတ်ရာမှာ အသုံးပြုတဲ့ ကိရိယာ။

(၇)

ရှေးဟောင်း ရုပ်တုတွေရဲ့ ကျိုးပဲ့နေတဲ့ နှာခေါင်းနဲ့ နားများကို စုစည်းပြသထားတာ ဖြစ်ပါတယ်။

(၈)

ရှေးအကျဆုံး ရေငုပ်ဝတ်စုံများထဲမှ တစ်ခုဖြစ်ပါတယ်။ ၁၈ ရာစုခန့် ကလို့ ဆိုပါတယ်။

(၉)

၁၆ ရာစုက ရှေးဟောင်း ဘက်စုံသုံးကိရိယာ

(၁၀)

(၁၈၅၂)ခုနှစ်ခန့်က ခေါက်နိုင်သော ခရီးဆောင်ကမ္ဘာလုံးပုံစံ။

(၁၁)

ပြင်သစ်ရဲ့ အနုစိတ်လွန်းတဲ့ ဗိသုကာ လက်ရာတစ်ခု (၁၅၅၀-၁၅၇၀)၊

(၁၂)

တူတန်ခန်မန်ရဲ့ ခြေနင်းဖိနပ်

(၁၃)

တရုတ်နိုင်ငံ၊ ဟန်မင်းဆက်လက်ထက်၊ ကြံ့ပုံသဏ္ဍာန် ဝိုင်အိုး (ဘီစီ ၃ မှ ၁ ရာစုခန့်)

(၁၄)

ရှေးအကျဆုံး မိုနိုပိုလီဘုတ်။ ဒါလေးကတော့ (၁၉၃၀)က ဖြစ်ပါတယ်။

(၁၅)

နော်ဝေးနိုင်ငံတောင်ပိုင်းရှိ ရေခဲမြစ်အတွင်းက အရည်ပျော်နေသော နှစ်ပေါင်း ၁၇၀၀ သက်တမ်းရှိ သိုးမွှေးအင်္ကျီဖြစ်ပါတယ်။ ဘယ်လောက်တောင် စမ်းသပ်စစ်ဆေးထားတာ ပါလိမ့်နော်။(Shwe Nyan Shin နဲ့ ပတ်သက်တဲ့ ဆိုက်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာကသာ ရေရှည်အတွက် ကောင်းမွန်တဲ့အရာဖြစ်တာကြောင့် သူတပါးအားထုတ်ပြီးသားတွေကို ကော်ပီလိုက်ကူးနေကြမယ်ဆိုရင်တော့ မိမိကိုယ်တိုင်ရော တပါးသူတွေပါ ရေရှည်ရပ်တည်နိုင်ဖို့ လွယ်မှာ မဟုတ်တာကို သတိချပ်စေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)

(၁၆)

ဒီပြတိုက်ထဲမှာတော့ တစ်ယောက်ယောက်က ဟာသဉာဏ်ရှိတယ်ဆိုတာ သေချာနေပါပြီ။

(၁၇)

ဆင်စွယ်နဲ့ ပြုလုပ်ထားတဲ့ လှုပ်နိုင်တဲ့ ဘောလုံး ၁၄လုံးပါတဲ့ (၁၉ ရာစု- ချင်မင်းဆက်) လက်ထက်က “Devil’s Work” ဘောလုံး

(၁၈)

(၁၆၁၈) ခုနှစ်ခန့်က ပင်လယ်ခရုသင်းပုံစံ ခမောက်တစ်လုံး ဖြစ်ပါတယ်။

(၁၉)

ငှက်ကုလားအုတ်ဥ ၂ ခြမ်းပေါ်မှာ အမေရိကတိုက်ကို ပုံဖော်ခဲ့တဲ့ ရှေးအကျဆုံး ကမ္ဘာလုံးကြီး။ (၁၅၀၄) ခုနှစ်က လက်ရာ ဖြစ်ပါတယ်။

(၂၀)

လန်ဒန်ရှိ သဘာဝသမိုင်းပြတိုက်မှာ ပြသထားတဲ့ အပြာရောင်ဝေလငါးအရိုးစု

(၂၁)

နယ်သာလန်တွင် သင်္ဘောပျက်မှ ပြန်လည်တွေ့ရှိခဲ့ရတဲ့ နှစ် ၄၀၀ သက်တမ်းရှိ ပိုးထည်ဝတ်စုံဖြစ်ပါတယ်။

(၂၂)

ဆင်စွယ်နဲ့ပြုလုပ်ထားတဲ့ ရှေးရောမ အရုပ်တစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀ခန့် ကလေးငယ် တစ်ယောက်ရဲ့ ရုပ်အလောင်းအခေါင်းထဲကနေ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

(၂၃)

လွန်ခဲ့တဲ့ နှစ်ပေါင်း၁၄၀၀ ခန့်လောက်က ခေါင်းစွပ်ပါတဲ့ ကလေးဝတ် အင်္ကျ ီတစ်ထည်ဖြစ်ပါတယ်။

(၂၄)

နှစ်ပေါင်းသက်တမ်း ၁၉၄၀ ခန့်က ကာဗွန်ဓာတ်ပြုခြင်းဖြင့် ထိန်းသိမ်းထားခဲ့တဲ့ ပေါင်မုန့် တစ်လုံးဖြစ်ပါတယ်။

(၂၅)

၁၇ ရာစုခန့်က ပလိပ်ရောဂါကုသတဲ့ ဆရာဝန်တွေသုံးတဲ့ မျက်နှာဖုံး။

(၂၆)

နှစ်ပေါင်း၃၅၀၀သက်တမ်းရှိနေပြီဖြစ်တဲ့ အမဲသားတစ်တုံးပါ။ သေတ္တာထဲထည့်ထားပုံရပြီး အဲဒီသေတ္တာ ကတောင် အမဲသားထက် ပိုပြီးဆွေးမြေ့သွားခဲ့ပါတယ်။

(၂၇)

ကဲ..ဒါကလည်း နှစ်ပေါင်း ၃၅၀၀သက်တမ်းရှိတဲ့ သေတ္တာထဲက စားစရာတစ်ခုပါပဲ။ ဒါကတော့ ဘဲတစ်ကောင် ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက တစ်ညီတစ်ညွတ်တည်း သုံးသပ်ထားပါတယ်။

(၂၈)

ဆယ့်ခုနစ်ရာစုမှ စက်ပိုင်းဆိုင်ရာ ခြေတုလက်တု

(၂၉)

၁၅၈၄ခုနှစ် Patanazzi မိသားစုရုပ်တုလေး။

(၃၀)

အီတလီမှာ ၁၆၀၀ ခုနှစ်များအတွင်း ပြုလုပ်ခဲ့သော သန့်ရှင်းသောရောမဧကရာဇ် Ferdinand II ရဲ့ သံချပ်ကာပါတဲ့နော်။

Written By Elni

Ref;Brightside

  နဲ့