မင်္ဂလာပါ။ သင်္ကေတရဲ့ Shwe Nyan Shin Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက်ဖော် ပြပေးမှာက ဓာတ်ပုံကောင်းကောင်းတစ်ပုံထွက်ဖို့ သူတို့ဘယ်လိုတွေရိုက်ခဲ့ရတယ်ဆိုတာမျိုးကို ပြသပေးမယ့် ဓာတ်ပုံ ၂၄ပုံအကြောင်းပဲ ဖြစ်ပါတယ်။
ဒီနေ့လို ဖိုတိုရှော့ပညာခေတ်စားလာတဲ့အချိန်မှာ ဓာတ်ပုံတွေရဲ့ အရည် သွေးကို အဆင့်မြင့်ဖိုတိုရှော့နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမျိုးမှာတော့ အရမ်းကိုလှပတဲ့ ဓာတ်ပုံလေး တွေရရှိနိုင်သလိုပဲ အပင်ပန်းခံပြီး အိုင်ဒီယာကောင်းကောင်းနဲ့ လိုက်ရိုက်ပေးတတ်တဲ့ သူငယ်ချင်းတွေရှိရင် လည်း အရမ်းကို လှပတဲ့ ဓာတ်ပုံလေးတွေ ထွက်လာနိုင်တယ်ဆိုတာကို အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေ က သက်သေပြနေပါတယ်။
(ယခုအကြောင်းအရာကို ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ပေးထားခြင်း ဖြစ်ပါသည်)
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
ရေပူငွေ့တွေ ထောင်းထောင်းထနေအောင် ဘယ်လိုဖန်တီးထားပါသလဲ…ပြီးတော့ နာရီကြီးကလည်း အသက်ဝင်လွန်းလှပါတယ်။
တကယ်တမ်းမှာတော့ ဘယ်နာရီ..ဘယ်လိုရေနွေးငွေ့တွေမှ ထွက်နေတာ မဟုတ်တာကို တွေ့လိုက်ရတော့ သင့်ကို အံ့အားသင့်သွားစေတယ် မဟုတ်ပါလား။
(၂)
အင်စတာဂရမ်ပေါ်တင်မယ့် ပုံလှလှလေးရဖို့ သင်တို့ထင်သလောက်မလွယ်ကူလှပါဘူး။
ဒီလိုတွေ အပင် ပန်းခံရတယ်ဆိုတာ သိပါသလား။
လုံးဝကို အထာကျကျလှနေတဲ့ ဓာတ်ပုံတစ်ပုံကိုရဖို့ ခြေထောက်နှစ်ဖက်နဲ့ မီးပန်းကို ထိန်းထားနိုင်တဲ့ စကေးကောင်းဖို့လိုပါတယ်နော်။
(၃)
ကြော်ငြာတွေကို မယုံလိုက်ပါနဲ့..
တကယ့်ကားအစစ်လား ထင်မှတ်မှားရပေမယ့် တကယ်တမ်းမှာကြတော့ ဒါကအရုပ်တွေနဲ့ အထူးပြုလုပ်ချက်တွေပဲ ဖြစ်ပါတယ်။
(၄)
ဒီလိုပုံရလို့ လမ်းမကြီးမှာဘယ်သူ့မှ ဂရုမစိုက်ဘဲပစ်လဲှချပြီး ရိုက်ရဲရတယ်ဆိုတာယူတို့တွေ သိရင်ကောင်းမှာပဲနော်လို့ ဓာတ်ပုံဆရာက ပြောနေပါတယ်။
(၅)
ဂျုံမှုန့်တွေနဲ့ ဒီလိုရိုက်ရင် မလှမပပုံတွေပဲ ရနိုင်မယ်လို့ အရင်တုန်းကထင်နေခဲ့ဖူးပါတယ်။
အခု ဒီလိုပုံကို ကြည့်လိုက်မှပဲ ဂျုံမှုန့်တွေနဲ့လဲ လှပအောင်ရိုက်လို့ရတယ်ဆိုတာကို နည်းလမ်းတစ်ခုရရှိသွားစေတာပဲ ဖြစ်ပါ တယ်။
(၆)
ကိုဗစ်ကာလအိမ်မှာပဲ နေနေရတဲ့ သူငယ်ချင်းတွေကို ကိုယ်ကမ်းခြေရောက်နေပြီလို့ ပုံတင်ပြီးကြွားချင်ရင် ဒီတစ်ကွက်ကို ကြည့်ထားလိုက်ပါတော့။
(၇)
လှည့်ကွက်တွေကို အသုံးမပြုပဲ လတွေကို ဖန်တီးလို့ဘယ်လိုမှမရနိုင်ပါဘူး။
ဒီတော့ သင်လဲ လတွေကို စုဆောင်းသူအဖြစ် ရိုက်ကူးချင်တယ်ဆိုရင်တော့ လအတုတွေကို ဖန်တီးရမှာပဲ ဖြစ်ပါတယ်။
(၈)
ပုံလှလှလေးထွက်ဖို့ ဘာတွေကိုဘယ်လို အသုံးပြုခဲ့ရသလဲ ဆိုတာလေ့လာကြည့်လိုက်ပါ။
(၉)
တကယ်လေပေါ်ပျံဝဲနိုင်ခဲ့သလား…။
မ ထားပေးတဲ့သူရှိပေမယ့် ကိုယ်တိုင်ကလဲ သရုပ်ဆောင်ပီပြင်ဖို့ လိုပါတယ်နော်။
(၁၀)
နေဦး…ငါလေပေါ်ဝဲတဲ့ ဓာတ်ပုံမျိုးထပ်ရိုက်ဦးမယ်နော်။
သတိ အိုက်တင်တွေ ကောင်းဖို့တော့လိုပါတယ်။
(၁၁)
ဖိုတိုရှော့ဟာ အရာအားလုံးကိုပြုလုပ်နိုင်တယ်ဆိုတာ ဒီဓာတ်ပုံက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
(၁၂)
ခြုံပုတ်ကောင်းကောင်းတစ်ခုရယ်…
မျက်လုံးလေးပိတ်ထားတာကသာ အကောင်းဆုံးဓာတ်ပုံဖြစ်ပါတယ်။
(၁၃)
အထင်နဲ့အမြင်ကွာခြားချက်က ဘာဖြစ်မလဲ။
နောက်မှာကိုးရို့ကားယားဖြစ်သလောက် ရှေ့ကပုံတွေ ကတော့ လုံးဝကို ဆွဲဆောင်မှုအပြည့် ဖြစ်နေတာက ဆရာကျလွန်းလှပါတယ်။
(၁၄)
“အမေရေ သမီးအားလပ်ရက်ကို တောင်ပေါ်မှာ အပန်းဖြေနေပါတယ်” ဆိုပြီးလိမ်လိုက်တဲ့ ခဏ…..
(၁၅)
ဒီလိုရင်ခုန်ကြည်နူးစရာ ဓာတ်ပုံတွေရဖို့အတွက် အပင်ပန်းခံပေးမယ့် သူငယ်ချင်းရယ်၊
ကိုယ်ရူးတိုင်းလိုက်ရူးပေးမယ့် ချစ်သူရယ်ရှိရင် ပြီးပြည့်စုံပါပြီ။
(၁၆)
ဒီလိုလှပတဲ့ ဓာတ်ပုံတွေရဖို့ အိမ်ထဲမှာပဲ ကိုယ့်စတူဒီယိုနဲ့ကိုယ်ဖန်တီးလို့ရပါတယ်နော်။
(၁၇)
အိုက်တင်နဲ့မုကောင်းရင် ဘယ်လိုအခြေအနေမျိုးမှာမဆို ပုံကောင်းတွေထွက်တယ်ဆိုတာ ဒီဓာတ်ပုံက သက်သေပြနေပါတယ်။
(၁၈)
ဒီလိုအိမ်မက်ထဲကအိမ်လေးကို အပြင်မှာ တကယ်ပိုင်ဆိုင်လိုက်ရရင်ဖြင့်…။
(၁၉)
မြက်ပင်ရှည်ရှည်လေးရှိတာနဲ့ ဒီလိုလှပတဲ့ ဓာတ်ပုံလေး ပုံဖော်နိုင်ပါပြီ….။
(၂၀)
အငွေ့တထောင်းထောင်းနဲ့ မှော်ဆန်နေတဲ့ ပုစွန်ထုပ် ဘယ်လိုရသလဲ အတုယူနိုင်ပါပြီ။
(၂၁)
ကမ်းခြေမှာ ရိုမန့်တစ်ဆန်ဆန်ဓာတ်ပုံရိုက်ပြီးရင် ကိုယ့်အမှိုက်ကိုယ်သိမ်းသွားဖို့ မမေ့ပါနဲ့ဦး။
(၂၂)
မိုးရေစက်လေးတွေ ပက်ဖြန်းနေချိန် ဓာတ်ပုံရိုက်ဖို့ မဖြစ်နိုင်တဲ့အခါ
ပါးစပ်ကို အသုံးပြုပြီး မိုးစက်တွေ ဘယ်လိုဖန်တီးသွားလဲဆိုတဲ့ စကေးကြမ်းကြီးကို တစ်ချက်ရှိုးလိုက်ပါဦး။
(၂၃)
ဘယ်လိုရှုထောင့်က ရိုက်ရမလဲ ကောင်းကောင်းသိရင်ကို ဒီလိုရှယ်ပုံတွေ ထွက်ပါပြီနော်။
ရှုထောင့် ကောင်းကောင်းကြည့်တတ်ဖု့ိတော့ လိုပါလိမ့်မယ်။
(၂၄)
ကြော်ငြာတွေကို ဒီလိုဖန်တီးကြတယ်ဆိုတာ အခုမှသိကြရတော့တာပဲ။
(၂၅)
ဓာတ်ပုံဆိုတာကလည်း ရိုက်တတ်ဖို့ပဲ လိုပါတယ်
(၂၆)
တစ်ခါတစ်လေတော့လည်း ထင်ထားတဲ့နဲ့ တကယ်ဖြစ်နေတာ လွဲနေတတ်ပါသေးတယ်
(၂၇)
ဓာတ်ပုံကောင်းရဖို့ ဒီလို ပေးဆပ်မှုတွေလည်း ရှိသေးတယ်
(၂၈)
ကဲပရိသတ်တို့မှာကော ဒီလိုအပင်ပန်းခံရိုက်ပေးမယ့် ပါစင်နယ် ဓာတ်ပုံဆရာလေး တွေရှိပါသလား…
ရှိတယ်ဆိုရင် မန်းရှင်လေး ခေါ်ပေးသွားကြပါဦးနော်။