မင်္ဂလာပါ။ Shwe Nyan Shin ပေ့ခ်ျမှ ကြိုဆိုလိုက်ပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးက ရာသီဥတုတွေက တဖြည်းဖြည်းနဲ့ ဖောက်ပြန်လာနေပါပြီ။
အပူပိုင်းဒေသတွေမှာလည်း မခံမရပ်နိုင်လောက်အောင် ပူပြင်းလာသလို အအေးပိုင်းဒေသတွေထဲမှာ အတော်လေးအေးခဲတာမျိုးတွေကို မကြာခဏကြုံတွေ့နေရပါတယ်။
အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ အန္တာတိက တိုက်ရောက်သွားသလိုမျိုး အေးခဲမှုကို ခံစားသွားရမယ့် ဓာတ်ပုံတွေပဲဖြစ်ပါတယ်။
(ဖော်ပြပါအကြောင်းအရာသည် Shwe Nyan Shinပေ့ခ်ျမှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
ရေတွေခဲနေတဲ့ မျက်နှာနဲ့ခေါင်း
(၂)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ နှင်းမုန်တိုင်းတိုက်ခတ်အပြီး (Shwe Nyan Shin)
(၃)
အအေးပိုင်းဒေသတွေမှာ ဖြစ်နိုင်ရင် သန့်စင်ခန်းအထိပါ အပူေပေးစက် ဖွင့်ထားရမယ့်ပုံပဲ
(၄)
အပြင်က ရာသီဥတု အေးတာကြောင့် အိမ်ထဲက တံခါးတွေတောင်ခဲကုန်ပြီ။ (Shwe Nyan Shin)
(၅)
ရှိသမျှ ရေတွေခဲကုန်ပြီး ပျက်စီးကုန်ပြီ။
(၆)
ပတ်ဝန်းကျင်တစ်ခုလုံးလည်း အဖြူရောင်နှင်းတွေ ဖုံးလွှမ်းနေတယ်။(Shwe Nyan Shin)
(၇)
ဘယ်လောက်တောင် ရာသီဥတုအေးနေလဲဆိုရင် ခေါက်ဆွဲပြုတ်တောင် အေးခဲသွားတဲ့အထိပါပဲ။
(၈)
အန္တာတိက တိုက်ကြီးကို မျက်မြင်မြင်တွေ့လိုက်ရသလား အောက်မေ့ရတဲ့ ချီကာဂိုမြို့ရဲ့ နှင်းဖုံးလွှမ်းနေတဲ့ မြင်ကွင်း (Shwe Nyan Shin)
(၉)
အအေးဒဏ်က ပြင်းထန်လွန်းတာကြောင့် မခဲတဲ့အရာဆိုတာ မရှိသလောက်ပါပဲ
(၁၀)
အာဝုလေးတွေလည်း သဘာဝကပေးတဲ့ အနွေးဓာတ်နဲ့ မရတော့ဘူး အနွေးထည်ထူထူဝတ်ထားရတယ်။ (Shwe Nyan Shin)
(၁၁)
နှင်းတွေအများကြီးသာ ဒီထပ်ပိုကျရင် တစ်မြို့လုံးမှာ နှင်းတွေပဲ မြင်ရတော့မယ့်ကိန်းရှိတယ်။
(၁၂)
နှင်းမိုးတွေ ၂ရက်လောက် ရွာချပြီးနောက် ကားတာယာအခြေအနေ (Shwe Nyan Shin)
(၁၃)
မိသားစု ဓာတ်ပုံအတူရိုက်ချင်ပေမယ့် အရမ်းချမ်းနေတာကြောင့် ဒီလိုလေး ကြံဖန်လိုက်တယ်။
(၁၄)
အရမ်းအေးတဲ့ရက်တွေမှာဆိုရင် လမ်းတွေက ပျောက်လုနီးပါးပါပဲ(Shwe Nyan Shin)
(၁၅)
လေထဲမှာ ခဲနေတဲ့ အမြုပ်ပူဖောင်းလေး
(၁၆)
ရေတံခွန်တောင်မှ ရေခဲတောင်ဖြစ်လုနီးပါး (Shwe Nyan Shin)
(၁၇)
အီတလီနိုင်ငံက ခဲနေတဲ့ ရေတံခွန်ကြီး
(၁၈)
ဆောင်းရာသီမှာ ရေတွေကိုလေပေါ်ပက်ဖြန်းလိုက်ရုံနဲ့ ရရှိနိုင်မယ့် အမိုက်စားဓာတ်ပုံ (Shwe Nyan Shin)
(၁၉)
အလွန်အေးခဲနေတဲ့အချိန်မှာမှ လောင်တဲ့မီးကို စွန့်စွန့်စားစားငြိမ်းသက်ပြီး ကယ်တင်ပေးနေတဲ့ မီးသတ်သမားများ
(၂၀)
နှင်းလျှောစီးကွင်းတောင်မှ အရမ်းအေးနေလို့ ပိတ်ထားရတယ်။ (Shwe Nyan Shin)
(၂၁)
ရေကန်လို့ပြောရမလား…ရေခဲပြင်ကန်ကြီးလို့ပဲ ပြောရမလား
(၂၂)
အာဝုက နှင်းတောကြားမှာ ပျော်မြူးနေတာ (Shwe Nyan Shin)
(၂၃)
တံခါးဖွင့်ပြီး အပြင်သွားမယ်စိတ်ကူးပေမယ့် နှင်းတောကြီးက ထွက်ခွင့်မပေးခဲ့ပါဘူး။
(၂၄)
ကားကို အပြင်ရောက်အောင် မောင်းနိုင်ဖို့ဆိုရင် ခဲနေတဲ့ နှင်းပုံကြီးကို အရင်ရှင်းရတော့မယ် (Shwe Nyan Shin)
(၂၅)
အနှုတ် ၅၇ဒီဂရီဆဲလ်ဆီးယပ်မှာ တစ်နေကုန်အလုပ်လုပ်ပြီးနောက်
(၂၆)
အနှုတ် ၃၅ဒီဂရီဆဲလ်ဆီးယပ် ရာသီဥတုတွင် ရေနွေးပူကို လေထဲကို ပက်လိုက်သောအခါ (Shwe Nyan Shin)
(၂၇)
နှင်းစက်လေးနဲ့ ဖန်တီးလိုက်တဲ့ အနုပညာလက်ရာတစ်ခု
(၂၈)
တစ်မိနစ်အတွင်းမှာတင် ဆံပင်တွေကို ဒီလိုခဲတောင့်သွားစေပါတယ်။(Shwe Nyan Shin)
အခုဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေကတော့ အလွန်အေးခဲနေတဲ့ ရာသီဥတုမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေပဲဖြစ်ပါတယ်။ ပရိသတ်တို့ရော အေးတဲ့ရာသီဥတုကို ကြိုက်ကြလား။ ကိုယ့်ရဲ့ အတွေးလေးတွေကိုလည်း ပြောပြပေးခဲ့ကြပါအုံးနော်။
Written By Yoshi (Shwe Nyan Shin)
Ref:brightside