အံ့သြမှင်သက်သွားစေမယ့် ဂျပန်တို့ရဲ့ အမျိုးမျိုးသောဖန်တီးမှုများ ဓာတ်ပုံ (၂၈)ပုံ

မင်္ဂလာပါ။ Shwe Nyan Shinပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ မျိုးစုံသော ပေါက်ကရတီထွင်ဖန်တီးမှုတို့နဲ့ အသုံးဝင်လှတဲ့တီထွင်ဖန်တီးမှုတို့ကို ဂျပန်နိုင်ငံနဲ့ တွဲပြီး မှတ်မိကြလေ့ရှိပါတယ်။ တကယ်လည်း ဂျပန်နိုင်ငံဟာ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ တီထွင်ဖန်တီးမှုမျိုးစုံကို ဖန်တီးနိုင်ပါတယ်။

တချို့သော တီထွင်မှုတွေက မလိုအပ်ဘဲ အပိုဖြစ်သွားနိုင်ပေမယ့် တချို့သော ဖန်တီးမှုတွေကတော့ ကမ္ဘာကြီးကိုအထောက်အပံ့ဖြစ်စေတဲ့ အထိ အသုံးဝင်ပါတယ်။

မှင်သက်သွားစေမယ့် ဂျပန်တို့ရဲ့ အမျိုးမျိုးသော ဖန်တီးမှုများကို ဖော်ပြပေးလိုက်ပါတယ်။

(ဖော်ပြပါအကြောင်းအရာသည် Shwe Nyan Shin ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

မျက်စဉ်းခပ်တဲ့ မျက်မှန်..ဒီမျက်မှန်နဲ့ဆိုရင် မျက်စဉ်းရည်က မျက်လုံးထဲကို သေချာပေါက် ဝင်နိုင်မှာဖြစ်ပါတယ်။ တခြားသူရဲ အကူအညီမပါရင်တောင်ပေါ့..

(၂)

သံဗူးတွေနဲ့ချည်းသိမ်းဆည်းထားတဲ့ အစားအသောက်နဲ့အရည်တွေအားလုံးကို ရနိုင်တဲ့ စားသောက်ဆိုင် (Shwe Nyan Shin)

(၃)

အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဗလကြီးကြီးဖြစ်ဖို့အတွက် အချိန်ကုန်ခံပင်ပန်းခံနေစရာမလိုတော့ပါဘူး…ဂျပန်နိုင်ငံက ကြွက်သားတီရှပ်ကိုသာ ဝယ်ဝတ်လိုက်ရုံပဲ

(၄)

ကြောင်လေးတွေကို ကိုယ့်အနားမှာပဲ တစ်ချိန်လုံးကပ်နေစေချင်တဲ့ သူတွေအတွက် ဖန်တီးပေးထားတဲ့ အမြှီးပါဝင်တဲ့ ဂျင်းဘောင်းဘီ (Shwe Nyan Shin)

(၅)

အိမ်သန့်ရှင်းရေးလုပ်ပေးတဲ့ စက်ရုပ်တွေ တီထွင်ပြီးနောက်မှာ အဝေးထိန်းခလုတ်စနစ်နဲ့ အိမ်သန့်ရှင်းရေးလုပ်နိုင်မယ့် စက်တွေပါ ထပ်တီထွင်ထားပါသေးတယ်။

(၆)

အမြှီးပါ ပါသေးတဲ့ တိပုံစံ ထိုင်ခုံများ (Shwe Nyan Shin)

(၇)

ရေချိုးနေရင်းတောင် ဖုန်းသုံးဖို့လိုလာတဲ့ သူလေးတွေအတွက်..

(၈)

သခွားသီးကို လှီးတဲ့အခါမှာ ကြယ်ပုံစံလေးဖြစ်နေစေမယ့် ခွက် (Shwe Nyan Shin)

(၉)

အလုပ်လုပ်နေရင်း ရုတ်တရက်အိပ်ငိုက်သွားရင် ကာကွယ်ပေးနိုင်သလို လည်ပင်းနာခြင်းကိုပါ ကာကွယ်ပေးနိုင်မယ့် လက်

(၁၀)

စာအုပ်ချစ်သူလေးတွေ အနေနဲ့ သူတို့ရဲ့စာအုပ်လေးတွေကို ရေချိုးအနားယူရင်း ဖတ်တဲ့အခါမှာ ရေစိုပျက်ဆီးသွားမှာကို စိုးရိမ်ရပါတယ်။ ဒါပေမယ့် ခုလို ရေစိုခံစာအုပ်အဖုံးလေးနဲ့ဆိုရင် စိတ်ပူစရာမလိုတော့ဘူးပေါ့ (Shwe Nyan Shin)

(၁၁)

ခွဲစိတ်စရာမလိုဘဲ နှာခေါင်းလေးလို ပုံကျလှပစေမယ့် နှာခေါင်းပုံးသွင်းညှပ်

(၁၂)

မျက်နှာကြွက်သားတွေကိုလည်းလေ့ကျင့်ပေးဖို့လိုပါတယ်….ဂျပန်နိင်ငံကတော့ အလွယ်တကူ မျက်နှာကြွက်သားလေ့ကျင့်နိုင်မယ့် ကိရိယာလေးကို ဖန်တီးပေးထားတာဆိုတော့ ပိုလွယ်ကူသွားပါတယ်။ (Shwe Nyan Shin)

(၁၃)

တိပုံစံအရုပ်လေးတွေ ဘယ်ပုံစံအရုပ်ကိုမဆို သဘောကျတယ်ဆိုရင် ဒီလိုအရုပ်မျိုးကိုလည်း ကြိုက်လောက်မယ်ထင်တယ်

(၁၄)

တိုက်ခန်းတွေမှာ နေတဲ့သူတွေအနေနဲ့ ရုတ်တရက်စိတ်ဖိစီးမှုများပြီး စိတ်တိုလာရင် ဖွင့်ထုတ်လိုက်နိုင်မယ့် အော်ဟစ်နိုင်တဲ့ ဘူး (Shwe Nyan Shin)

(၁၅)

ကြောင်လေးတွေရဲ့ နှုတ်ခမ်းမွှေးလေးတွေ ကျွတ်ရင် စုဆောင်းတတ်သူတွေအတွက် သေတ္တာပါတဲ့

(၁၆)

ကြောင်ပုံစံမျက်နှာကပ်တဲ့ Mask လေးတွေ ..အလှအပထိန်းသိမ်းရင်း ဓာတ်ပုံလေးတွေရိုက်ချင်ရင် ကွက်တိပဲ (Shwe Nyan Shin)

(၁၇)

ကိုယ်အကြိုက်ဆုံး အစားအစာကို သွားလေရာ နေရာယူသွားလို့ရပါတယ်။ ကလစ်အဖြစ် ခေါင်းမှာပန်ပြီးတော့ပေါ့

(၁၈)

မြင်ရတာတော့ ထူးဆန်းနေပေမယ့် ခြေထောက်က အကြောအချင်တွေဖြေလျှော့ပေးနိုင်လို့ တကယ်ကို အသုံးဝင်တာပါ။ (Shwe Nyan Shin)

(၁၉)

ဆံပင်ဖြူတွေကို မကြိုက်လို့ အများစုက အနက်နဲ့ အခြားရောင်စုံတွေကို ဆိုးကြပါတယ်။ ဒါပေမယ့်ဂျပန်နိုင်ငံကတော့ အများထဲကနေ ကွဲထွက်စေဖို့ဆိုပြီး အဖြူရောင်ဆံပင်ဆိုးဆေးတွေကို ထုတ်ထားပြန်ပါသေးတယ်။

(၂၀)

ခရီးထွက်ရင်းစီးတဲ့ ဖိနပ်အဖြစ်သုံးနိုင်သလို လိုအပ်ရင် tent အဖြစ် သုံးနိုင်အုံးမယ့် အံ့သြလောက်စရာ ဖိနပ် (Shwe Nyan Shin)

(၂၁)

နှုတ်ခမ်းနီကို ပုံကျလှပအောင် မဆိုးတတ်တဲ့ ပျိုမေလေးတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်။

(၂၂)

သွားလေရာ အမှိုက်သိမ်းနိုင်မယ့် ဖိနပ်ဆိုရင်တော့ ပတ်ဝန်းကျင်က သိပ်ကို ကျေးဇူးတင်နေလောက်မယ်ထင်တယ်..ဒါလည်း ဂျပန်တို့ရဲ့ ပေါက်ပေါက်ရှာရှာဖန်တီးမှုတွေထဲက တစ်ခုပါပဲ (Shwe Nyan Shin)

(၂၃)

ပုံစံကတော့ ရယ်ရပေမယ့် မိန်းကလေးတွေ အစားအသောက်စားတဲ့နေရာမှာကျတော့ တကယ်အသုံးဝင်လောက်တယ်။

(၂၄)

မတ်တပ်ရပ် ရထားစီးရင် အိပ်ငိုက်နိုင်မယ့် ကိရိယာ…တကယ့်ကို အသေးစိတ်ကအစ စဉ်းစားပြီးကို တီထွင်ဖန်တီးကြတာပဲ (Shwe Nyan Shin)

(၂၅)

ကလေးတွေ တွားသွားတတ်ခါစဆို အိမ်အနှံ့လျှောက်သွားတတ်ကြပါတယ်။ ဒါကိုပဲ အခွင့်ကောင်းယူပြီး အင်္ကျီကို ဖန်တီးလိုက်ကြတယ်။

(၂၆)

ဘယ်အချိန်မဆို တစ်ရှူးအမြဲတမ်း လိုနေသူတွေ ရှိလား (Shwe Nyan Shin)

(၂၇)

ပေါက်ပေါက်ရှာရှာ မိုးရေစုဆောင်းနိုင်မယ့် ထီး…

(၂၈)

ပိုးဟပ်ကြောက်တဲ့သူတွေ အနီးကပ်စရာမလိုဘဲနဲ့ အဝေးကနေ လှမ်းခြောက်နိုင်မယ့် ဖိနပ် (Shwe Nyan Shin)

ဂျပန်တို့ရဲ့ အမျိုးမျိုးသော တီထွင်မှုတွေကတော့ အံ့မခန်းစရာပါပဲ။ ပရိသတ်တို့ရော ဘယ်လိုတီထွင်မှုမျိုးက လူတွေအတွက် အသုံးဝင်နိုင်မယ်ထင်လဲ..ပြောပြပေးခဲ့ကြပါအုံး။

Written By Yoshi (Shwe Nyan Shin)
Ref:Brightside

  နဲ့