မင်္ဂလာပါ။ သင်္ကေတရဲ့ ရွှေဉာဏ်ရှင်ပေ့ချ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ တစ်ချို့သောသူတွေက ကံကြမ္မာကို ယုံကြည်ကြပါတယ်။ ဘဝမှာ အရာအားလုံးဟာ အကျိုးကြောင့် အကြောင်းတွေ ဖြစ်တယ်ဆိုတာ လက်ခံရမှာပါ။
ဘယ်လိုထူးဆန်းတာတွေဖြစ်ဖြစ် တစ်ချို့လူတွေကတော့ တိုက်ဆိုင်မှုတစ်ခုလို့သာ လက်ခံ လိုက်ကြတာလည်း ရှိပါတယ်။
အခုဖော်ပြပေးမယ့် တိုက်ဆိုင်မှုရှိတဲ့ ဓာတ်ပုံတွေဟာ ယုံကြည်ဖို့ ခဲယဉ်း လွန်းတယ်လို့တောင် ဆိုရမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေပါမလဲဆိုတာ ဆက် လက်ကြည့်လိုက်ကြရအောင်ပါ။
(ယခုအကြောင်းအရာကို ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်း ဖြစ်ပါသည်။ အခြားစိတ်ဝင်စားစရာ အကြောင်းအရာတွေကိုလည်း ရွှေဉာဏ်ရှင်ပေ့ချ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်)
(၁)
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လေကြောင်းပြပွဲတစ်ခု ပြုလုပ်ခဲ့စဉ်က ကလေးလေးတစ်ယောက်ဟာ OH58 Kiowa လေယာဉ်ထဲမှာ ထိုင်နေခဲ့တာပါ။ အဲဒီနေ့ကတည်းက သူကတစ်နေ့လေယာဉ်မောင်းသူတစ်ဦး ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နောက်အနှစ်နှစ်ဆယ်လောက်ကြာတဲ့အခါမှာ လူငယ်လေးဟာ တကယ့်ကို လေယာဉ်မောင်းသူတစ်ဦးဖြစ်လာခဲ့ပြီး သူ့အသက်ရှစ်နှစ်လောက်က ထိုင်ခဲ့တဲ့လေယာဉ်ကို ပြန်ရှာခဲ့ပါတယ်။ လေယာဉ်အမြှီးပေါ်ကနံပတ်ပါတဲ့ Kiowaရှိလားလို့ စစ်ဆင်ရေးကို မေးခဲ့ပါတယ်။ သူတို့ကကြည့်လိုက်ပြီးတာနဲ့ တစ်ချိန်က ဒီလေယာဉ်ရှိခဲ့ရုံမျှမက ချဉ်းကပ်လမ်းပေါ်မှာ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ ချက်ချင်းသွားပြီး လေယာဉ်ကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ လေယာဉ်တွေ မောင်းနှင် ပျံသန်းချင်တဲ့ စိတ်ကိုဖော်ထုတ်ပေးခဲ့တဲ့ လေယာဉ်လေးနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။
(၂)
ဒီလို ကျောက်ပုစွန်မျိုးကတော့ အခါ တစ်သန်းမှာတောင် တစ်ကောင်လောက် တွေ့ရတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။
(၃)
ဒီ ပက်စီသံဘူးထဲကနေ ဖျော်ရည်တွေက ဘယ်လိုလုပ်ပြီး ခုလို ကွေးကောက်နေတဲ့ ပုံစံ ဖြစ်နေသလဲဆိုတာ စဉ်းစားလို့ မရပါဘူး။
(၄)
တစ်ကောင်ရဲ့ ကျောကုန်းပေါ်တစ်ကောင်က တက်ပြီးရပ်နားနေတဲ့ စင်ရော်ငှက်လေး
စင်ရောက်ငှက်လေးနှစ်ကောင်ရဲ့ မြင်ကွင်းတစ်ခုကို ဓာတ်ပုံဆရာက မျှဝေပေးခဲ့ပါတယ်။ ဒီဓာတ်ပုံထဲက ငှက်လေးတွေက တစ်ကောင်ကျောပေါ်မှာ တစ်ကောင်ကရပ်နေခဲ့တာပါ။ မြန်မာနိုင်ငံမှာဆိုရင် ပဲခူးကဟင်္သာ ငှက်ဖိုနဲ့ ငှက်မရုပ်တုလေးလိုပဲမို့ ရွေးချယ်ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
(၅)
ဒီလိုပုံမျိုးကိုရဖို့ဆိုတာ သူ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ တစ်ချိန်၊တစ်ခါတည်းသာရနိုင်ဖို့ အခွင့်အရေးရှိတဲ့ ဓာတ်ပုံလေးတစ်ခုဖြစ်ပါတယ်။
(၆)
ဒီကားရဲ့ အနောက်တံခါးမှာ ဆွဲထားရေခဲတောင်ရဲ့ပုံနဲ့ အပြင်ကရှိနေတဲ့ ရေခဲတောင်နဲ့ တကယ်တူလွန်းသွားတဲ့ ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
(၇)
ဇာတိမြို့ ဇစ်ကုတ်နဲ့ ပြိုင်ပွဲဝင်တီရှပ်နံပတ်လည်း တူနေပြီး ပန်းဝင်တဲ့အချိန်ကပါ 33607 ဖြစ်နေတာတော့ အတော့်ကိုထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
(၈)
သက်တန့်သုံးခုတပြိုင်တည်း ဖြစ်ထွန်းနေတဲ့ ပုံရိပ်လေးကလည်း အတော်လေးကို ထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခု လို့ ဆိုနိုင်ပါတယ်။ နေရာတစ်ခုတည်းမှာ သက်တန့်တစ်ခုတည်းသာ ဖြစ်ပေါ်နိုင်တာလို့ ယေဘူယျသိထားခဲ့ကြပေမယ့်လည်း အခုချိန်မှာတော့ နေရာတစ်ခုတည်းမှာ သက်တန့်သုံးခု တပြိုင်တည်းဖြစ်နေတာကို မှတ်တမ်းတင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။
(၉)
လိပ်ပြာလေးကလည်း သူ့ပုံကို သူလာကြည့်ပြန်ပါတယ်။အပေါ်မှာဖော်ပြခဲ့တဲ့ ငှက်ကလေးလိုပဲ လိပ်ပြာလေးကလည်း သူ့ပုံကို သူလာကြည့်ပြန်တာပဲ ဖြစ်ပါတယ်။
(၁၀)
ကျွန်တော့်အစ်ကိုက မိုးကြိုးပစ်တာကို ဓာတ်ပုံအချိန်မီရိုက်ကူးဖို့ အချိန်တစ်နှစ်ကြာ ကြိုးစားခဲ့ရပါတယ်။
သူဒီညမှာတော့ သူလိုချိင်တဲ့ပုံကို ရိုက်လိုက်နိုင်ပါတယ်။ ဘယ်ဖက်အောက်ခြေက လှေမှာရေးထားတဲ့ စာကို လည်းတွေ့လိုက်ပါတယ်။ တကယ့်ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။
(၁၁)
ဒါကတော့ လက်ပစ်မြားကစားနည်းမှာ ပစ်လိုက်တဲ့ မြားက စက်ကွင်းပေါ်က ခြင်တစ်ကောင်ကို ထိမှန်သွားခဲ့ပါတယ်။
ဒါက လက်ဖြောင့်လို့ မဟုတ်ပဲ မယုံနိုင်စရာ တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်ပါတယ်။
(၁၂)
ကြိုးကြာနီလေးတွေ စုစည်းပြီးနေတဲ့ ပုံလေးကကို ကြိုးကြာနီတစ်ကောင်ပုံစံ တိုက်တိုက်ဆိုင်ဆိုင် တူနေတာပါ။
တမင် စုစည်းထားရင်တောင် ဒီလောက်တူချင်မှ တူမှာပဲ ဖြစ်ပါတယ်။
(၁၃)
သူမက ဒီအလုပ်အတွက်မွေးဖွားခဲ့တာများလား။
သူမရဲ့နာမည်အရင်းနဲ့ သူမအလုပ်လုပ်ကိုင်တဲ့ နေရာရဲ့ နာမည်တူနေတာပါ။
ဒါကလည်း အကြိမ်တစ်သောင်းမှာ တစ်ယောက်တောင် မတိုက်ဆိုင်တတ်တဲ့ အရာမျိုးပါ။ အခုလိုထူးထူးဆန်းဆန်းတိုက်ဆိုင်နေတာကတော့ အတော်လေးကို ထူးခြားတယ်လို့ သာပြောရတော့မှာပဲ ဖြစ်ပါတယ်။
(၁၄)
ဘယ်လိုအချိန်အခါ တိုက်ဆိုင်မှုမျိုးလည်း ….ပျော်ရမှာလား…ဝမ်းနည်းရမှာလား။
ဖလော်ရီဒါက နိုက်ကလပ်တစ်ခုမှာ လူ၇ယောက် သေနတ်ပစ်ခံရတဲ့ သတင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း ၇ခုရှိနေတဲ့သတင်း က ဖုန်းမက်ဆေ့ချ်ထဲကို အချိန်နည်းနည်းလေးသာကွာပြီး ရောက်လာခဲ့မှုကို မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။
(၁၅)
အဖေက ငါးဖမ်းသမားတစ်ယောက်ဖြစ်ပြီး Attersee ရေကန်ထဲမှာ ငါးမျှားရင်း ပိုက်ဆံအိတ်တစ်ခု ငါးဖမ်းပိုက်မှာ ငြိပြီးပါလာခဲ့ပါတယ်။
အဲဒီပိုက်ဆံအိတ်က လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ရေကန်ထဲပြုတ်ကျ ခဲ့တဲ့ သူ့ပိုက်ဆံအိတ်ဖြစ်နေတာကို အံ့သြလွန်းစွာသိခဲ့ရတာပဲ ဖြစ်ပါတယ်။
(၁၆)
အလွန်ရှားပါးတဲ့ အခြေအနေမျိုးမှာ ဆိုရင်လေယာဉ်စီးရင်းကနေ ဒီလို၃၆၀ ဒီဂရီမြင်နိုင်တဲ့ သက်တန့် ပုံမျိုးကို မြင်တွေ့နိုင်တာပါ။
ဒီလိုဖြစ်ဖို့ဆိုတာလည်း အကြိမ်တစ်သောင်းမှာ တစ်ခါမတိုက်ဆိုင်နိုင်ဘူးလို့ ဆိုပါတယ်။
(၁၇)
ဆွီဒင်နိုင်ငံသား Guyက မြောက်ပိုင်းအလင်းတန်းတွေ ရှာဖွေနေတုန်း အစိမ်းရောင် ဥက္ကာခဲကို မြင်လိုက်ရတဲ့အတွက် ဓာတ်ပုံရိုက်ကူးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။
(၁၈)
ရဲမှုခင်းဓာတ်ပုံနှစ်ပုံထဲက လူနှစ်ဦးက တစ်ယောက်တည်းမဟုတ်ပါဘူး။ သူတို့က ထူးခြားတိုက်ဆိုင်လွန်း စွာပဲ နာမည်ဆင်တူ၊ ရုပ်ချင်းဆင်တူနေရုံသာမက ထောင်ကျချိန်ပါတူနေကြတာ ဖြစ်ပါတယ်။
သူတို့ကို ၁၉၀၃ ခုနှစ်မှာ Leavenworth ထောင်ကို တစ်ချိန်တည်းမှာ ပို့လိုက်ပါတယ်။
သူတို့နှစ်ဦးကတူလွန်းနေတာကြောင့် လည်း ထောင်အာဏာပိုင်တွေကို ရှုပ်ထွေးမှုတွေ အမြဲဖြစ်ပေါ်စေလေ့ရှိပြီး လက်ဗွေစနစ်တွေ ထောင်မှာသုံးဖို့ စဉ်းစားခဲ့ရတာလည်း သူတို့ကြောင့်ဖြစ်တယ်လို့တောင် ပြောစမှတ်တွင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
(၁၉)
မျက်လုံးမမြင်တဲ့ ကလေးလေးတစ်ဦးက အရွက်လေးခုပါတဲ့ အပင်သေးသေးလေးကို တွေ့ရှိခဲ့ပါတယ်။
သူမမြင်ရပေမယ့် သူ့တွေ့ရှိမှုက ချစ်စရာကောင်းနေခဲ့တယ်လို့ မိခင်ဖြစ်သူကမှတ်တမ်းတင်ထားတာပါ။
(၂၀)
ခွေးလေးရဲ့ လည်ပင်းက အဖြူရောင်အစင်းလေးနဲ့ ကမ်းစပ်က ရေလှိုင်းလေး ဆင်တူဖြစ်နေပုံကလည်း တော်ရုံတိုက်ဆိုင်မှုမျိုးတော့ မဖြစ်နိုင်ပါဘူး။
(၂၁)
အရှေ့ ဗစ်တိုးရီးယားပြည်နယ်..သြစတြေးလျက ရှားပါးတိမ်တိုက်ဖြစ်စဉ်ရဲ့ ဓာတ်ပုံတစ်ခုပဲ ဖြစ်ပါတယ်။
(၂၂)
Gallipoli စစ်ပွဲတုန်းက တစ်ဖက်နဲ့တစ်ဖက်ပစ်ခတ်တိုက်ခိုက်တဲ့ ကျည်ဆံနှစ်ခုတိုက်မိတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။
ကျည်ဆန်နှစ်ခုက မယုံနိုင်စရာကောင်းလောက်အောင်ပဲ တကယ့်ကို တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။
(၂၃)
မီးမှုတ်ထုတ်သူတစ်ယောက်ရဲ့ ပါးစပ်ကထွက်လာတဲ့ မီးတွေက နဂါးတစ်ကောင်ပုံစံနဲ့ တူနေတာပါ။
သေချာကြည့်လိုက်ရင်လည်း အဲဒီနဂါးနဲ့ မီးမှုတ်တဲ့ကောင်လေး နမ်းနေတယ်လို့ ထင်ရလောက်တဲ့ တိုက်ဆိုင်မှုရှိတဲ့ ဓာတ်ပုံလေးပဲ ဖြစ်ပါတယ်။
(၂၄)
Wisconsin ပြည်နယ်အနောက်မြောက်ပိုင်းမှာတွေ့ခဲ့တဲ့ သမင်ဖြူလေးတစ်ကောင်ရဲ့ ပုံဖြစ်ပါတယ်။
သမင်အဖြူရောင်ဆိုတာကလည်း အင်မတန်မှရှားပါးလွန်းတာပါ။ ဒီသမင်ဖြူလေးကို တွေ့တွေ့ချင်း ဓာတ်ပုံအမိအရ ရိုက်လိုက်နိုင်တဲ့ ဓာတ်ပုံဆရာဟာ အတော်လေးကို ဂုဏ်ယူနေတာလည်း ဖြစ်ပါတယ်။
(၂၅)
ဘယ်လောက်ကံကောင်းလိုက်တဲ့ ကားပိုင်ရှင်လဲဆိုတာ…။ ကံကောင်းမှုကြီးကတော့ ပြောစရာတောင် မရှိတော့ပါဘူးနော်။
(၂၆)
လေးမြွှာပူးကြက်ဥ…ဒီတစ်ခုကတော့ အတော်လေးထူးဆန်းပါတယ်။ ကြက်ဥတစ်လုံးထဲမှာ အနှစ်နှစ်ခုလောက်ပါတာမျိုးက အလုံးတစ်ထောင်မှာ တစ်လုံးလောက်ဖြစ်နိုင်ပါသေးတယ်။ တွေ့လည်းတွေ့တတ်ကြပါတယ်။ အနှစ်သုံးခုပါတာမျိုးက တော်တော်ထူးဆန်းနေပြီလို့ ဆိုရမှာဖြစ်ပြီး အခုလို အနှစ်လေးခုပါတာမျိုးကတော့ အလွန့်အလွန်ထူးဆန်းမှုလို့ပဲ ပြောရမှာဖြစ်ပါတယ်။
(၂၇)
တိတိပပ ကွဲနေတဲ့ ပန်းကန်တစ်ချပ်
မတော်တဆအခြေအနေမျိုးနဲ့ ပန်းကန်ပြားတွေ ကျကွဲဖူးကြမှာပါ။ ကွဲသွားပြီဆိုတာနဲ့ အစိပ်စိပ်အမြွှာမြွှာဖြစ် သွားတတ်တဲ့ ဖန်ပန်းကန်၊ ကြွေပန်းကန်တွေက အခုပုံထဲကလိုမျိုး တိတိပပ ထက်ခြမ်းကွဲနေတယ်ဆိုတာ မျိုးကတော့ မဖြစ်နိုင်လှပါဘူး။ တကယ့်ကို တမင်တကာ အရာပေးပြီးခွဲမယ်ဆိုရင်တောင် ဒီလိုတိတိပပ လှလှပပ ညီညီညာညာ ထက်ခြမ်းလေးကွဲသွားဖို့ မဖြစ်နိုင်တာမို့ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခုလို့သာ ပြောရမှာပဲ ဖြစ်ပါတယ်။
(၂၈)
စာမျက်နှာထက်က သူ့ပုံကို လာကြည့်တဲ့ ငှက်ကလေးဖြစ်ပါတယ်။ လူတစ်ယောက်က ငှက်ကလေး တွေအကြောင်း ဓာတ်ပုံနဲ့ရေးထားတဲ့ စာအုပ်ကိုဖတ်နေစဉ်မှာပဲ ပုံထဲကငှက်ကလေးနဲ့တူတဲ့ ပြင်ပကငှက် ကလေးက လာနားခဲ့တာပဲ ဖြစ်ပါတယ်။ တကယ့်ကို မယုံနိုင်စရာ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
(၂၉)
ခွေးလေးသုံးကောင်မွေးဖွားခဲ့တယ်။ ကျောကုန်းပေါ်က အကွက်လေးတွေက နံပတ်စဉ်အလိုက် ဖြစ်နေတာလေးက ထူးဆန်းလွန်းမနေဘူးလား။
(၃၀)
ကံကောင်းလွန်းတဲ့ ကား…အပင်ကြီးတစ်ပင်လုံးနီးပါး ကျိုးကျပြီး ကားပေါ်ပိသွားပြီထင်ရပေမယ့် ကံကောင်းလွန်းစွာပဲ ကားကို ထိမနေခဲ့ပါဘူး။ သစ်ပင်ရဲ့ ကောက်နေတဲ့အပိုင်းက ကားခေါင်မိုးကို အတိ အကျခွပြီးကျလို့သာ ဘာမှမထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
(၃၁)
ယင်ကောင်လေးတစ်ကောင်က ရှားစောင်းပင်က အစူးမှာ မတော်တဆ လာစိုက်နေခဲ့တယ်ဆိုတာက ဖြစ်နိုင်ခြေက အရမ်းကို နည်းပါးလွန်းပါတယ်။
ဒီပုံလေးတွေ အားလုံးဟာ မတော်တဆတိုက်ဆိုင်မှု ရှိတဲ့ ဖြစ်ရပ်လေးတွေကို အမိအရ ရိုက်ကူးမိထားတဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးကို ဘယ်နံပတ်က အံသြစေသလဲဆိုတာကိုလည်း ဝေမျှပေးပါဦးလို့ ပြောချင်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာစွာ ကိုဗစ်ကာလကို ဖြတ်သန်းနိုင်ကြပါစေ။