မင်္ဂလာပါ။ Shwe Nyan Shin ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ အလှတရားကို လူတွေဟာ စံချိန်မျိုးစုံနဲ့ သတ်မှတ်ကြပါတယ်။
အများစု သတ်မှတ်တဲ့ အလှတရားကတော့ အသားဖြူဖို့လိုအပ်ပြီး ခန္ဓာကိုယ်ကလည်း လှပနေဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီစံချိန်ဟာ လူတွေကသတ်မှတ်ထားတဲ့ အလှတရားစံချိန်သာဖြစ်ပြီး တကယ့်အလှတရားလို့မဆိုနိုင်ပါဘူး။
အများနဲ့မတူဘဲ တမူကွဲထွက်နေတဲ့ ရုပ်ရည်ပိုင်ရှင်တွေဟာလည်း ကိုယ်ပိုင်အလှတရားတွေရှိကြပါတယ်။
အများနဲ့မတူလို့ အားငယ်စရာမလိုဘဲ ကိုယ့်အလှတရားကို ဂုဏ်ယူသင့်ကြောင်း ဖော်ပြပေးနေတဲ့ ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည် Shwe Nyan Shin ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
မွေးရာပါရောဂါကြောင့် မျက်နှာသွင်ပြင်က အများအမြင်မှာ ထူးဆန်းနေလောက်ပေမယ့် သူမရဲ့ ပုံပန်းသွင်ပြင်ကြောင့်ပဲ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်လာတာပါ။
(၂)
အလှတရားမှာ အသားအရောင်ခွဲခြားမှုမရှိပါဘူး။ (Shwe Nyan Shin)
(၃)
ပြစ်မျိုးမှဲ့မထင်အလှလို့တင်စားကြပေမယ့် သူမရဲ့ သွင်ပြင်က ပိုပြီးတောင် ဆွဲဆောင်မှုရှိနေသေးတယ်။
(၄)
မွေးရာပါ အမှတ်ဟာ ရှက်စရာမဟုတ်တာကြောင့် ဖုံးကွယ်စရာမလိုပါဘူး။ မွေးရာပါအမှတ်ကပဲ သင့်ကို တမူထူးခြားတဲ့သူဖြစ်စေတာပါ။ (Shwe Nyan Shin)
(၅)
ချောကလက်ရောင် အသားရည်ပိုင်ရှင်တွေရဲ့ ညို့အားပြင်းမှုကိုကော ဘယ်သူငြင်းနိုင်ပါ့မလဲ
(၆)
မိန်းကလေးတစ်ယောက်အနေနဲ့ မုတ်ဆိတ်မွှေးတွေရှိနေလို့ အလှပျက်မယ်လို့ ထင်လား (Shwe Nyan Shin)
(၇)
ကွဲပြားတဲ့ ပုံပန်းသွင်ပြင်တွေကပဲ သင့်ကို ထူးခြားလာစေတာပါ။
(၈)
ခြေထောက်တွေမရှိလို့ အောင်မြင်မှုလမ်းကြောင်းကို လျှောက်လို့မရတော့ဘူးတဲ့လား…(Shwe Nyan Shin)
(၉)
မိန်းကလေးဆန်တဲ့ အလှတရား
(၁၀)
ကြောင်မျက်လုံးပိုင်ရှင်တစ်ယောက်ဖြစ်ခြင်းနဲ့ အလှတရားကို မြတ်နိုးခြင်းတို့က မသက်ဆိုင်ပါဘူး။ (Shwe Nyan Shin)
(၁၁)
ကိုယ့်ရဲ့မပြည့်စုံမှုကနေ ထူးခြားမှုအဖြစ် ပြောင်းလဲလိုက်ပြီးနာမည်ကျော် မော်ဒယ်ဖြစ်လာခဲ့သူ
(၁၂)
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတာကလည်း သင့်ကို အလှဆုံးလူတစ်ယောက်ဖြစ်စေနိုင်ပါတယ် (Shwe Nyan Shin)
(၁၃)
အလှဆုံးအပြုံးကိုကျော်ပြီးဘယ်သူက အပြစ်အနာအဆာတွေကို ရှာနိုင်ပါ့မလဲ
(၁၄)
သူမရဲ့ မျက်လုံးအလှလေးမှာ လူတိုင်းနစ်မြောသွားနိုင်တယ်။ (Shwe Nyan Shin)
(၁၅)
အများနဲ့မတူဘဲ တစ်မူထူးခြားနေတဲ့ မိန်းကလေးနဲ့ အာဝုလေး
(၁၆)
ဘယ်သူမှ လိုက်မတုပနိုင်တဲ့ ကိုယ်ပိုင်အလှတရားနဲ့ ညီအကိုနှစ်ဦး (Shwe Nyan Shin)
(၁၇)
ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေမှာ ခံစားနေတာထပ်စာရင် ဖြစ်လာတဲ့ အခြေအနေကို အခွင့်ကောင်းယူတတ်ရင် သူတို့လိုမျိုး အောင်မြင်တဲ့သူတွေဖြစ်လာမှာသေချာတယ်။
(၁၈)
ဘယ်သူမှ သူမကို မလှဘူးလို့ ပြောမှာမဟုတ်ဘူး။ (Shwe Nyan Shin)
(၁၉)
မျက်နှာတစ်ခုလုံး အချိုးကျနေမှ လှပတာမဟုတ်ပါဘူး။
(၂၀)
သူများနဲ့မတူတဲ့ ရုပ်ရည်သွင်ပြင်က သင့်ရဲ့ကိုယ်ပိုင်အလှစစ်ပါ. (Shwe Nyan Shin)
(၂၁)
တစ်မူထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ အလှပိုင်ရှင်လေး
(၂၂)
အညိုစက်လေးတွေသာမရှိရင် ဒီလောက်လှပါ့မလားနော် (Shwe Nyan Shin)
(၂၃)
လူတိုင်းအာရုံစိုက်ခံရမှာသေချာတဲ့ မိန်းကလေးရဲ့အလှ
(၂၄)
မျက်နှာပေါ်က အမာရွတ်က အောင်မြင်မှုတွေကို မတားဆီးနိုင်ပါဘူး။ (Shwe Nyan Shin)
(၂၅)
ခန္ဓာကိုယ်မလှလို့ မော်ဒယ်မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေမှားတယ်ဆိုတာ ဒီဓာတ်ပုံက သက်သေပါပဲ
(၂၆)
ဘာဘီရုပ်လေးလိုမျိုးအလှ (Shwe Nyan Shin)
(၂၇)
ဘယ်သူနဲ့မှမတူတဲ့အသားအရည်ရှိခြင်းက အားသာသွားတဲ့အချက်
(၂၈)
ထူထဲလွန်းတဲ့ မျက်ခုံးမွှေးကို သူငယ်ချင်းတွေက လှောင်ကြပေမယ့် ဒီထူးခြားနေတဲ့အချက်ကြောင့်ပဲ မော်ဒယ်ဖြစ်လာခဲ့သူ(Shwe Nyan Shin)
လူတိုင်းမှာ ကိုယ်စီအလှတရားလေးတွေရှိတယ်ဆိုတာ အခုဓာတ်ပုံလေးတွေက သက်သေပါပဲ။ ပရိသတ်တို့ရော ကိုယ်ပိုင်အလှတရားလေးတွေကို ရှာတွေ့ကြပြီလား။ တကယ်လို့ မတွေ့သေးဘူးဆိုရင် သူများကိုအားကျနေချိန် လျှော့လိုက်ပြီး ကိုယ့်ကိုကိုယ်အချိန်ပေးရှာကြည့်လိုက်ကြနော်။
Written By Yoshi (Shwe Nyan Shin)
Ref:Brightside