သင်သာ အတက်ရောဂါဖြစ်ခဲ့ရင် ဘာအရင်လုပ်ရမလဲ

မင်္ဂလာပါ။ သင်္ကေတရဲ့ Shwe Nyan Shin page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အတက်ရောဂါဆိုတာက အဖြစ်နည်းတဲ့ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဖြစ်ဖြစ်၊ ကမ္ဘာပေါ်မှာ ဖြစ်ဖြစ် လေ့လာတွေ့ရှိချက်တွေအရ လူတစ်ထောင်မှာ ခုနစ်ယောက်မှ ဆယ်ယောက်ခန့်ထိဖြစ်ပွားလေ့ရှိ တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ ၂၀၁၅ ခုနှစ်မှာ ညောင်တုန်းမှာ လုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တွေအရ အယောက် တစ်ထောင်မှာ တစ်ယောက်အတက်ရောဂါရှိနေပြီး၊ တစ်နှစ်လုံးအတိုင်းအတာနှင့်ဆိုပါက အတက်ရောဂါနှင့် ပတ်သက်ပြီး လူဦးရေနှစ်ရာကျော်တွေ့ရှိခဲ့တယ်လို့လည်း ဦးနှောက်နဲ့ အာရုံကြောအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးဉာဏ်ထွန်းက အသိပေးထားဖူးပါတယ်။

အတက်ရောဂါဟာ လူကြီး၊ လူငယ်မရွေးဖြစ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပြီး များသောအားဖြင့် အသက်ငယ်သူများ နှင့် အသက်ကြီးတဲ့လူတွေမှာ ပိုမိုဖြစ်ပွားတတ်တယ်လို့ သိရပါတယ်။ လူလတ်ပိုင်းများမှာတော့ အဖြစ်နည်း တယ်လို့လည်း သိရပါတယ်။ အတက်ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းက သူ့မှာရှိတဲ့ရောဂါအပေါ်မူတည် ပါတယ်။ ဥပမာမွေးရာပါချို့ယွင်းချက်များ နဲ့ မွေးဖွားသည့်အချိန်တွင် ခေါင်းကိုထိခိုက်ခြင်းတို့ကြောင့် ဖြစ်ပွား နိုင်ပြီး လူကြီးတွေမှာဆိုရင်တော့ ရောဂါပိုး ကြောင့်လည်း ဖြစ်ပွားတတ်တယ်လို့ သိရပါတယ်။ ဦးနှောက်အကျိတ် ရောဂါမျိုးရှိရင်လည်း တက်တဲ့ ရောဂါဖြစ်ပွားနိုင်ပါတယ်။

ဒီလိုရောဂါမျိုးမရှိပေမယ့်လည်း တက်ခြင်းဆိုတာ ဖြစ်တဲ့အကြောင်းအရင်းပေါ်မူတည်ပြီး လူတိုင်းကြုံတွေ့ နိုင်တတ်ပါတယ်လို့ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက သတိပေးပြောကြားထားပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးပျက်မှု များလာခြင်းတို့ကြောင့်လည်း ခဏတဖြုတ်တက်ခြင်းများ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ လက်ရှိ အချိန်မှာလည်း ဆိုရှယ်မီဒီယာပလက်ဖောင်းမျိုးစုံကြောင့် လူတိုင်းဟာ Screem Time တွေ မြင့်တက်လာ နေပါပြီ။ Stay Home ကာလကြောင့်မို့လို့လည်း လူတွေဟာ အိပ်ချိန်၊ စားချိန်ပုံမှန်မရှိတော့ပဲ phone screen ပေါ် မှာပဲ အနေများလာတဲ့အခါ အတက်ရောဂါများ ဖြစ်ပွားမှု များလာတယ်လို့လည်း ဆရာဝန်ကြီးတွေက သုံးသပ်ပြောကြားထားပါတယ်။

ဒါကြောင့် အတက်ရောဂါရဲ့ သဘောတရားတွေနဲ့ ဘယ်လိုတွေ ကာကွယ်လို့ရနိုင်မလဲ၊ ဘယ်လိုတွေ ကုသလို့ရနိုင်မလဲ ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေရဲ့ ကျန်းမာရေးလမ်း ညွှန်ချက်တွေအတိုင်း ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။

အတက်ရောဂါဆိုတာ ဘာလဲ

အတက်ရောဂါ လို့ သတ်မှတ်တဲ့အပိုင်းမှာတော့ လတ်တလောအကြောင်းရင်းခံမရှိပဲ ၂၄နာရီခြားပြီး အနည်းဆုံးနှစ်ကြိမ်နှင့် အထက်တက်ခြင်းကိုဆိုလိုတယ်လို့ သိရပါတယ်။

တက်သည့်အခါတွင်တွေ့ရတတ်သော ရောဂါလက္ခဏာများ

ကိုယ်ခန္ဓာတောင့်တင်းလှုပ်ရှားပြီး တက်သည့်အခါတွင်

– တစ်ကိုယ်လုံးတောင့်တင်းခြင်း /ပျော့ခွေသွားခြင်း၊

– လဲကျသွားခြင်း(လဲကျသွားပြီး ဒဏ်ရာရခြင်း)၊

– သတိလစ်သွားခြင်း၊

– ခြေလက်များကွေးလိုက်၊ ဆန့်လိုက်ကောက် ကွေးသွားတတ်ခြင်း၊

– လျှာ(သို့မဟုတ်) ပါးစောင်ကို ကိုက်မိခြင်း၊

– ဆီး ဝမ်း ထွက်ကျခြင်း/မထိန်းနိုင်ခြင်း၊ စတဲ့လက္ခဏာများ ဖြစ်ပါတယ်။

အတက်ကျသွားပြီးတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ လက္ခဏာများ

အိပ်ငိုက်ခြင်း၊ ထိုင်းမှိုင်းတွေဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မောပမ်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်နာကျင် ကိုက်ခဲခြင်း စသည်တို့ခံစားရတတ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာလည်း အတက်ရောဂါရှင်များရှိနိုင်တဲ့အတွက် တကယ်လို့များ မတော်တဆကိုယ့် အနီးနားမှာ တက်တဲ့လူနဲ့ကြုံတွေ့တဲ့အခါမှာ ဘယ်လိုလုပ်ပေးသင့်သလဲဆိုတဲ့ အပိုင်းကလည်း အရေးကြီးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်က ကျန်းမာရေးအသိပညာရှိနေမှသာ တက်နေတဲ့ လူကိုအမှန်တကယ် နည်းမှန်လမ်းမှန်နဲ့ ကူညီပေးနိုင်မှာ ဖြစ်လို့ပါပဲ။

ရုတ်တရက် အတက်လူနာနဲ့ကြုံရင်ဘာလုပ်သင့်သလဲ

ရုတ်တရက်လူတစ်ယောက် မိမိရဲ့ အနီးအနားမှာ တက်နေတဲ့အခါမျိုးမှာ ဆိုရင် သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေရှိ၊ မရှိစစ်ဆေးပါ။ တက်နေသူရဲ့ ခေါင်းအောက်ကို အဝတ်ပါးနဲ့ခုပေးပါ။ အဝတ်အစားတွေ ကြပ်ထုပ်နေလျှင် ဖြေလျော့ပေးပါ။ ကိုယ်ကိုဘေးတစောင်းထားပါ။ ဒါမှလေပြွန်ပြန် ပွင့်ပြီး အသက်ရှူရလွယ်မှာပါ..။

စတက်တဲ့အချိန်ကိုမှတ်ထားပါ။ ဒါမှဘယ်လောက်ကြာသလဲသိမှာပါ။ အများစုက စက္ကန့်၃၀ ကနေ ၂မိနစ်အထိ တက်တတ်ပါတယ်။ အတက်ကျပြီးပြီးချင်း လူနာကိုလည်း တစ်ယောက်တည်းမထားခဲ့သင့်ပါ။ တက်နေတဲ့ ဝေဒနာရှင် ပုံမှန်ပြန်ဖြစ်ပြီး စကားပြောနိုင်တဲ့အထိ စောင့်ပေးဖို့လိုပါတယ်။ သူတို့တက်တဲ့အချိန်မှာ ဘာဖြစ်ခဲ့လဲ ဆိုတာကို ပြောပြပါ။ ကောင်းကောင်းမသက်သာမချင်း အစားစားတာ၊ ရေသောက်တာမျိုးမလုပ်ခိုင်းခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။

တက်နေတဲ့ လူကို ဒါတွေကို လုံးဝမလုပ်ပါနှင့်

860168822

– တက်နေတဲ့လူကို အတင်းလိုက်မချုပ်ပါနဲ့။

– ပါးစပ်ထဲကို ဘာမှမထည့်ပါနှင့်

– ပါးစပ်ကို ဇွန်းနှင့်ကလန့် ဖွင့်ခြင်းမျိုး လုံးဝမလုပ်သင့်ပါ။

– ခြေမ၊လက်မများကို လုံးဝမချိုးရပါ။

– ဇွတ်ပွေ့ချီပြီး အတင်းထိုင်ခိုင်းတာမျိုးလည်း မလုပ်ရပါ။

အတက်ရောဂါရှိသူများ လိုက်နာရန်အချက်များ

အတက်ရောဂါဝေဒနာရှင်များအနေနဲ့ အတက်ရောဂါ ကုထုံးဆေးများနှင့် တက်ခြင်းကို ကောင်းမွန်စွာ ထိန်းမထားနိုင်တဲ့ အခါမျိုးမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက်ကြောင့် လိုက်နာဖို့ အချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

– အမြင့်တက်ခြင်း၊

– မီးအသုံးပြုရသော ချက်ပြုတ်ခြင်းများ၊

– ရေနွေးအိုးများနှင့် ချွန်ထက်သော ပစ္စည်းများကို သတိပြု ကိုင်တွယ် သုံးစွဲရန်၊

– အဖော်မပါပဲ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊ ရေကန်များအနီးတွင် အလုပ်လုပ် ခြင်း ရေကူးရေချိုးခြင်းများမပြုလုပ်ရန်၊

– စက်ဘီး၊ မော်တော်ဆိုင်ကယ်စီးခြင်း၊ ကားမောင်းခြင်း၊ စက်ယန္တရားများနှင့် ဆိုင်သော အလုပ်များကို လုပ်ကိုင်ခြင်း တို့ကို မပြုလုပ်ရန်တို့ပဲ ဖြစ်ပါတယ်။

အတက်ရောဂါနဲ့ ပတ်သက်ပြီး မှားယွင်းနေသော အယူအဆများ

အခုပြောပြပေးမယ့် အယူအဆအမှားတွေကတော့ အင်မတန်မှ အန္တရယ်ရှိတတ်ပါတယ်။ မှန်ကန်တဲ့ ကျန်းမာရေးအသိပညာရှိဖို့ အထူးလိုအပ်တာဖြစ်တဲ့အတွက် အယူအဆမှားတွေကို သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

– တက်ခြင်းကို စိတ်ရောဂါတစ်မျိုးဖြစ်သည်ဟု ယူဆခြင်း၊

– တက်ခြင်းသည် မကောင်းဆိုးဝါး ပူးကပ်ခြင်းကြောင့် ဖြစ်သည်ဟု ယူဆခြင်း

– တက်နေသောလူနာကို ထိတွေ့ကိုင်တွယ်ခြင်းကြောင့် ရောဂါကူးစက်နိုင်သည် ဟုယူ ဆခြင်း၊

– အတက်ရောဂါ ရှိသူများသည် ဉာဏ်ရည်မမီခြင်း၊ ထုံထိုင်းခြင်းတို့ကြောင့် ရောဂါကူးစက်နိုင်သည်ဟု ယူဆခြင်း၊

– တက်နေသောလူနာအား အလျင်အမြန် အတက်ကျစေရန်အတွက် လူနာရဲ့ လက်ထဲသို့ သော့ထည့်ပေးခြင်း၊

– ကြက်သွန်နီကို ရှူစေခြင်းများပြုလုပ်ရမယ်ဟု ယူဆခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်က စပြီး ဒီအယူအဆအလွဲများကို ခေါင်းထဲကအပြီးပိုင်ထုတ်ပစ်လိုက်ကြ ဖို့တိုက်တွန်းလိုက်ပါတယ်။

အတက်ရောဂါရှိသူများအတွက် ဆောင်ရန်၊ ရှောင်ရှန်များ

(၁) စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် အလုပ်ပင်ပန်း နွမ်းနယ်ခြင်း တို့သည် အတက်ရောဂါကို လှုံ့ဆော်နိုင်တဲ့ အတွက် ပုံမှန် လှုပ်ရှားသွားလာနေစဉ်..အလွန်ပင်ပန်း လာလျှင် တက်ချင်သလိုလို ခံစားရလျှင် ဂရုပြု အနားယူသင့်ပါတယ်။

(၂) အိပ်ရေးပျက်ခံရခြင်း၊ ကောင်းမွန်စွာအိပ်မပျော်ခြင်း၊ အစားပုံမှန်မစားခြင်း၊ တို့ဟာလည်း တက်ခြင်းကိုလှုံ့ ဆော်နိုင်တဲ့အတွက်ကြောင့်မို့လို့ အိပ်ချိန်ပုံမှန်ထားဖို့၊ အိပ်ရေး၀၀အိပ်ဖို့၊ အစားပုံမှန်စားဖို့လိုပါတယ်။

(၃) စူးရှလွန်းသော ရောင်စုံမီးရောင်များ ၊Disco Light နှင့် တီဗီဖန်သားပြင်မှ ထုတ်လွှင့်သော အလင်းတန်း များသည် တက်ခြင်းကို လှုံ့ဆော်စေတဲ့အတွက် တီဗီဂိမ်းအလွန်အကျွံ ကစားခြင်း၊ စူးရှသော Disco Light များအောက်တွင် နေခြင်းတို့ကိုရှောင်ရပါမယ်။

(၄) အရက်အလွန်အကျွံ သောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများသုံး စွဲခြင်း ဖြင့်အတက်ရောဂါကု ဆေးများ၏ အာနိသင်ကို ပြောင်းလဲ စေနိုင်သဖြင့် ပိုမိုတက်နိုင်တဲ့ အတွက် ထိုအပြုအမူများကို ရှောင်ကြဉ်ရန်လိုအပ်ပါတယ်။

(၅)အမျိုးသမီးတွေအနေနဲ့ကတော့ အထူးသဖြင့် ဓမ္မတာလာချိန်ဝန်းကျင်မှာ သာမန်ထက်ပိုပြီး တက်ခြင်းဖြစ် တတ်ပါတယ်။ ရာသီလာချိန်တွင်တက်ခဲ့ပါက သုံးလအတွင်း တက်ခဲ့တဲ့ အကြိမ်ရေအတွက်နှင့် ကြာချိန်တို့ကို ဒိုင်ယာရီ ဖြင့်မှတ်တမ်းတင်ထားဖို့လိုပါတယ်။ လိုအပ်ရင်တော့ အတက်ရောဂါကုဆေးပမာဏကို တိုးပြီး သောက် ရ မှာဖြစ်ပါတယ်။

(၆) ကိုယ်အပူချိန်မြင့်စွာဖျားနာခြင်းများသည် တက်ခြင်းကိုလှုံ့ဆော်နိုင်တာဖြစ်တာကြောင့် အတက်ရောဂါ ရှိသူများ ကိုယ်အပူချိန်မြင့်စွာ ဖျားနာခြင်းများ ဖြစ်ခဲ့လျှင် အထူးသတိပြုသင့်ပါတယ်။

(၇) ညွှန်ကြားထားသော အတက်ရောဂါကုဆေးများကို တိကျမှန်ကန်စွာ မသောက်လျှင် တက်ခြင်းကို လှုံ့ဆော် နိုင်တဲ့အတွက် မိမိသဘောဖြင့် ဆေးတိုးခြင်းး၊ လျော့ခြင်း၊ရပ်ခြင်းမပြုလုပ်ပဲ ညွန်ကြားထား တဲ့ အတိုင်း တိကျမှန်ကန် စွာသောက်ရမှာဖြစ်ပါတယ်။

အတက်ရောဂါရှိသူများအနေဖြင့် ဆက်တိုက်သမ်းဝေနေပါက တက်ခြင်းလက္ခဏာဖြစ်ပေါ်နိုင်တာကြောင့် သတိထားသင့် ပါတယ်။ တကယ်လို့များ တက်နေတဲ့လူတစ်ယောက်ဟာ ငါးမိနစ်ထက်ပိုကြာအောင်တက်မယ်။ အတက်ကျပြီး မကြာဘူး … နောက်တစ်ခါထပ်တက်မယ် … အတက်ကျသွားပြီးတာတောင် သတိပြန်လည်မလာ ဘူး။ တခြားရောဂါတစ်ခုခုရှိနေမယ်.(ဥပမာ- နှလုံးရောဂါ) စတဲ့ အချက်တွေရှိနေရင်တော့ ဆေးရုံကိုချက်ချင်း ခေါ်သွား ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ အတက်ရောဂါ ဘာကြောင့်ဖြစ်ရတယ်။ ဘယ်လိုတွေ လိုက်နာနေထိုင်ရမယ်ဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။ လူတစ်ယောက်ဟာ ကံ၊ စိတ်၊ ဥတု၊ အဟာရ မျှတမှ ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အသက်ရှည်ကျန်းမာကြစေဖို့ ကျန်းမာရေးထိခိုက ် စေနိုင်တဲ့ အပြုအမူတွေအားလုံးကို ရှောင်ရှားနိုင်ပြီး ကျန်းမာရေးအသိပညာများတိုးပွားနိုင်ကြပါစေလို့ သင်္ကေတရဲ့ ရွှေဉာဏ်ရှင်ပေ့ချ် လေးမှတဆင့် ဆုတောင်းပေးလိုက်ပါတယ်နော်…။

  နဲ့