အသားအရေကို ထိခိုက်ပျက်စီးစေမယ့် သင်ထင်မှတ်မထားတဲ့ အစားအသောက် (၇) မျိုး

သင်္ကေတရဲ့ Shwe Nyan Shin Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခါရေးသားပေးမယ့် အကြောင်းအရာကတော့ အသားအရေကို ထိခိုက်ပျက်စီးစေမယ့် အစားအသောက်များ အကြောင်းပဲ ဖြစ်ပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ…ကိုယ်စားနေတဲ့ အစား အသောက်တွေက အာဟာရဖြစ်စေဖို့ ဆေးတစ်လက်ဖြစ်စေဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်အတွက် အကျိုးမရှိဘူးဆိုရင်တော့ ဒီအစားအစာတွေကို လက်တွဲဖြုတ်ပစ်ဖို့ သို့မဟုတ် တတ်နိုင်သမျှ လျော့စားဖို့ကိုပဲ စဉ်းစားရတော့မှာပါ။

ဘယ်လို အစားအစာတွေက သင့်အသားအရေကို ပျက်စီးလွယ်စေသလဲ။ ကိုယ်နေ့စဉ်စားမိနေကြ အစားအစာ ထဲက ဘယ်နှစ်မျိုးလောက်ပါသလဲဆိုတာကို မှတ်ချက်ပြုဝေမျှပေးခဲ့ပါဦးနော်။

(၁) ဆား

ဆားမပါတဲ့ ဟင်းဟာပေါ့ပျက်ပျက်နိုင်တယ်ဆိုတဲ့ အတိုင်းပါပဲ။ မြန်မာလူမျိုးအများစုဟာ ဆားကိုပမာဏများများ စားတတ်ကြပါတယ်။ နေထိုင်မကောင်းဖြစ်တဲ့အခါတိုင်းမှာဆိုရင်လည်း ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်လေးစားလိုက်ရ မှ အာသာပြေတယ်ဆိုပြီး စားကြလေ့ရှိပါတယ်။ အဲဒီလို ဆားများများစားခြင်းဟာ ခန္ဓာကိုယ်ရဲ့ အပါးလွှာဆုံး နေရာဖြစ်တဲ့ မျက်ဝန်းတစ်ဝိုက်က အသားအရေကို အင်မတန်မှဒုက္ခပေးတတ်ပါတယ်။ အငန်ဓာတ်က အရေပြားကိုရောင်ရမ်းဖောင်းပွစေပါတယ်။ အဆိုးဆုံးကတော့ အငန်ဓာတ်တွေ များလာခဲ့ရင် မျက်ဝန်းတစ်ဝိုက်က အရေပြား တွေ အောက်မှာအရည်အိတ်အဖြစ်တည်ရှိပြီးတော့ မျက်ခွံရောင်တာ၊ မျက်ရည်အိတ်တွဲကျတာတွေနဲ့ မျက်ခွံ ဖောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ အငန်ဓာတ်များများပါတတ်တဲ့ ငါးပိရည်၊ ငါးခြောက်၊ ငံပြာရည်နဲ့ ဆားဓာတ်များစွာပါဝင်တဲ့ စည်သွပ် ဗူးတို့စားသုံးခြင်းကိုလည်း လျော့ချခြင်းဖြင့် အသားအရေပျက်စီးခြင်းမှ ကာကွယ်နိုင်တာပဲ ဖြစ်ပါတယ်။

(၂)ကော်ဖီ

အသားအရေလှပဖို့ အတွက်ဆိုရင် ရေဓာတ်အလုံအလောက်ရရှိစေဖို့ အထူးလိုအပ်ပါတယ်။ ဒါပေမယ့် ရေဓာတ်ခန်းခြောက်စေတဲ့ အစားအစာကို သင်က စားသုံးမိနေမယ်ဆိုရင်တော့ အသားအရေလှပမှု က ရှိသင့်သလောက်ရှိတော့မှာ မဟုတ်ပါဘူး။ ကော်ဖီကို လူတော်တော်များများကြိုက်နှစ်သက်ကြပြီး တစ်ချို့ ကလည်း တစ်နေ့တည်းမှာကို သုံးခွက်လောက်သောက်ကြတဲ့အထိ စွဲလမ်းနှစ်ခြိုက်ကြပါတယ်။ တစ်ခွက်လောက်ကမသိသာပေမယ့် ကော်ဖီသုံးခွက်လောက်သောက်မယ်ဆိုရင်တော့ အသားအရေလှပမှု ကို စတင်ထိခိုက်လာနေပြီပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်ရဲ့ ဟိုမုန်းထွက်ရှိမှု ပမာဏကို တိုးတက်လာစေပြီးတော့ ရေဓာတ်ခန်းခြောက်စေလို့ပါပဲ။ ဒါ့အပြင် အရေးအ ကြောင်းတွေ အလွယ်တကူဖြစ်ပေါ်စေနိုင်ပြီးတော့ အရေပြားပါးခြင်း၊ ရေဓာတ်ခန်းပြီး အသားအရည် မွဲခြောက်လာနိုင်ခြင်းတွေ ဖြစ်စေလို့ပါပဲ။

(၃) ထောပတ်အတုများနဲ့ပြုလုပ်ထားတဲ့ ကိတ်မုန့်များ

ကိတ်မုန့်တိုင်းကိုမဆိုလိုပေမယ့် အဆီနည်းအောင်ပြုပြင်ထားတဲ့ ထောပတ်တုတွေရှိပါတယ်။ ဒီထောပတ်အ တုတွေနဲ့ ပြုလုပ်ထားတဲ့ ကိတ်မုန့်လုံးလေးတွေက ဘယ်လိုမျိုးကြောင့်အသားအရေကိုပျက်စီးစေနိုင်တာလဲ။ သူကတော့ တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီး အသားအရည်ကို ပျက်စီးစေတာပါ။ ထောပတ်တုနဲ့ ပြုလုပ် တဲ့ ကိတ်မုန့်တိုင်းက အချိုဓာတ်ရရှိဖို့ သကြားကိုသာမန်ထက် ပိုကဲပြီးအသုံးပြုလေ့ရှိပါတယ်။ အချိုဓာတ်လွန် ကဲရင်လည်း အသားအရည်ကိုဆိုးဝါးစွာပျက်စီးတတ်ပါတယ်။ ဒီလိုအချိုဓာတ် လွန်ကဲတဲ့ ကိတ်မုန့်လုံးလေးတွေ ဟာ စားချင်စဖွယ်လည်းဖြစ်တာကြောင့် များများနဲ့ မကြာမကြာစားမိမယ်ဆိုရင်တော့ သင့်အသားအရည် အတွက် ဘယ်လိုကောင်းကျိုးမှ မပေးစေပါဘူးလို့ အာဟာရဆိုင်ရာ ပညာရှင်များကပြောကြားထားတာပဲ ဖြစ်ပါတယ်။

(၄) သကြားလုံး

အချိုဓာတ်လွန်ကဲရင် ဘာဖြစ်တတ်မလဲဆိုတာ ကိတ်မုန့်မှာလည်း ဖော်ပြထားပြီးသားဖြစ်ပါတယ်။ အချိုကဲ တဲ့ အစားအစာလို့ ဆိုလိုက်တာနဲ့ မျက်လုံးထဲတန်းမြင်ရမှာက အသားအရေကို ညိုညစ်ညစ်ဖြစ်စေတယ် ဆိုတာကိုပါ။ အချိုဓာတ်က အရေးကြောင်းဖြစ်မှုကိုလည်း အထူးအားပေးပါတယ်။ အရေပြားအတွက် အရေးကြီးတဲ့ ကိုလာဂျင်ဓာတ်ကို ပျက်စီးစေတဲ့အထဲမှာ အချိုဓာတ်လွန်ကဲတာလည်း ပါပါတယ်။ ဒါကြောင့် အချိုဓာတ်များများပါတဲ့ သကြားလုံးကို များများစားမိပြီဆိုတာနဲ့ အရေပြားရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်စွမ်းအားကျဆင်းလာပြီး အသားအရေခြောက်သွေ့ပြီး တွဲကျခြင်းတွေကိုဖြစ်စေနိုင်တာမို့ သကြားလုံးစားခြင်းကိုလည်း လျော့ချသင့်ပါတယ်။

(၅) အရက်

အချိုဓာတ်တွေ၊ အငန်ဓာတ်တွေကိုပဲ ပြောနေတာ၊ အရက် ၊ဘီယာမပါသေးဘူးလို့ ဝမ်းသာမစောလိုက်ကြ ပါနဲ့ ဦး။ အရက် က ကျန်းမာရေးကို ဘက်စုံထိခိုက်စေတာလူတိုင်းသိပေမယ့်လည်း သတိမထားမိကြတာက အသား အရေ ကို အထူးဆိုးဝါးစွာဒုက္ခပေးနိုင်တယ်ဆိုတာကိုပဲဖြစ်ပါတယ်။ အယ်လ်ကိုဟော က ခန္ဓာကိုယ်တွင်းရေဓာတ်ခန်းခြောက်ခြင်းကို ဆိုးဝါးစွာဖြစ်စေနိုင်ပြီး အရေပြားဆဲလ်တွေ ကိုပါသေစေနိုင်ပါတယ်။ ဒီတော့ အရက် သောက်တဲ့ လူတွေ၊ စွဲနေတဲ့ လူတွေကိုကြည့်လိုက်ရင်လည်း အရေပြားတွေမွဲညစ်နေတာ။ ပါးပြင်နှစ်ဖက်မှာ အရပ်အခေါ်အလွယ်ပြောရရင် အရက်ဆီတက်နေတဲ့ အဆီဝင်း ဝင်းပုံစံတွေကို မြင်တွေ့နိုင်ပါတယ်။ အရက် ကြောင့် အသည်းခြောက်တဲ့အခါမျိုးမှာဆိုရင်လည်း အသားရေတွေ မွဲခြောက်ပြာနှမ်းလာတတ်ပါတယ်။ ဘီယာမှာလည်း အယ်လ်ကိုဟော ပမာဏပါဝင်မှုများတဲ့ ဘီယာကို စွဲမြဲစွာ သောက်သုံးရင် အသားရေကို ဆိုးဝါးစွာထိနိုင်ပါတယ်။

(၆) ပင်လယ်စာများ

ပင်လယ်စာတွေမျိုးစုံရှိတဲ့အနက် အခွံမာပင်လယ်စာက အသားအရည်ကို ပိုပြီးထိခိုက်စေနိုင်ပါတယ်။ ပုစွန်၊ ဂဏန်း၊ ကျောက်ပုစွန်၊ ခရု၊ ဂုံးကောင်တွေမှာ အိုင်အိုဒင်းပမာဏလွန်ကဲစွာ ပါရှိတတ်ပါတယ်။ ပထမဆုံးအချက် မှာပြောခဲ့သလိုပဲ ဆားဓာတ် ကအသားအရည်ကိုရောင်ရမ်းဖောင်းပွစေပါတယ်။ အချို့သော သူတွေဟာဆို ရင်လည်း ပင်လယ်စာနဲ့ ဓာတ်မတည့်ကြပါဘူး။ အရေပြားယားယံနီရဲလာတာ၊ အင်ပျင်ထွက်တာ၊ အဖုအပိန့်် တွေထွက်တာ အထိတောင်ဖြစ်တတ်ကြပါတယ်။ ပင်လယ်စာဟာ ဝက်ခြံထွက်ခြင်းကိုလည်းအထူးအားပေးပါတယ်။ ဒါကြောင့် စားလို့ကောင်းတဲ့ပင်လယ်စာကို လက်တွဲဖြုတ်မလား၊ လျော့ကြမလားဆိုတာတော့ နည်းနည်းလွန်ဆွဲရမယ့်ကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခု သတိပေးချင်တာက ဝက်ခြံပေါက်တတ်တဲ့ သူလေးတွေအတွက်ကတော့ ပင်လယ်စာကို ဝက်ခြံပေါက်နေချိန် ရှောင်ထားပေးဦးလို့ ပြောချင်ပါတယ်။

(၇) ကစီဓာတ်များတဲ့အစားအစာနှင့် ဖန်တီးပြုပြင်ထားတဲ့အစားအစာများ

လွယ်လွယ်ပြောရရင်တော့ ကစီဓာတ်များတဲ့ အစားအစာတွေဟာ အသားအရည်ကိုကောင်းကျိုးမပေး ပါဘူး။ ဘာတွေလဲဆိုတော့ သင့်ပတ်ဝန်းကျင်က သင်ကြိုက်တတ်တဲ့ အစားအစာတွေပါပဲ။ ပေါင်မုန့်၊ ခေါက်ဆွဲများ၊ နို့ ထောပတ်၊ ချောကလက်တို့ပဲဖြစ်ပါတယ်။ ဒီအစားအစာတွေက ဝက်ခြံထွက်စေရုံသာမက မျက်နှာအသားအရေ ကိုလည်း ဖောင်းအစ်စေပါတယ်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဟော့ဒေါ့၊ အကင်တွေကဖန်တီးပြုပြင်ထားတဲ့အစားအစာတွေဖြစ်သလို ဓာတု ပစ္စည်းတွေ အများဆုံးပါလို့ အထူးသတိထားဖို့ တိုက်တွန်းပါတယ်။ ဒီအစားအစာတွေက အခုလို ခေတ်ကြီး ထဲမှာအများအပြားပေါ်လာနေပြီး လူတိုင်းအတွက် သည်းခြေကြိုက်အစားအစာတွေလို့တောင် ပြောရမှာပဲ ဖြစ်ပါတယ်။ အလွန်အကျူးလည်း စားမိနိုင်တဲ့ အစားအစာမျိုးတွေဖြစ်ပါတယ်။ ဒီတော့ စားမိတဲ့အခါမှာ အသား အရေပျက်စီးမှုနဲ့ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။

ကဲရွှေဉာဏ်ရှင်ပရိသတ်ကြီးရော သင့်အသားအရေအတွက် ဘယ်အစားအစာကို လက်တွဲဖြုတ်ပြီး ဘယ်အစား အစာကိုလျော့မလဲဆိုတာ ချင့်ချိန်နိုင်ကြပြီး လှပကြည်လင်တဲ့အသားအရေလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

 

  နဲ့