(Unicode)
ဘောလုံးသမားတွေက တစ်ခါတစ်လေတော့ နားလည်ရ ခက်တတ်ပါတယ်။ တချို့ကစားသမားတွေက အရမ်းရင်းနီးတဲ့ သူငယ်ချင်းတွေဖြစ်လာတတ်ကြပေမယ့် တချို့တွေကြတော့လည်း သူတို့အသင်းဖော်တွေကို သစ္စာဖောက်တတ်ကြပါတယ်။ ခုပြောပြပေးသွားမှာက ကွင်းတွင်းမှာ ဒါမှမဟုတ် ကွင်းပြင်းမှာ အသင်းဖော်တွေကို သစ္စာဖောက်ခဲ့တဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်အသင်းဖော်တွေရဲ့ နောက်ကျောကို ဓားနဲ့ ထိုးခဲ့တဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။
ခရစ်စီယာနို ရော်နယ်ဒို
၂၀၀၆ ဇူလိုင် တစ်ရက်နေ့မှာ ပေါ်တူကီနဲ့ အင်္ဂလန်အသင်းနှစ်သင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲ့ချိန်တုန်းက ခရစ်စီယာနိုရော်နယ်ဒိုက ဝိန်းရွန်းနီနဲ့ ရင်းနီးမှုကို မျက်ကွယ်ပြုခဲ့တဲ့ လုပ်ရပ်တစ်ခု ကျူးလွန်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဝိန်ရွန်းနီနဲ့ ပေါ်တူကီနောက်ခံလူ ကာဗယ်လိုတို့ အချင်းများတဲ့အချိန်မှာ ရော်နယ်ဒိုက ဒိုင်လူကြီးဆီကို မြန်မြန်ပြေးသွားပြီးတော့ သူ့မန်ယူအသင်းဖော် ရွန်းနီကို အနီကတ်ပြဖို့ တောင်းဆိုခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ လုပ်ရပ်အောင်မြင်ခဲ့ပြီး ရွန်းနီလည်း ပွဲကနေ ထုတ်ခံလိုက်ရပါတယ်။ အဲ့ချိန်မှာ ခရစ်စီယာနို ရော်နယ်ဒိုက အင်္ဂလန်ပြည်သူတွေရဲ့ ရန်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရွန်းနီက နှစ်အနည်းငယ်အကြာမှာတော့ ရော်နယ်ဒိုကို ခွင့်လွှတ်ပေးကြောင်း အင်တာဗျူးတစ်ခုမှာ ခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ “ရော်နယ်ဒို အဲ့ဒီနေ့က လုပ်ခဲ့တဲ့လုပ်ရပ်က သူအနိုင်ရလိုစိတ်နဲ့ လုပ်ခဲ့တာပါ။ ကျနော်လည်း သူ့နေရာမှာဆိုရင် လုပ်မိမှာပဲ” လို့ ဖြေရှင်းသွားခဲ့ပါတယ်။ အဲ့ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ဂယ်ရီနယ်ဗီးလ်ကတော့ “အချစ်နဲ့ စစ်မှာ မတရားတာ မရှိသလို ဘောလုံးကွင်းထဲမှာလည်း အဲ့လိုပါပဲ” လို့ ပြောသွားခဲ့ပါတယ်။
ကာရင်း ဘန်ဇီမာ
၂၀၁၅ ခုနှစ် ဇွန်လတုန်းက ပြင်သစ်မှာ ကျော်မကောင်း ကြားမကောင်းစရာအဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ ဗယ်ဘွဲနာက ပြင်သစ်အသင်းအတွက် ကစားပေးနေတဲ့အချိန်မှာ သူ့ဆီကို အကြိမ်ပေါင်းများစွာ ဖုန်းဝင်လာခဲ့ပါတယ်။ ဖုန်းထဲကလူတွေက ဗယ်ဘွဲနာရဲ့ ခိုးရိုက်ဗီဒီယိုကို ပိုင်ဆိုင်ထားကြောင်းပြောပြီး ဒေါ်လာ ၁၁၀၀၀၀ ပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ မပေးခဲ့ရင် သူတို့ရဲ့ ခိုးရိုက်ဗီဒီယိုကို အွန်လိုင်းပေါ် ဖြန့်လိုက်မယ်လို့ ချိန်းခြောက်ခဲ့ပါတယ်။ အဲ့ဒီမှာ အဓိက ပြသနာက ဘန်ဇီမာက ဗယ်ဘွဲနာကို ခြိမ်းခြောက်အကြပ်ကိုင်တဲ့သူတွေကို သိနေခဲ့ပြီးတော့ ဗယ်ဘွဲနာကိုလည်း သတိပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဗယ်ဘွဲနာက အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ ခုလိုပဲ ပြောခဲ့ပါတယ်။ “ဘန်ဇီမာက သူ အဲ့ဒီဗီဒီယိုကို ကြည့်ပြီးသွားပြီလို့ ပြောတယ်။ တော်တော်လေး အခြေအနေဆိုးတယ်တဲ့။ ကျနော့်ကို ငွေခြိမ်းခြောက်တဲ့သူတွေနဲ့ သွားတွေ့ဖို့ပြောတယ်။ ကျနော်ကလည်း ကြောက်နေခဲ့တယ်။ ဘန်ဇီမာအနေနဲ့ ကျနော့်ကို လိမ်ပြောတာလည်းဖြစ်နိုင်တာပဲလေ။ ဒါမှလည်း ကျနော်က အကြောက်လွန်ပြီးတော့ သူ့သူငယ်ချင်းတွေတောင်းတဲ့ ပိုက်ဆံကို သွားပေးမိမှာပါ” လို့ ဖြေရှင်းခဲ့ပါတယ်။ အဲ့ဒီအရှုပ်သတင်းတွေအပြီးမှာတော့ ဘန်ဇီမာက ပြင်သစ်နိုင်ငံ့လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
တီဘို ကိုထွာ
ဒီတစ်ခေါက်ပြောပြမှာကတော့ ဖောက်ပြန်မှုကြောင့် ဘောလုံးသမားနှစ်ယောက်ကြားက သူငယ်ချင်းရင်းနှီးမှုပျက်စီးခဲ့ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ၂၀၁၄ မှာ တီဘို ကိုထွာက ဒီဘရိုင်းရဲ့ နောက်ကျောကို ဓားနဲ့ ထိုးခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီဘရိုင်းနဲ့ ကောင်မလေးကို ဖြားယောင်းသွေးဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဘရိုင်းရဲ့ ချစ်သူ ကာလိုရိုင်းကတော့ ခုလိုပဲ ရှင်းပြပေးသွားခဲ့ပါတယ်။ “အဲ့ဒီတစ်ညမှာ တီဘိုကိုထွာ ကျမကို ပေးခဲ့တဲ့ချစ်ခြင်းက ဒီဘရိုင်း ကျမကို သုံးနှစ်အတွင်းမှာ ပေးခဲ့တဲ့ အချစ်ထက်တောင် သာပါတယ်။ ကိုထွာနဲ့ဆိုရင် ကျမက ပျော်စရာကောင်းတဲ့ အချိန်ကို ပိုင်ဆိုင်နိုင်သလို သူက အရသာရှိတဲ့ အစားအစာကိုလည်း ချက်ပြုတ်ပေးပါသေးတယ်။ ဒီဘရိုင်းက အဲ့လိုမျိုး တစ်ခါမှ မလုပ်ပေးခဲ့ပါဘူး။ ဒီဘရိုင်းကလည်း ကျမအပေါ် သစ္စာမရှိခဲ့ပါဘူး။ ဒါကြောင့် ကျမကိုယ် ကျမ ပြန်မေးခဲ့ပါတယ်။ ကျမလည်း သူ့လိုပဲ ဖောက်ပြန်လို့မရဘူးလားပေါ့။ အဲ့ဒီညပြီးတော့ ကိုထွာနဲ့ ကျမတို့ အဆက်အသွယ်မရှိကြတော့ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ဒီဘရိုင်းနဲ့ ကိုထွာတို့ရဲ့ ရင်းနီးမှုက အဲ့ဒီနေ့ကစလို့ ပျက်စီးပျောက်ကွယ်သွားခဲ့ပြီး တစ်ယောက်ကို တစ်ယောက် စကားမပြောကြတော့ပါဘူး။
မာရို အီကာဒီ
အသင်းဖော်ကစားသမားအပေါ် သစ္စာဖောက်တဲ့သူတွေထဲမှာ မာရို အီကာဒီကတော့ မပါမဖြစ်ကို ပါမှရပါမယ်။ ပရိသတ်တို့ထဲမှာ သူ့အကြောင်းကို သိပြီးသားသူလည်း ရှိကြမှာပါ။ ၂၀၁၆ တုန်းက အီကာဒီက လူတွေ လုံးဝမထင်ထားတဲ့ အရာတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့အသင်းဖော် သူငယ်ချင်း မက်စီလိုပတ်စ်ရဲ့ ချစ်သူကို ဖြားယောင်းသွေးဆောင်ပြီး ခိုးယူသွားတာပဲဖြစ်ပါတယ်။ ဒီကာဒီက အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ “ ကျနော် အမေရိကားကို ချစ်ကြည်ရေးပွဲတွေ သွားကန်တဲ့အချိန်တုန်းက ဝန်ဒါဆီက မက်ဆေ့ရောက်လာခဲ့ပါတယ်။ ကျနော်လည်း အံ့သြသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ပုံမှန်ဆိုရင် မက်စီလိုပတ်စ်နဲ့ စကားပြောဖြစ်တာလေ။ သူမနဲ့ ကျနော် မပြောဖြစ်ဘူး။ သူမက ကျနော့်ကို အမေရိကားကနေ အိုင်ပတ်ဝယ်ပေးလို့ရမလားဆိုပြီး မေးခဲ့တယ်။ အဲ့ချိန်မှာလည်း ကျနော်လည်း တွေဝေးသွားခဲ့ပြီး ဝန်ဒါက တကယ်ပဲ အိုင်ပတ်ရချင်တာလား။ ဒါမှမဟုတ် ကျနော်နဲ့ အဆက်အသွယ်လုပ်ချင်လို့များလားဆိုပြီး စဉ်းစားမရဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ကျနော် မီလန်ကို ပြန်ရောက်ရောက်ချင်းမှာ ဝန်ဒါနဲ့ တွေ့ဖို့ လုပ်ခဲ့ပါတယ်။ အဲ့ဒီအိုင်ပတ်ကိစ္စကနေစပြီးတော့ ကျနော်တို့တွေ မက်စေ့တွေ အပြန်အလန် ပို့ဖြစ်ခဲ့ကြတယ်။ တစ်နေ့မှာ ဝန်ဒါက ကျနော့်ကို မက်စေ့တစ်ခု ပို့ခဲ့ပါတယ်။ အဲ့ဒါကတော့ သူမနဲ့ မက်စီတို့က အေလီယမ်ကျွန်းကို သွားလည်ကြမှာဖြစ်လို့ လိုက်ခဲ့ပါလားဆိုတာပဲဖြစ်ပါတယ်။ ဒါနဲ့ ကျနော်လည်း လိုက်သွားခဲ့ပါတယ်။ ကျနော်က လှေ ဒုတိယထပ်ပေါ်မှာ နားနေတဲ့အချိန်မှာ ဝန်ဒါက ကျနော့်ဘေးနားမှာ မကြောက်မရွံပဲလာထိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ နောက်ကြတော့ အီကာဒီက သူ့လက်မောင်းမှာ မက်စီလိုပတ်စ်နဲ့ ဝန်ဒါတို့ရဲ့ ကလေးပုံတွေကိုပါ တက်တူးထိုးတဲ့အဆင့်အထိ ရောက်လာခဲ့ပါတယ်။ မက်စီလိုပတ်စ်နဲ့ အီကာဒီတို့နှစ်ယောက်လည်း အဲ့ဒီနေ့ကစလို့ ရန်သူတွေဖြစ်သွားခဲ့ပါတော့တယ်။
(Zawgyi)
ေဘာလုံးသမားေတြက တစ္ခါတစ္ေလေတာ့ နားလည္ရ ခက္တတ္ပါတယ္။ တခ်ိဳ႕ကစားသမားေတြက အရမ္းရင္းနီးတဲ့ သူငယ္ခ်င္းေတြျဖစ္လာတတ္ၾကေပမယ့္ တခ်ိဳ႕ေတြၾကေတာ့လည္း သူတို႔အသင္းေဖာ္ေတြကို သစၥာေဖာက္တတ္ၾကပါတယ္။ ခုေျပာျပေပးသြားမွာက ကြင္းတြင္းမွာ ဒါမွမဟုတ္ ကြင္းျပင္းမွာ အသင္းေဖာ္ေတြကို သစၥာေဖာက္ခဲ့တဲ့ ကစားသမားေတြပဲျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ကိုယ့္အသင္းေဖာ္ေတြရဲ႕ ေနာက္ေက်ာကို ဓားနဲ႔ ထိုးခဲ့တဲ့ ကစားသမားေတြပဲျဖစ္ပါတယ္။
ခရစ္စီယာႏို ေရာ္နယ္ဒို
၂၀၀၆ ဇူလိုင္ တစ္ရက္ေန႔မွာ ေပၚတူကီနဲ႔ အဂၤလန္အသင္းႏွစ္သင္းဟာ ကမာၻ႔ဖလား ကြာတားဖိုင္နယ္မွာ ေတြ႕ဆုံခဲ့ပါတယ္။ အဲ့ခ်ိန္တုန္းက ခရစ္စီယာႏိုေရာ္နယ္ဒိုက ဝိန္း႐ြန္းနီနဲ႔ ရင္းနီးမႈကို မ်က္ကြယ္ျပဳခဲ့တဲ့ လုပ္ရပ္တစ္ခု က်ဴးလြန္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဝိန္႐ြန္းနီနဲ႔ ေပၚတူကီေနာက္ခံလူ ကာဗယ္လိုတို႔ အခ်င္းမ်ားတဲ့အခ်ိန္မွာ ေရာ္နယ္ဒိုက ဒိုင္လူႀကီးဆီကို ျမန္ျမန္ေျပးသြားၿပီးေတာ့ သူ႔မန္ယူအသင္းေဖာ္ ႐ြန္းနီကို အနီကတ္ျပဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ လုပ္ရပ္ေအာင္ျမင္ခဲ့ၿပီး ႐ြန္းနီလည္း ပြဲကေန ထုတ္ခံလိုက္ရပါတယ္။ အဲ့ခ်ိန္မွာ ခရစ္စီယာႏို ေရာ္နယ္ဒိုက အဂၤလန္ျပည္သူေတြရဲ႕ ရန္သူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ြန္းနီက ႏွစ္အနည္းငယ္အၾကာမွာေတာ့ ေရာ္နယ္ဒိုကို ခြင့္လႊတ္ေပးေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ခုလိုပဲ ေျပာျပသြားခဲ့ပါတယ္။ “ေရာ္နယ္ဒို အဲ့ဒီေန႔က လုပ္ခဲ့တဲ့လုပ္ရပ္က သူအႏိုင္ရလိုစိတ္နဲ႔ လုပ္ခဲ့တာပါ။ က်ေနာ္လည္း သူ႔ေနရာမွာဆိုရင္ လုပ္မိမွာပဲ” လို႔ ေျဖရွင္းသြားခဲ့ပါတယ္။ အဲ့ျဖစ္ရပ္နဲ႔ ပတ္သတ္ၿပီး ဂယ္ရီနယ္ဗီးလ္ကေတာ့ “အခ်စ္နဲ႔ စစ္မွာ မတရားတာ မရွိသလို ေဘာလုံးကြင္းထဲမွာလည္း အဲ့လိုပါပဲ” လို႔ ေျပာသြားခဲ့ပါတယ္။
ကာရင္း ဘန္ဇီမာ
၂၀၁၅ ခုႏွစ္ ဇြန္လတုန္းက ျပင္သစ္မွာ ေက်ာ္မေကာင္း ၾကားမေကာင္းစရာအျဖစ္အပ်က္တစ္ခု ျဖစ္ပ်က္ခဲ့ပါတယ္။ ဗယ္ဘြဲနာက ျပင္သစ္အသင္းအတြက္ ကစားေပးေနတဲ့အခ်ိန္မွာ သူ႔ဆီကို အႀကိမ္ေပါင္းမ်ားစြာ ဖုန္းဝင္လာခဲ့ပါတယ္။ ဖုန္းထဲကလူေတြက ဗယ္ဘြဲနာရဲ႕ ခိုး႐ိုက္ဗီဒီယိုကို ပိုင္ဆိုင္ထားေၾကာင္းေျပာၿပီး ေဒၚလာ ၁၁၀၀၀၀ ေပးဖို႔ ေတာင္းဆိုလာခဲ့ပါတယ္။ မေပးခဲ့ရင္ သူတို႔ရဲ႕ ခိုး႐ိုက္ဗီဒီယိုကို အြန္လိုင္းေပၚ ျဖန႔္လိုက္မယ္လို႔ ခ်ိန္းေျခာက္ခဲ့ပါတယ္။ အဲ့ဒီမွာ အဓိက ျပသနာက ဘန္ဇီမာက ဗယ္ဘြဲနာကို ၿခိမ္းေျခာက္အၾကပ္ကိုင္တဲ့သူေတြကို သိေနခဲ့ၿပီးေတာ့ ဗယ္ဘြဲနာကိုလည္း သတိေပးဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဗယ္ဘြဲနာက အဲ့ဒါနဲ႔ ပတ္သတ္ၿပီးေတာ့ ခုလိုပဲ ေျပာခဲ့ပါတယ္။ “ဘန္ဇီမာက သူ အဲ့ဒီဗီဒီယိုကို ၾကည့္ၿပီးသြားၿပီလို႔ ေျပာတယ္။ ေတာ္ေတာ္ေလး အေျခအေနဆိုးတယ္တဲ့။ က်ေနာ့္ကို ေငြၿခိမ္းေျခာက္တဲ့သူေတြနဲ႔ သြားေတြ႕ဖို႔ေျပာတယ္။ က်ေနာ္ကလည္း ေၾကာက္ေနခဲ့တယ္။ ဘန္ဇီမာအေနနဲ႔ က်ေနာ့္ကို လိမ္ေျပာတာလည္းျဖစ္ႏိုင္တာပဲေလ။ ဒါမွလည္း က်ေနာ္က အေၾကာက္လြန္ၿပီးေတာ့ သူ႔သူငယ္ခ်င္းေတြေတာင္းတဲ့ ပိုက္ဆံကို သြားေပးမိမွာပါ” လို႔ ေျဖရွင္းခဲ့ပါတယ္။ အဲ့ဒီအရႈပ္သတင္းေတြအၿပီးမွာေတာ့ ဘန္ဇီမာက ျပင္သစ္ႏိုင္ငံ့လက္ေ႐ြးစင္အသင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
တီဘို ကိုထြာ
ဒီတစ္ေခါက္ေျပာျပမွာကေတာ့ ေဖာက္ျပန္မႈေၾကာင့္ ေဘာလုံးသမားႏွစ္ေယာက္ၾကားက သူငယ္ခ်င္းရင္းႏွီးမႈပ်က္စီးခဲ့ရတဲ့ အေၾကာင္းပဲျဖစ္ပါတယ္။ ၂၀၁၄ မွာ တီဘို ကိုထြာက ဒီဘ႐ိုင္းရဲ႕ ေနာက္ေက်ာကို ဓားနဲ႔ ထိုးခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဒီဘ႐ိုင္းနဲ႔ ေကာင္မေလးကို ျဖားေယာင္းေသြးေဆာင္ခဲ့တာပဲျဖစ္ပါတယ္။ ဒီဘ႐ိုင္းရဲ႕ ခ်စ္သူ ကာလို႐ိုင္းကေတာ့ ခုလိုပဲ ရွင္းျပေပးသြားခဲ့ပါတယ္။ “အဲ့ဒီတစ္ညမွာ တီဘိုကိုထြာ က်မကို ေပးခဲ့တဲ့ခ်စ္ျခင္းက ဒီဘ႐ိုင္း က်မကို သုံးႏွစ္အတြင္းမွာ ေပးခဲ့တဲ့ အခ်စ္ထက္ေတာင္ သာပါတယ္။ ကိုထြာနဲ႔ဆိုရင္ က်မက ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ကို ပိုင္ဆိုင္ႏိုင္သလို သူက အရသာရွိတဲ့ အစားအစာကိုလည္း ခ်က္ျပဳတ္ေပးပါေသးတယ္။ ဒီဘ႐ိုင္းက အဲ့လိုမ်ိဳး တစ္ခါမွ မလုပ္ေပးခဲ့ပါဘူး။ ဒီဘ႐ိုင္းကလည္း က်မအေပၚ သစၥာမရွိခဲ့ပါဘူး။ ဒါေၾကာင့္ က်မကိုယ္ က်မ ျပန္ေမးခဲ့ပါတယ္။ က်မလည္း သူ႔လိုပဲ ေဖာက္ျပန္လို႔မရဘူးလားေပါ့။ အဲ့ဒီညၿပီးေတာ့ ကိုထြာနဲ႔ က်မတို႔ အဆက္အသြယ္မရွိၾကေတာ့ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။ စိတ္မေကာင္းစြာနဲ႔ပဲ ဒီဘ႐ိုင္းနဲ႔ ကိုထြာတို႔ရဲ႕ ရင္းနီးမႈက အဲ့ဒီေန႔ကစလို႔ ပ်က္စီးေပ်ာက္ကြယ္သြားခဲ့ၿပီး တစ္ေယာက္ကို တစ္ေယာက္ စကားမေျပာၾကေတာ့ပါဘူး။
မာ႐ို အီကာဒီ
အသင္းေဖာ္ကစားသမားအေပၚ သစၥာေဖာက္တဲ့သူေတြထဲမွာ မာ႐ို အီကာဒီကေတာ့ မပါမျဖစ္ကို ပါမွရပါမယ္။ ပရိသတ္တို႔ထဲမွာ သူ႔အေၾကာင္းကို သိၿပီးသားသူလည္း ရွိၾကမွာပါ။ ၂၀၁၆ တုန္းက အီကာဒီက လူေတြ လုံးဝမထင္ထားတဲ့ အရာတစ္ခုကို က်ဴးလြန္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူ႔အသင္းေဖာ္ သူငယ္ခ်င္း မက္စီလိုပတ္စ္ရဲ႕ ခ်စ္သူကို ျဖားေယာင္းေသြးေဆာင္ၿပီး ခိုးယူသြားတာပဲျဖစ္ပါတယ္။ ဒီကာဒီက အဲ့ဒါနဲ႔ ပတ္သတ္ၿပီးေတာ့ “ က်ေနာ္ အေမရိကားကို ခ်စ္ၾကည္ေရးပြဲေတြ သြားကန္တဲ့အခ်ိန္တုန္းက ဝန္ဒါဆီက မက္ေဆ့ေရာက္လာခဲ့ပါတယ္။ က်ေနာ္လည္း အံ့ၾသသြားခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ပုံမွန္ဆိုရင္ မက္စီလိုပတ္စ္နဲ႔ စကားေျပာျဖစ္တာေလ။ သူမနဲ႔ က်ေနာ္ မေျပာျဖစ္ဘူး။ သူမက က်ေနာ့္ကို အေမရိကားကေန အိုင္ပတ္ဝယ္ေပးလို႔ရမလားဆိုၿပီး ေမးခဲ့တယ္။ အဲ့ခ်ိန္မွာလည္း က်ေနာ္လည္း ေတြေဝးသြားခဲ့ၿပီး ဝန္ဒါက တကယ္ပဲ အိုင္ပတ္ရခ်င္တာလား။ ဒါမွမဟုတ္ က်ေနာ္နဲ႔ အဆက္အသြယ္လုပ္ခ်င္လို႔မ်ားလားဆိုၿပီး စဥ္းစားမရျဖစ္ခဲ့ပါတယ္။ ဒါနဲ႔ က်ေနာ္ မီလန္ကို ျပန္ေရာက္ေရာက္ခ်င္းမွာ ဝန္ဒါနဲ႔ ေတြ႕ဖို႔ လုပ္ခဲ့ပါတယ္။ အဲ့ဒီအိုင္ပတ္ကိစၥကေနစၿပီးေတာ့ က်ေနာ္တို႔ေတြ မက္ေစ့ေတြ အျပန္အလန္ ပို႔ျဖစ္ခဲ့ၾကတယ္။ တစ္ေန႔မွာ ဝန္ဒါက က်ေနာ့္ကို မက္ေစ့တစ္ခု ပို႔ခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူမနဲ႔ မက္စီတို႔က ေအလီယမ္ကြၽန္းကို သြားလည္ၾကမွာျဖစ္လို႔ လိုက္ခဲ့ပါလားဆိုတာပဲျဖစ္ပါတယ္။ ဒါနဲ႔ က်ေနာ္လည္း လိုက္သြားခဲ့ပါတယ္။ က်ေနာ္က ေလွ ဒုတိယထပ္ေပၚမွာ နားေနတဲ့အခ်ိန္မွာ ဝန္ဒါက က်ေနာ့္ေဘးနားမွာ မေၾကာက္မ႐ြံပဲလာထိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ေနာက္ၾကေတာ့ အီကာဒီက သူ႔လက္ေမာင္းမွာ မက္စီလိုပတ္စ္နဲ႔ ဝန္ဒါတို႔ရဲ႕ ကေလးပုံေတြကိုပါ တက္တူးထိုးတဲ့အဆင့္အထိ ေရာက္လာခဲ့ပါတယ္။ မက္စီလိုပတ္စ္နဲ႔ အီကာဒီတို႔ႏွစ္ေယာက္လည္း အဲ့ဒီေန႔ကစလို႔ ရန္သူေတြျဖစ္သြားခဲ့ပါေတာ့တယ္။