မယုံနိုင်စရာ မြေခွေးတစ်ကောင်ရဲ့ သစ္စာရှိမှု (ဖြစ်ရပ်မှန် ဇာတ်လမ်း)

မင်္ဂလာပါ။ သင်္ကေတရဲ့ Shwe Nyan Shin Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။  ထည့်သွင်းဖော်ပြထားသော ပုံများက တကယ့်အဖြစ်အပျက်က ပုံများကို ဖော်ပြဖို့ မဖြစ်နိုင်တာကြောင့် အနီးစပ်ဆုံး ပုံများကို ဖော်ပြပေးထားပါသည်။  (ယခုရေးသားဖော်ပြထားသော အကြောင်းအရာသည် ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန် ရေးသားထားခြင်း ဖြစ်ပါသည်)

ဒီကနေ့မှာတော့ ရုရှားက တောအုပ်အနီးက ရွာလေးတစ်ရွာမှာဖြစ်ပျက်ခဲ့တဲ့ မြေခွေးတစ်ကောင်ရဲ့ သစ္စာသိတတ်မှုအဖြစ်အပျက်ကို ပြောပြေပေးသွားပါမယ်။ အဲ့ဒီတောထဲမှာ အိမ်လေးတစ်လုံးရှိပြီး အဲ့ဒီအိမ်မှာ ဗန်လန်တီးနား နဲ့ သူ့သားတစ်ယောက် နေထိုင်ပါတယ်။ သူတို့ဆီမှာ ခွေးမည်းလေးတစ်ကောင်လည်းရှိပါတယ်။ ဗန်လန်တီးနားရဲ့ အမျိုးသားကတော့ အိမ်မီးလောင်တဲ့ထဲမှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

ဖြစ်ပုံက သူ့အမျိုးသားနဲ့ သူ့သားက အိမ်ထဲမှာ အိပ်နေတဲ့အချိန် မီးလောင်ခဲ့ပါတယ်။ အဲ့ချိန်မှာတော့ ဗန်လန်တီးနားက မြို့ထဲသွားပြီး ဈေးသွားဝယ်နေတာပဲဖြစ်ပါတယ်။ သူ့သားအသက်ကို ကယ်တဲ့သူကတော့ သူတို့ရဲ့ ခွေးပဲဖြစ်ပြီး ခွေးက ကောင်လေးကို မီးလုံးတွေကြားထဲကနေ ဆွဲထုတ်လာခဲ့ပါတယ်။ ကောင်လေးကလည်း မီးခိုးငွေ့တွေရှူမိထားလို့ သတိမေ့မျောနေပြီး ခွေးကလည်း အသက်မသေရုံတမယ် ရှိနေခဲ့ပါတယ်။

အဲ့လိုအဖြစ်အပျက်ကြုံခဲ့ရပြီးတဲ့နောက်မှာတော့ ဗန်လန်တီးနားက အဲ့ရွာလေးကနေ ထွက်ခွာသွားပြီးတော့ အခြားတစ်နေရာမှာ တောအုပ်စောင့်ရှောင်ရေးတာဝန်ရှိသူအဖြစ် လုပ်ကိုင်ဖို့ လျှောက်ခဲ့ပါတယ်။ မြေခွေးတွေရှိတဲ့ နက်နဲလွန်းတဲ့ တောအုပ်ထဲမှာ အမျိုးသမီးတစ်ဉ်ီးနဲ့ သားတစ်ယောက်ကို ခန့်ထားဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် အစမှာတော့ အလုပ်လျှောက်တာကို ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ဗန်လန်တီနားက အတင်းအကြပ်တိုက်တွန်းရာမှာတော့ နောက်ဆုံးမှာ အဲ့ဒီအလုပ်ကို လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။

ဒါနဲ့ ဗန်လန်တီးနားတို့ သားအမိနဲ့ သူ့တို့ခွေးလေးက အဲ့ဒီတောအုပ်ထဲမှာ နေဖို့ ရောက်လာခဲ့ကြပါတယ်။ အစမှာတော့ တောအုပ်တာဝန်ရှိသူတွေက သူတို့မိသားစုကို ရန်ဖန်ရန်ခါ လာရောက်စစ်ဆေးဖို့ လူတွေ လွတ်ခဲ့ပေမယ့် သူတို့မိသားစုက အဆင်ပြေနေတာကြောင့် နောက်ပိုင်းမှာ လာမစစ်တော့ပဲ ဒီတိုင်းထားခဲ့ပါတယ်။ ပထမဆုံး သူတို့ ကြုံတွေ့ခဲ့တဲ့ ဆောင်းရာသီမှာ သူတို့ရဲ့ ခွေးက အချိန်တော်တော်ကြာအောင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဗန်လန်တီးနားကလည်း ဘာလုပ်ရမှန်းမသိတာနဲ့ ခွေး ပြန်လာမယ့်အချိန်ကိုပဲ စောင့်စားနေခဲ့ပါတယ်။

ဒါနဲ့ တစ်နေ့မှာတော့ ခွေးက ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူတစ်ကောင်တည်းမဟုတ်ပဲ မြေခွေးမတစ်ကောင်လည်း ပါလာခဲ့ပါတယ်။ ဒါနဲ့ ဗန်လန်တီးနားကလည်း သူ့ခွေး ဘာလို့ပျောက်သွားလဲဆိုတာကို သိလိုက်ရပါတယ်။ ဒါနဲ့ သူမက မြေခွေးအတွက် နေစရာ အိမ်ငယ်လေးကို ဆောက်ပေးခဲ့ပါတယ်။ အစမှာတော့ မြေခွေးမက သူ့အနားကို ဗန်လန်တီးနားရောက်လာတိုင်း သူ့အိမ်လေးထဲ ဝင်ပုန်းပြီးတော့ သွားကြိတ်ကာ မာန်ဖီလေ့ရှိပါတယ်။

တစ်နေ့မှာတော့ ခွေးလေးက တံခါးကို ကုတ်ချစ်ပြီး အူနေတာကို ကြားတဲ့အချိန်မှာ ဗန်လန်တီးနားက ဘာများဖြစ်သလဲဆိုပြီး မြေခွေးအိမ်နားသွားကြည့်ခဲ့ပါတယ်။ အဲ့ချိန်မှာ မြေခွေးက အသက်မနည်းရှူနေရပြီး သေမတတ်ဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ သူမက မြေခွေးကို ပွတ်သတ်ပေးခဲ့တဲ့အချိန်မှာ မြေခွေးက အရမ်းအားနည်းနေတာကြောင့် ညည်းနေရုံမှာတစ်ပါး ဘာမှ ရန်မူခဲ့ခြင်းမရှိခဲ့ပါဘူး။ ဗန်လန်တီးနားကလည်း ဘာလုပ်ပေးရမှန်း မသိခဲ့ပါဘူး။ ဒါနဲ့ သူမမှာ အရေးပေါ် ကုသရေးပစ္စည်းတွေရှိနေတာကြောင့် မြေခွေးမကို ဆေးထိုးပေးခဲ့ပါတယ်။ အဲ့ဒါနဲ့ နေကောင်းပြီး မကြာခင်မှာတော့ မြေခွေးမက မြေခွေးလေးတွေကို မွေးဖွားခဲ့ပါတယ်။

မြေခွေးလေးတွေရဲ့ အမွေးအရောင်ကတော့ သူ့အဖေ ခွေးနဲ့ သွားတူနေပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာက ဝက်ဝံရန်ကြောင့် ခွေးလေးလည်း သေဆုံးသွားခဲ့ပါတယ်။ မြေခွေးမကတော့ ဗန်လန်တီနာကို ပစ်မသွားပဲ သူမနဲ့ တူတူနေပေးခဲ့ပါတယ်။
တစ်နေ့မှာတော့ တောအုပ်တာဝန်ရှိသူတစ်ယောက်က မြင်းစီးပြီး ဖြတ်သွားချိန်မှာ မြေခွေးမက သူ့ဆီကို အပြေးလာခဲ့ပါတယ်။ အဲ့ချိန်မှာ သေနတ်ထုတ်ပြီး ပစ်ဖို့ ချိန်ရွယ်ခဲ့ပေမယ့် ဗန်လန်တီနာရဲ့ မြေခွေးဖြစ်မှန်း အမှတ်ရသွားတာနဲ့ သေနတ်ကို ပြန်ရှုပ်သိမ်းခဲ့ပါတယ်။

မြေခွေးက မြင်းရဲ့ ခြေထောက်နားမှာ ညည်းငြူနေတာကို တွေ့ခဲ့ရတဲ့အချိန်မှာ အဲ့ဒီလူက တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒါနဲ့ ဗန်လန်တီးနားအိမ်ကို မြင်းနဲ့ အမြန်သွားရောက်ကြည့်ခဲ့တဲ့အချိန်မှာ သူမက ကြမ်းပြင်ပေါ်မှာ လဲနေပြီး ခန္ဓာကိုယ်ကလည်း အေးဆက်လို့နေကာ အသက်လည်းမရှိတော့ပါဘူး။ အဲ့ဒီနေ့ညမှာ မြေခွေးတွေက အူနေတာကြောင့် တစ်ရွာလုံးလည်း အိပ်လို့ မရခဲ့ကြပါဘူး။


မြေခွေးမလေးနဲ့ သူ့ကလေးတွေကတော့ တောထဲကို ပြန်သွားခဲ့ကြပါတယ်။ နောက်သုံးနှစ်အကြာမှာ အဲ့ဒီမြေခွေးမလည်း သေဆုံးသွားပြီး သူမကိုလည်း ရွာက လူတွေက ကောင်းကောင်းမြေမြုပ်ပေးခဲ့ကြပါတယ်။ မြေခွေးကလေးတွေကလည်း အရွယ်ရောက်လာကြပြီး သူတို့လည်း မိသားစုကိုယ်စီနဲ့ ကလေးတွေ ထပ်မွေးခဲ့ကြပါတယ်။ အံ့သြစရာကောင်းတာတစ်ခုက အမဲရောင် အရောင်ရှိတဲ့ မြေခွေးတွေက အဲ့နားအနီးတစ်ဝိုက်က လူတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ဘယ်တော့မှ ရန်မရှာခဲ့ကြပါဘူး။

နောက်ပြိး အမဲရောင်မြေခွေးတွေက ခွေးနဲ့ မြေခွေးမလေးက မွေးထားတာဖြစ်လို့ အမဲလိုက်သမားတွေကလည်း သူတို့ကို လုံး၀ အမဲမလိုက်ကြပါဘူး။ ဒါကတော့ အသားအရောင်က မဲပေမယ့် စိတ်နှလုံးဖြူတဲ့ မြေခွေးလေးရဲ့ သစ္စာရှိမှုနဲ့ ချစ်မေတ္တာအကြောင်းပဲဖြစ်ပါတယ်။

  နဲ့